သို့ဖြစ်၍သူတို့သည်လေဝိအနွယ်ဝင်တို့နှင့်ကပ်လျက်ရှိသောသီးသန့်နယ်မြေကိုရရှိကြလိမ့်မည်။ ထိုနယ်မြေသည်အသန့်ရှင်းအမြင့်မြတ်ဆုံးဖြစ်လိမ့်မည်။-
လေ ဝိ ဂိုဏ်း သား တို့ မြေ စပ် တ ရှောက်၊ အ ထူး သီး သန့် ရာ ဝ တ္ထု ကံ မြေ အ ဖြစ် ပေး ကြ လော့။
လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သောမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ အလွန်သန့်ရှင်းသောမြေ ဖြစ်ရမည်။
အထူးသန့်ရှင်းသောအလှူမြေထဲမှ လေဝိနယ်နိမိတ်နှင့်ကပ်လျက်ရှိသောမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ သီးသန့်ဝေစုဖြစ်ရမည်။
ဗိမာန်တော်တွင်ထာဝရဘုရား၏ထံတော် သို့ချဉ်းကပ်၍ အမှုတော်ကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်သီးသန့်ထားရာ သန့်ရှင်းမြင့်မြတ်သည့်ဌာနပါရှိ၍ သူတို့ နေထိုင်ရန်အိမ်များရှိရာအပိုင်းနှင့်ဗိမာန် တော်တည်ရှိရာအပိုင်းပါရှိလိမ့်မည်။-
ဤသန့်ရှင်းမြင့်မြတ်သည့်နယ်မြေသည်ဇာဒုတ်၏သားမြေးများဖြစ်ကြသောယဇ်ပုရောဟိတ်တို့အတွက်ဖြစ်ရမည်။ သူတို့သည်ငါ၏အမှုတော်ကိုသစ္စာရှိစွာထမ်းဆောင်ခဲ့ကြ၏။ အခြားဣသရေလအမျိုးသားတို့မှောက်မှားလမ်းလွဲကြသောအခါ သူတို့သည်လေဝိအနွယ်ဝင်တို့ကဲ့သို့လမ်းမလွဲကြ။-
လေဝိအနွယ်ဝင်တို့သည်လည်းယဇ်ပုရောဟိတ်တို့၏မြေတောင်ဘက်တွင်အထူးမြေယာကိုရရှိကြလိမ့်မည်။ သူတို့၏မြေသည်လည်းအလျားရှစ်မိုင်၊ အနံသုံးမိုင်ရှိရမည်။-
ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ် ကျရောက်သည့်အခါထိုမြေယာသည်ထာဝရ ဘုရားအားပူဇော်ဆက်သထားသောမြေ ဖြစ်၍ထာဝရဘုရားအမြဲပိုင်တော်မူ၏။ သို့ ဖြစ်၍ထိုမြေသည်ယဇ်ပုရောဟိတ်များနှင့် ဆိုင်သည်။