သူတို့သည်ငါ၏ဗိမာန်တော်တွင်သန့်ရှင်း မြင့်မြတ်သည့်ဝတ်တို့ကိုတာဝန်ယူ၍ ဆောင်ရွက်မည့်အစားလူမျိုးခြားတို့ အားဆောင်ရွက်စေကြ၏။
ငါ့ သီး သန့် ရာ များ ကို၊ ကိုယ် တိုင် မ စောင့် ရှောက် ဘဲ၊ ငါ့ သန့် ရှင်း ရာ ဌာ န၌ အ စောင့် အ ရှောက် များ ကို ထား လေ ပြီ။
ငါ၏သန့်ရှင်းရာဌာနကို မစောင့်။ ထိုဌာန၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ။
သင်တို့သည် ငါ၏သန့်ရှင်းသောအမှုတော်ကို မထမ်းဆောင်။ ငါ၏သန့်ရှင်းရာဌာနအမှုကို ထမ်းရမည့်အစား အခြားသူတို့ကို ထမ်းစေကြ၏’ဟု မိန့်တော်မူ၏။
သူတို့သည်ထာဝရဘုရားကိန်းဝပ်တော်မူ ရာတဲတော်နှင့် ဗိမာန်တော်ကိုကြည့်ရှုစောင့် ရှောက်ကြရန်လည်းကောင်း၊ မိမိတို့၏ဆွေမျိုး များဖြစ်သောအာရုန်၏သားမြေးယဇ်ပုရော ဟိတ်တို့အား ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှု၌ကူညီကြရန်လည်းကောင်းတာဝန်ယူရ ကြ၏။
ဗိမာန်တော်တွင်အစေခံများသာလုပ်ဆောင် အပ်သောအမှုခပ်သိမ်းကိုဆောင်ရွက်ရန်သူ တို့အားငါခန့်ထားမည်'' ဟုမိန့်တော်မူ၏။
သူတို့သာလျှင်ငါ၏ဗိမာန်တော်သို့ဝင် ပြီးလျှင်ငါ၏ယဇ်ပလ္လင်တွင်အမှုတော် ဆောင်၍ ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှုကိုဦးဆောင်ရမည်။-
သို့ရာတွင်သင်နှင့်သင်၏သားများကသာ ယဇ်ပလ္လင်နှင့်အလွန်သန့်ရှင်းသောဌာနတော် နှင့်ဆိုင်သော ယဇ်ပုရောဟိတ်ဝတ်ရှိသမျှ ကိုဆောင်ရွက်ရမည်။ မဆိုင်သူတစ်စုံတစ် ယောက်သည်ချဉ်းကပ်မိလျှင် ထိုသူအားသေ ဒဏ်စီရင်ရမည်။ ငါသည်သင်တို့အားယဇ် ပုရောဟိတ်ရာထူးချီးမြှင့်ထားသည်ဖြစ် ရာ သင်တို့သည်ဤတာဝန်များကိုထမ်း ဆောင်ရမည်'' ဟုမိန့်တော်မူ၏။
အသက်ငါးဆယ်အရွယ်လွန်သူသည်တဲ တော်နှင့်ဆိုင်သောအလုပ်တွင် ဆွေမျိုးသား ချင်းတို့အားကူညီနိုင်သော်လည်း မိမိကိုယ် တိုင်တာဝန်ယူ၍မဆောင်ရွက်ရ။ သင်သည် ဤစည်းကမ်းချက်များနှင့်အညီ လေဝိ အနွယ်ဝင်တို့အားတာဝန်ပေးရမည်'' ဟု မိန့်တော်မူ၏။
ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ် တော်မူသည့်ပညတ်တော်ကိုရရှိသော်လည်း ထိုပညတ်တော်ကိုမလိုက်နာကြပါတကား'' ဟုသတေဖန်မြွက်ဆို၏။
အရာခပ်သိမ်းတို့ကိုအသက်ရှင်စေတော် မူသောဘုရားသခင်၏ရှေ့တော်မှောက်၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ရှေ့တွင်မိမိ ၏ယုံကြည်ချက်ကိုခိုင်မာစွာဖော်ပြတော် မူသော ခရစ်တော်ယေရှု၏ရှေ့တော်မှောက် ၌လည်းကောင်း သင့်အားဤအလုပ်တာဝန် ကိုဆောင်ရွက်ရန်ငါပညတ်၏။-
ဘုရားသခင်၏ရှေ့တော်မှောက်၌လည်းကောင်း သေသူရှင်သူတို့ကိုတရားစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်မှောက်၌လည်း ကောင်း ကိုယ်တော်သည်အုပ်စိုးရန်ဘုရင်အဖြစ် ကြွလာမည်ဖြစ်၍သင့်အားငါသစ္စာပေး၏။-