ထိုလူသည်ဝဲယာရှိစင်္ကြံများအပါအဝင် ဗိမာန်တော်၏အနောက်ဘက်ကိုတိုင်းတာ ကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကို တွေ့ရ၏။ ဗိမာန်တော်မုခ်ဦးခန်း၊ ခန်းမဆောင်ကြီးနှင့် အလွန်သန့်ရှင်းရာဌာနတော်တို့၏နံရံ များကို၊-
ယေဇကျေလ 42:5 - Common Language Bible အမြင့်ပိုင်းတွင်ရှိသည့်အခန်းများသည် အလယ်ပိုင်းနှင့်အနိမ့်ပိုင်းတွင်ရှိသည့် အခန်းများထက်ပို၍ကျဉ်း၏။ အဘယ် ကြောင့်ဆိုသော်ထိုအခန်းတို့ကိုနောက်သို့ ဆုတ်၍ဆောက်လုပ်ထားသောကြောင့်ဖြစ်၏။- Garrad Bible အ ဆင့် သုံး ထပ် ရှိ သော ထို တိုက်၌၊ တံ တိုင်း များ ကဲ့ သို့၊ တိုင် များ မ ရှိ သည့် အ တွက်၊ စင်္ကြံ များ ကြောင့် ဆုတ် ရ သော အ ထက် ခန်း များ သည်၊ အောက် ခန်း၊ အ လယ် ခန်း များ ထက် ကျဉ်း လျက် ရှိ၏။ Judson Bible အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အပေါ်ဆုံးထပ်၏အခန်းများမှာ ကျဉ်း၏။ အကြောင်းမှာ အဆောင်အပေါ်ဆုံးထပ်၏လျှောက်လမ်းသည် အောက်ဆုံးထပ်နှင့် အလယ်ထပ်တို့ထက် နေရာယူထားသောကြောင့်ဖြစ်၏။ |
ထိုလူသည်ဝဲယာရှိစင်္ကြံများအပါအဝင် ဗိမာန်တော်၏အနောက်ဘက်ကိုတိုင်းတာ ကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကို တွေ့ရ၏။ ဗိမာန်တော်မုခ်ဦးခန်း၊ ခန်းမဆောင်ကြီးနှင့် အလွန်သန့်ရှင်းရာဌာနတော်တို့၏နံရံ များကို၊-
သို့ဖြစ်၍အောက်ထပ်မှအလယ်ထပ်သို့ လည်းကောင်း၊ အလယ်ထပ်မှအထက်ထပ် သို့လည်းကောင်းသွားလာနိုင်ကြ၏။ ဗိမာန် တော်နံရံပတ်လည်မှအခန်းများ၏ရှေ့ တွင်လှေကားကျယ်နှစ်ခုရှိ၏။ ထိုအခန်း ရှိနေခြင်းကြောင့်ဗိမာန်တော်နံရံများ ၏ထုထည်ကိုအောက်ဆုံးမှအထက်ဆုံး အထိတစ်ညီတည်းဟုထင်မှတ်ရ၏။-
ယင်းသည်တစ်ဖက်ဗိမာန်တော်နှင့်ယှဉ်၍သုံး ဆယ့်လေးပေကျယ်သောမြေကွက်လပ်ကို လည်းကောင်း၊ တံတိုင်းအပြင်ဝင်း၏နောက် ဘက်မှကျောက်သမံတလင်းခင်းလမ်းကို လည်းကောင်းမျက်နှာမူ၍နေ၏။ ထိုအဆောက် အအုံကိုအဆင့်ဆင့်မြင့်တက်လာသော မြေပြင်သုံးဆင့်အပေါ်တွင်တည်ဆောက် ထားလေသည်။-
မြေပြင်သုံးဆင့်စလုံး၌ရှိသောအခန်း တို့သည်မြေပြန့်ကုန်းမြင့်များပေါ်တွင်တည် ဆောက်ထားသဖြင့်ယင်းတို့သည်တံတိုင်း အပြင်ဝင်းအတွင်းမှအခြားအဆောက် အအုံများမှာကဲ့သို့ကျောက်တိုင်များ မရှိချေ။-