ယေဇကျေလ 42:4 - Common Language Bible4 မြောက်ဘက်၌ယင်းကိုယှဉ်လျက်နေသည့် လမ်းတစ်သွယ်ရှိ၏။ ထိုလမ်းသည်အလျား ပေတစ်ရာခုနစ်ဆယ်၊ အနံတစ်ဆယ့်ခုနစ် ပေရှိ၏။ ထိုမြောက်ဘက်၌ပင်လျှင်ထို အဆောက်အအုံသို့ဝင်ရန်အပေါက်များ ရှိလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible4 မြောက် တံ ခါး များ ရှိ သော ထို အ ခန်း စဉ် ရှေ့၊ အ တွင်း တံ တိုင်း သို့ ဝင် ရန်၊ အ လျား အ တောင် တစ် ရာ၊ အ နံ ဆယ် တောင် ကျယ် လမ်း ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုအခန်းများရှေ့မှာ တစ်တောင်ကျယ်သော လမ်းနှင့်တကွ အတွင်းဘက်သို့ဝင်၍၊ အနံ ဆယ်တောင်ရှိသော စင်္ကြံရှိ၏။ အခန်းတံခါးတို့သည် မြောက်ဘက်သို့ မျက်နှာပြုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 အဆောင်ခန်းများ၏မျက်နှာစာတွင် အလျားအတောင်တစ်ရာရှည်၍ အနံဆယ်တောင်ကျယ်သောလမ်းရှိ၏။ အခန်းတံခါးပေါက်များကား မြောက်ဘက်တွင်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ထိုလူသည်တံတိုင်းအတွင်းဝင်း ၏တောင်ဘက်တံခါးအနီး၌ရှိသောအခန်း များ၏အဝင်ဝသို့ငါ့အားခေါ်ဆောင်သွား ၏။ ဤအခန်းများသည်သန့်ရှင်းမြင့်မြတ် သည့်အခန်းများဖြစ်၍ယဇ်ပုရောဟိတ် တို့အဖို့သီးသန့်ထားလေသည်။ ထိုသူ ကငါ့အားအခန်းများ၏အနောက်သို့ ညွှန်ပြလျက်၊-