``နှစ်စဉ်သင်တို့၏လယ်များမှ အစဦးဆုံးရိတ် သိမ်းရသောသီးနှံများကို သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လှူဒါန်း ရမည်။ ``သိုးငယ်သို့မဟုတ်ဆိတ်ငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။
ယေဇကျေလ 48:13 - Common Language Bible လေဝိအနွယ်ဝင်တို့သည်လည်းယဇ်ပုရောဟိတ်တို့၏မြေတောင်ဘက်တွင်အထူးမြေယာကိုရရှိကြလိမ့်မည်။ သူတို့၏မြေသည်လည်းအလျားရှစ်မိုင်၊ အနံသုံးမိုင်ရှိရမည်။- Garrad Bible လေ ဝိ ဂိုဏ်း သား တို့ လည်း။ ပ ရော ဟိတ် တို့ မြေ စပ် တ ရှောက်၊ အ လျား အ တောင် နှစ် သောင်း ငါး ထောင်။ အ နံ တ သောင်း ကျယ် မြေ ကွက် ကို ရ ကြ စေ။ နှစ် ကွက် ပေါင်း ကား။ အ လျား အ တောင် နှစ် သောင်း ငါး ထောင်။ အ နံ နှစ် သောင်း တည်း။ Judson Bible ယဇ်ပုရောဟိတ် မြေအနားမှာလေဝိလူနေရာ မြေကွက်သည် အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်တို့၏မြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိသောမြေသည် လေဝိအမျိုးတို့အဖို့ ဖြစ်ရမည်။ ထိုမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိရမည်။ |
``နှစ်စဉ်သင်တို့၏လယ်များမှ အစဦးဆုံးရိတ် သိမ်းရသောသီးနှံများကို သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လှူဒါန်း ရမည်။ ``သိုးငယ်သို့မဟုတ်ဆိတ်ငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။
ကျန်မြေကွက်တစ်ဝက်တွင်ဗိမာန်တော် ဝေယျာဝစ္စကိုဆောင်ရွက်ရသူလေဝိအနွယ် ဝင်တို့အတွက်မြို့များတည်ဆောက်ရန်ဖြစ် ရမည်။
သို့ဖြစ်၍သူတို့သည်လေဝိအနွယ်ဝင်တို့နှင့်ကပ်လျက်ရှိသောသီးသန့်နယ်မြေကိုရရှိကြလိမ့်မည်။ ထိုနယ်မြေသည်အသန့်ရှင်းအမြင့်မြတ်ဆုံးဖြစ်လိမ့်မည်။-
ထာဝရဘုရားအားဆက်ကပ်ထားသည့်နယ်မြေသည်အကောင်းဆုံးဖြစ်၍ထိုမြေ၏တစ်စိတ်တစ်ဒေသကိုမျှရောင်းချခြင်း၊ သို့မဟုတ်လဲလှယ်ခြင်း၊ အခြားသူတစ်စုံတစ်ယောက်၏နာမည်သို့ပြောင်းပေးခြင်းတို့ကိုမပြုရ။ ထိုမြေသည်သန့်ရှင်းမြင့်မြတ်၍ထာဝရဘုရားပိုင်တော်မူသောမြေဖြစ်သတည်း။
သို့ရာတွင်လေဝိမြို့ပတ်ဝန်းကျင်ရှိစား ကျက်ကိုမူ မည်သည့်အခါမျှမရောင်းရ။ ထို စားကျက်ကိုလေဝိအနွယ်ဝင်တို့အစဉ် အမြဲပိုင်၏။
သင်တို့သည်ထိုအိမ်မှာနေ၍အိမ်ရှင်ကျွေးမွေး သည်တို့ကိုစားသောက်ကြလော့။ အဘယ်ကြောင့် ဆိုသော်အလုပ်သမားသည်အခကိုခံစား ထိုက်သောကြောင့်ဖြစ်၏။ အိမ်တစ်အိမ်မှအခြား တစ်အိမ်သို့မပြောင်းမရွှေ့ကြနှင့်။-
သင်တို့သည်ပြည်တော်တွင်အသက်ရှင်နေ ထိုင်သမျှကာလပတ်လုံး လေဝိအမျိုး သားတို့ကိုမမေ့ရန်သတိချပ်လော့။''