Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 27:21 - Common Language Bible

21 ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ် ကျ​ရောက်​သည့်​အ​ခါ​ထို​မြေ​ယာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ဆက်​သ​ထား​သော​မြေ ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​အ​မြဲ​ပိုင်​တော်​မူ​၏။ သို့ ဖြစ်​၍​ထို​မြေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ဆိုင်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ထို လယ် ယာ သည် မင်္ဂ လာ နှစ် လက် လွတ် သော် သဃ်ိ က လယ် ယာ သ ဖွယ် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သ ဖြင့် ပ ရော ဟိတ် ပိုင် ရာ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ယု​ဘိ​လ​နှစ်​တွင် ထို​လယ်​သည်​အ​မှု​လွတ်​သော​အ​ခါ၊ ကျိန်​ဆို​သော​လယ်​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အား​သန့်​ရှင်း၍ ယဇ်​ပု​ရော​ဟိတ်၏​ဥ​စ္စာ ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 မင်္ဂလာရတု​နှစ်​ရောက်​၍ ထို​လယ်ယာ​သည် ဝယ်​သူ​လက်​မှ​လွတ်​သောအခါ ဆက်ကပ်​ထား​သော​လယ်ယာ​ဖြစ်​သည်​နှင့်အညီ ထာဝရဘုရား​အဖို့ သန့်ရှင်း​၏​။ ထို့ကြောင့် ယဇ်ပုရောဟိတ်​၏​ပိုင်ဆိုင်​ရာ​ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 27:21
11 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော်​သကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် တို့​ကို​စား​သုံး​ကြ​ရ​မည်။ ထို​မှ​တစ်​ပါး​လည်း သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင် ငါ​၏​အ​တွက် သီး​သန့်​ထား​သ​မျှ​သော​အ​ရာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။-


ဤ​နည်း​အား​ဖြင့်​ငါး​ဆယ်​မြောက်​နှစ်​ကို သီး​သန့်​သတ်​မှတ်​လျက် တိုင်း​ပြည်​တွင်​နေ ထိုင်​သူ​အ​ပေါင်း​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ကို​ကြေ​ညာ​ရ​မည်။ အ​ရောင်း​အ​ဝယ်​ပြု လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ​ကို ဤ​နှစ်​၌​မူ​လ ပိုင်​ရှင်​သို့​မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ် များ​ထံ​ပြန်​လည်​ပေး​အပ်​ရ​မည်။ ငွေ​ဝယ် ကျွန်​များ​ကို​သူ​တို့​၏​မိ​သား​စု​များ​ထံ သို့​ပြန်​စေ​ရ​မည်။-


အ​ကယ်​၍​သူ​သည်​မြေ​ကို​ပြန်​ဝယ်​ယူ​ရန် ငွေ​မ​ရှိ​လျှင် ထို​မြေ​သည်​ရှေ့​လာ​မည့်​ပြန် လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ​ဝယ်​သူ ၏​လက်​ဝယ်​ရှိ​စေ​ရ​မည်။ ထို​နှစ်​၌​ယင်း​မြေ ကို​မူ​လ​ပိုင်​ရှင်​အား​ပြန်​ပေး​ရ​မည်။


မြို့​ရိုး​မ​ရှိ​သော​ကျေး​ရွာ​များ​၌​ရှိ​သည့် အိမ်​များ​ကို​ရောင်း​ဝယ်​ရာ​တွင်​လယ်​ယာ များ​ကို​ရောင်း​ဝယ်​သည့်​နည်း​အ​တိုင်း​လိုက် နာ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် ပေး​ရ​မည်။-


သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မြေ​ယာ ကို​ပြန်​၍ ဦး​စွာ​မ​ဝယ်​ယူ​ဘဲ​လူ​တစ်​ဦး​ထံ ရောင်း​ချ​ခဲ့​လျှင်​သူ​သည်​မြေ​ယာ​ကို​ပြန်​ဝယ် ယူ​ခွင့်​မ​ရှိ​စေ​ရ။-


တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​ယူ​ထား သော​လယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ဆက်​သ​လျှင်၊-


``ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ငါ့​အား အ​ပြီး အ​ပိုင်​ဆက်​ကပ်​ထား​သ​မျှ​တို့​သည်​သင် တို့​နှင့်​ဆိုင်​၏။


ဖျက်​ဆီး​ပစ်​ရ​မည့်​အ​ရာ​တစ်​စုံ​တစ်​ခု​ကို မျှ သင်​တို့​အ​တွက်​သိမ်း​ဆည်း​မ​ထား​ရ။ ထို အ​တိုင်း​ဆောင်​ရွက်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ပြေ​လျက် သင်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​လိမ့်​မည်။ ငါ​ယ​နေ့​သင်​တို့ အား​မှာ​ကြား​သည့်​ပညတ်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​လျက် ကိုယ်​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​တို့​၏​ဘိုး​ဘေး တို့​အား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ကိုယ် တော်​သည်​သင်​တို့​ကို​သ​နား​ကြင်​နာ​၍ သင်​တို့​၏​လူ​မျိုး​ကို​တိုး​ပွား​များ​ပြား စေ​တော်​မူ​လိမ့်​မည်။''


မြို့​နှင့်​တ​ကွ​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ပူ​ဇော် သ​ကာ​အ​ဖြစ်​လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။ ပြည့် တန်​ဆာ​မ​ရာ​ခပ်​သည်​ငါ​တို့​၏​သူ​လျှို​များ ကို​ဝှက်​ထား​ခဲ့​သော​ကြောင့် သူ​နှင့်​သူ​၏​အိမ် သူ​အိမ်​သား​တို့​ကို​သာ​လျှင်​အ​သက်​ချမ်း သာ​ပေး​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ