ထိုနောက်သူသည်ကြားလမ်း၏အနံကိုတိုင်းကြည့်ရာ စုစုပေါင်းနှစ်ဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။ မုခ်ပေါက်လမ်းတစ်လျှောက်လုံးကားတစ်ဆယ့်ခြောက်ပေရှိသတည်း။-
ယေဇကျေလ 40:10 - Common Language Bible (မုခ်ပေါက်လမ်းကြား၏ဝဲယာတွင်ရှိသောအစောင့်တပ်သားတို့၏အခန်းသုံးခန်းစီသည် အရွယ်ပမာဏချင်းတူညီကြ၏။ ယင်းတို့ကိုပိုင်းခြားထားသည့်နံရံများသည်လည်းထုချင်းတူညီကြ၏။) Garrad Bible အ ရှေ့ တံ ခါး ဝ ဝဲ ယာ၌၊ အ တိုင်း အ တာ ညီ မျှ သော ကင်း တဲ၊ သုံး ခန်း စီ ရှိ၏။ ဝဲ ယာ၌ တံ ခါး တိုင် နံ ရံ လည်း ညီ မျှ ၏။ Judson Bible အရှေ့တံခါး တစ်ဖက်တစ်ချက်၌ အခန်းငယ်သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တစ်ဖက်တစ်ချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အရှေ့မုခ်ဆောင်တံခါးဝ၏ဘေးတစ်ဖက်တစ်ချက်စီတွင် အခန်းငယ်သုံးခန်းစီရှိ၏။ အခန်းငယ်သုံးခန်းစလုံး အရွယ်အစားတူ၏။ အခန်းငယ်တို့၏တစ်ဖက်တစ်ချက်ရှိ တိုင်များသည်လည်း အရွယ်အစားတူ၏။ |
ထိုနောက်သူသည်ကြားလမ်း၏အနံကိုတိုင်းကြည့်ရာ စုစုပေါင်းနှစ်ဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။ မုခ်ပေါက်လမ်းတစ်လျှောက်လုံးကားတစ်ဆယ့်ခြောက်ပေရှိသတည်း။-
လမ်း၏ဝဲယာသုံးခန်းစီရှိသောအစောင့်တပ်သားတို့၏အခန်းများ၊ ထိုအခန်းတို့ကိုပိုင်းခြားထားသည့်နံရံများနှင့်အဝင်ခန်းတို့သည် အရှေ့မုခ်ပေါက်မှာကဲ့သို့ပင်အတိုင်းအတာတူညီ၏။ ထိုလမ်းသည်အလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
ထိုမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည်အခြားမုခ်ပေါက်များမှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်ပေါက်ရှိအခန်းများ၌လည်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
ထိုနောက်ထိုသူသည်အတွင်းဝင်းသို့ငါ့ကိုခေါ်ဆောင်သွား၏။ မြောက်မုခ်ပေါက်၏နံဘေးတံတိုင်းအတွင်းဝင်း၌အခန်းတစ်ခုရှိ၏။ ထိုအခန်းသည်တောင်ဘက်သို့မျက်နှာမူလျက်နေ၏။ တောင်မုခ်ပေါက်၏နံဘေး၌လည်းအလားတူအခန်းတစ်ခုရှိ၏။ ထိုအခန်းသည်မြောက်ဘက်သို့မျက်နှာမူလျက်နေ၏။-
တံခါး၏အလွန်တွင်လမ်းကြားတစ်ခုရှိ၏။ ထိုလမ်း၏ဝဲယာတွင်အစောင့်တပ်သားများအတွက် အခန်းသုံးခန်းစီရှိ၏။ ထိုအခန်းတိုင်းပင်စတုရန်းပုံသဏ္ဌာန်ရှိ၍နံရံတစ်ခုလျှင်ဆယ်ပေရှည်၏။ အခန်းတစ်ခုနှင့်တစ်ခုအကြားမှနံရံသည်ထုရှစ်ပေရှိ၏။ ဤအခန်းများအလွန်၌ဆယ်ပေရှည်သောလမ်းကြားတစ်ခုရှိ၏။ ထိုလမ်းသည်ဗိမာန်တော်ကိုမျက်နှာမူလျက်နေသည့်အခန်းကြီးတစ်ခုသို့သွားရာလမ်းဖြစ်၏။-