Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​ဖက် 2:21 - Common Language Bible

21 ကိုယ်​တော်​သည်​ဤ​အ​ဆောက်​အ​အုံ​တစ်​ခု​ကို တည်​မြဲ​ခိုင်​ခံ့​ကြီး​ပွား​တိုး​တက်​စေ​သ​ဖြင့် ယင်း​သည်​သ​ခင်​ဘု​ရား​အား​ဆက်​ကပ်​ထား သော​ဗိ​မာန်​တော်​ဖြစ်​လာ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 အ ရှင် ဘု ရား အား ဖြင့် သန့် ရှင်း သော ဗိ မာန် တော် ဖြစ် သည့် တိုင် အောင် တိုး ပွား လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​တိုက်​ထောင့်​အ​မြစ်​ကျောက်​ကား၊ ယေ​ရှု​ခ​ရစ်​ဖြစ်​သ​တည်း။ ထို​ကျောက်​နှင့် တစ်​တိုက်​လုံး​သည် စေ့​စပ်၍ ကြီး​ပွား​သ​ဖြင့်၊ သ​ခင်​ဘု​ရား​အ​ဖို့ အ​လို​ငှာ သန့်​ရှင်း​သော ဗိ​မာန်​တော်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထို​ထောင့်ချုပ်​ကျောက်​အားဖြင့် အဆောက်အအုံ​တစ်ခုလုံး​သည် အံဝင်ခွင်ကျ​ဆက်စပ်​လျက် သခင်​ဘုရား​၌ သန့်ရှင်း​သော​ဗိမာန်​တော်​အဖြစ်​သို့ တိုးပွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ကိုယ်တော်​သည် အဆောက်အအုံ​တစ်ခုလုံး​ကို အပိုအလို​မရှိ ဆက်စပ်​၍ ကြီးပွားစေတော်မူ​သဖြင့် ၎င်း​သည် သခင်ဘုရား​အတွက် သန့်ရှင်းသော​ဗိမာန် ဖြစ်လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 2:21
12 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​တော်​၌​အ​လုပ် လုပ်​သော​လုပ်​ဖော်​ကိုင်​ဘက်​ဖြစ်​ကြ​၏။ သင်​တို့ သည်​ကား​ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​ဖြစ်​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျောင်း​တော်​တိုက် လည်း​ဖြစ်​၏။-


ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သည်​ရုပ်​တု​များ နှင့်​မည်​သို့​သ​ဘော​တူ​ညီ​ချက်​ရှိ​နိုင်​ပါ​အံ့ နည်း။ ငါ​တို့​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​က၊ ``ငါ​သည်​ငါ​၏​လူ​စု​တော်​တွင်​ကျိန်း​ဝပ်​မည်။ သူ​တို့​ထံ​တွင်​စံ​တော်​မူ​မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ​တို့​သည် လည်း ငါ​၏​လူ​စု​တော်​ဖြစ်​လိမ့်​မည်''


ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် အ​သုံး​ပြု​သည့် ကျောက်​များ​ကို​ကျောက်​တွင်း​တွင်​ဆစ်​ပြီး​မှ ယူ​ခဲ့​သ​ဖြင့် ဗိ​မာန်​တော်​တည်​ဆောက်​ချိန်​၌ တူ၊ ပု​ဆိန်​စ​သော​သံ​တန်​ဆာ​များ​နှင့်​ထု​လုပ် သံ​မ​ကြား​ရ​ချေ။


ဤ​အ​ဆောက်​အ​အုံ​၏​တောင်​ဘက်​ပိုင်း ရှိ​အ​ခန်း​များ​အောက်​တွင်​တံ​တိုင်း​အ​စ ပြု​သည့်​အ​ရှေ့​စွန်း​၌​တံ​ခါး​တစ်​ခု​ရှိ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​ထာ​ဝ​စဉ် တည်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​သည်​လည်း​အ​စဉ် အ​မြဲ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ပါ​၏။


သူ​တို့​သည်​ခန္ဓာ​ကိုယ်​၏​ဦး​ခေါင်း​တည်း​ဟူ သော​ခ​ရစ်​တော်​ကို​မှီ​ခို​အား​ကိုး​မှု​မ​ရှိ​ကြ တော့​ချေ။ ခ​ရစ်​တော်​၏​ထိန်း​သိမ်း​မှု​အောက် တွင်​အ​ဆစ်​များ​နှင့်​အ​ရိုး​ချင်း​ဆက်​ပေး​သည့် အ​ရွတ်​များ​အား​ဖြင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် အာ​ဟာ​ရ​ကို​ခံ​ယူ​ကာ​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ရှိ​သည်​အ​တိုင်း​ကြီး​ပွား​တတ်​၏။


သို့​ရာ​တွင်​အ​ကယ်​၍​ငါ​လာ​ရောက်​ရန်​နှောင့်​နှေး ကြန့်​ကြာ​နေ​ခဲ့​သော် ဘု​ရား​သ​ခင်​၏​အိမ်​ထောင် စု​သား​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​သင့်​သည် ကို​သင်​သိ​ရှိ​နိုင်​စေ​ရန် ဤ​စာ​ကို​ရေး​လိုက်​ရ ခြင်း​ဖြစ်​ပေ​သည်။ ထို​အိမ်​ထောင်​စု​ကား​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သခင်​၏​အ​သင်း​တော် ပင်​တည်း။ ထို​အ​သင်း​တော်​သည်​သမ္မာ​တ​ရား​၏ မဏ္ဍိုင်​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ