သင်တို့နှင့်ငါနေရသည်မှာမေရှက်ပြည်၌ နေထိုင်ရသကဲ့သို့လည်းကောင်း၊ ကေဒါ အမျိုးသားများနှင့်အတူ နေထိုင်ရသကဲ့သို့လည်းကောင်းဆိုးရွားပါ၏။
ယေဇကျေလ 39:1 - Common Language Bible အရှင်ထာဝရဘုရားက``အချင်းလူသား၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီး ဆုံးမင်းဖြစ်သူဂေါဂအားရှုတ်ချလော့။ ငါသည်သူ၏ရန်သူဖြစ်ကြောင်းဆင့်ဆို လော့။- Garrad Bible အ ချင်း လူ့ သား၊ ဂေါ ဂ မင်း ကို ရည် လျက် ဟော ပြော ဆင့် ဆို ရ ဦး မည် မှာ၊ အ ရှင် ထာ ဝ ရ ဘု ရား က၊ ရော ရှ၊ မေ ရှက်၊ တု ဗ လ လူ မျိုး တို့ အ ရှင် အို ဂေါ ဂ မင်း၊ သင့် တစ် ဘက်၌ နေ သော ငါ သည်၊ Judson Bible သို့ဖြစ်၍၊ အချင်းလူသား၊ ဂေါဂတစ်ဖက်၌ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အို ဂေါဂမင်း၊ ငါသည်သင့်တစ်ဖက်၌နေ၏။ မြန်မာ့စံမီသမ္မာကျမ်း အချင်းလူသား၊ ဂေါဂမင်းကြီးကိုဆန့်ကျင်၍ ပရောဖက်ပြုလော့။ ဘုရားရှင်ထာဝရဘုရားက ‘အို မေရှက်ပြည်၊ တုဗလပြည်တို့၏အကြီးအကဲခေါင်းဆောင် ဂေါဂမင်းကြီး၊ သင့်ကို ငါစီရင်မည်။ |
သင်တို့နှင့်ငါနေရသည်မှာမေရှက်ပြည်၌ နေထိုင်ရသကဲ့သို့လည်းကောင်း၊ ကေဒါ အမျိုးသားများနှင့်အတူ နေထိုင်ရသကဲ့သို့လည်းကောင်းဆိုးရွားပါ၏။
မိုးကောင်းကင်ကိုအစိုးရသည့်နတ်များ နှင့်လောကီဘုရင်တို့အား ထာဝရဘုရား အပြစ်ဒဏ်ခတ်တော်မူမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။-
ယာဝန်မြို့၊ တုဗလမြို့နှင့်မေရှက်မြို့တို့ တွင်သင်၏ကုန်စည်များကိုကျွန်များ၊ ကြေး နီအိုးများနှင့်လဲလှယ်၏။-
``မေရှက်နှင့်တုဗလတို့သည်မိမိတို့၏ စစ်သူရဲသင်္ချိုင်းများခြံရံလျက်ထိုအရပ် တွင်ရှိကြ၏။ သူတို့အားလုံးသည်အရေဖျား လှီးမင်္ဂလာမခံဘဲစစ်ပွဲတွင်ကျဆုံးကြ၍ မရဏာနိုင်ငံသို့ဆင်းသက်ရကြ၏။ သို့ ရာတွင်သူတို့သည်အခါတစ်ပါးက အသက်ရှင်သူတို့ကိုထိတ်လန့်တုန်လှုပ် စေခဲ့သူများဖြစ်ကြ၏။-
လူတို့အားငါအရှင်ထာဝရဘုရားအဘယ် သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ``စိရတောင်တို့၊ငါသည်သင်၏ရန်သူဖြစ်၏။ ငါ၏လက်ကိုဆန့်၍ငါသည်သင့်အားလူသူ ဆိတ်ငြိမ်ရာမြေရိုင်းဒေသဖြစ်စေမည်။
ငါသည်သူ့အားလှည့်စေ၍ဆွဲခေါ်လာမည်။ ဣသရေလတောင်များသို့ရောက်သည့်တိုင် အောင်မြောက်မျက်နှာစွန်းမှခေါ်ဆောင်လာ မည်။-
ထိုအခါငါသည်သားရဲ၊ ငှက်အပေါင်းတို့ နှင့်ပဋိညာဉ်ဖွဲ့၍၊ ဋ္ဌား၊ လေးမြားနှင့်စစ်ပွဲ များကိုတိုင်းနိုင်ငံမှဖယ်ရှားသဖြင့် ငါ၏ လူမျိုးတော်သည်အေးချမ်းလုံခြုံစွာနေ ထိုင်ရကြလိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သင်၏ရန်သူဖြစ်၏။ သင့်ရထားများကိုငါ မီးရှို့ပစ်မည်။ သင်၏စစ်သည်တပ်သားတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ သူတစ်ပါး တို့ထံမှ သင်သိမ်းယူထားသည့်ဥစ္စာပစ္စည်း မှန်သမျှကိုငါဖယ်ရှားမည်။ သင်၏သံတမန် တို့၏တောင်းဆိုသံများကိုကြားကြရ တော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက ``အို နိနေဝေမြို့ငါသည်သင့်ကိုအပြစ်ဒဏ် ခတ်မည်။ အဝတ်အချည်းစည်းဖြစ်စေ၍၊လူမျိုးတကာ တို့အား ရှုကြည့်ခွင့်ပေးမည်။ သင်အရှက်ကွဲသည်ကိုနိုင်ငံများ တွေ့မြင်ရကြလိမ့်မည်။
ဂေါဂနှင့်မာဂေါဂဟုခေါ်သောကမ္ဘာအရပ်လေး မျက်နှာရှိလူမျိုးအပေါင်းတို့အား မှောက်မှား လမ်းလွဲစေလျက်စစ်တိုက်ရန်စုဝေးစေလိမ့်မည်။ သူတို့သည်အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများသတည်း။-