ယေဇကျေလ 17:19 - Common Language Bible19 အရှင်ထာဝရဘုရားက``ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်၏။ သူသည်ငါကျိန် ဆိုသည့်သစ္စာကိုမလေးစားဘဲ ပဋိညာဉ် စာချုပ်ကိုချိုးဖောက်သည့်အတွက်သူ့ခေါင်း ပေါ်သို့ငါဒဏ်ခတ်မည်။- အခန်းကိုကြည့်ပါ။Garrad Bible19 သို့ ဖြစ်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ ဖောက် ကျော် သော ငါ့ သ စ္စာ တော်၊ ဖျက် သော ငါ့ ပ ဋိ ညာဉ် တော် အ တွက် ငါ ဆပ် ပေး လျက်၊ အခန်းကိုကြည့်ပါ။Judson Bible19 ထိုကြောင့်၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် ငါ၏သစ္စာကိုမရိုမသေပြု၍ ငါ၏ပဋိညာဉ်ကို ဖျက်သောအပြစ်ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ငါနှင့်ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြု၍ ငါနှင့်ဖွဲ့သောပဋိညာဉ်ကိုချိုးဖောက်သောအပြစ်အတွက် အမှန်ပင် သူ့ခေါင်းပေါ်သို့ရောက်စေမည်။ အခန်းကိုကြည့်ပါ။ |
ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
ငယ်စဉ်အခါကသင့်အကြောင်းကို သင်သည် မေ့ပျောက်ကာဆိုးညစ်မှုအပေါင်းကိုပြု၍ ငါ ၏အမျက်ကိုနှိုးဆော်ခဲ့၏။ သို့ဖြစ်၍ထိုအမှု အရာများအတွက် ငါသည်သင့်ကိုဒဏ်ပေး ရ၏။ သင်သည်အကျင့်ပျက်ပြားမှုအပြင် အခြားစက်ဆုပ်ဖွယ်ကောင်းသည့်အမှုများ ကို အဘယ်ကြောင့်ထပ်လောင်း၍ပြုသနည်း'' ဟူ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။