မြောက်ဘက်၌ယင်းကိုယှဉ်လျက်နေသည့် လမ်းတစ်သွယ်ရှိ၏။ ထိုလမ်းသည်အလျား ပေတစ်ရာခုနစ်ဆယ်၊ အနံတစ်ဆယ့်ခုနစ် ပေရှိ၏။ ထိုမြောက်ဘက်၌ပင်လျှင်ထို အဆောက်အအုံသို့ဝင်ရန်အပေါက်များ ရှိလေသည်။-
ယေဇကျေလ 42:12 - Common Language Bible ဤအဆောက်အအုံ၏တောင်ဘက်ပိုင်း ရှိအခန်းများအောက်တွင်တံတိုင်းအစ ပြုသည့်အရှေ့စွန်း၌တံခါးတစ်ခုရှိ၏။ Garrad Bible တောင် ဘက် အ ခန်း စဉ် တံ ခါး များ သည်၊ အ ထက် အ ခန်း စဉ် တံ ခါး များ နှင့် တူ သည့် ပြင်၊ ဝင် ရ သော်၊ လမ်း ဦး အ နီး အ ရှေ့ ဘက် ကပ် သော၊ တံ တိုင်း ရိုး၌ ဝင် ပေါက် ရှိ ၏။ Judson Bible တောင်ခန်းတံခါးတို့သည်လည်း မြောက်ခန်းတံခါးတို့နှင့် တူသည်ဖြစ်၍၊ တံတိုင်းတစ်ဖက်တစ်ချက်၊ အရှေ့သို့မျက်နှာပြုသော စင်္ကြံဦး၌ ဝင်ရာတံခါးဝရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း တောင်ဘက်အဆောင်ခန်းများသို့ ဝင်ရသောအပေါက်သည် တစ်ပေါက်တည်းရှိ၍ အရှေ့ဘက်ရှိတံတိုင်းဘေးတွင်ရှိ၏။ |
မြောက်ဘက်၌ယင်းကိုယှဉ်လျက်နေသည့် လမ်းတစ်သွယ်ရှိ၏။ ထိုလမ်းသည်အလျား ပေတစ်ရာခုနစ်ဆယ်၊ အနံတစ်ဆယ့်ခုနစ် ပေရှိ၏။ ထိုမြောက်ဘက်၌ပင်လျှင်ထို အဆောက်အအုံသို့ဝင်ရန်အပေါက်များ ရှိလေသည်။-
အနိမ့်ပိုင်းတွင်ရှိသည့်အဆောက်အအုံ ၏နံရံသည်အလျားတစ်ဝက်မှာရှစ်ဆယ့် ငါးပေဖြစ်၏။ ကျန်သောရှစ်ဆယ့်လေးပေ တွင်အခန်းများရှိ၏။ ဗိမာန်တော်နှင့်ကပ် လျက်ရှိသောဘက်တွင် ပေတစ်ရာ့ခုနစ်ဆယ် ရှိသည်။ အဆင့်ထိပ်ဆုံးမြေပြင်တွင်အဆောက် အအုံတစ်လျှောက်လုံး၌အခန်းများရှိ၏။-
ကိုယ်တော်သည်ဤအဆောက်အအုံတစ်ခုကို တည်မြဲခိုင်ခံ့ကြီးပွားတိုးတက်စေသဖြင့် ယင်းသည်သခင်ဘုရားအားဆက်ကပ်ထား သောဗိမာန်တော်ဖြစ်လာလေသည်။-