ထိုအခါ၌ထာဝရဘုရားသည် သောဒုံမြို့နှင့်ဂေါမောရမြို့များပေါ်သို့ ကန့်မီးမိုးကိုရွာချစေတော်မူသဖြင့်၊-
ယေဇကျေလ 38:22 - Common Language Bible ငါသည်ဋ္ဌားဘေး၊ အနာရောဂါဘေးတို့ အားဖြင့်သူ့ကိုဆုံးမမည်။ သူနှင့်တကွ သူ၏စစ်သည်ဗိုလ်ခြေများ၊ အပေါင်းပါ လူအမျိုးမျိုးတို့အပေါ်သို့ကန့်နှင့်မီး အပါအဝင်မိုးသီးမိုးပေါက်ကြီးများ ကိုပြင်းထန်စွာရွာသွန်းစေမည်။- Garrad Bible ကပ် ရော ဂါ ဘေး၊ သွေး သွန်း ဘေး များ ဖြင့်၊ ငါ စီ ရင်၍၊ ထို မင်း မှ စ သော တပ် သား များ၊ အ ပေါင်း အ ပါ လူ အ မျိုး မျိုး ပေါ် သို့၊ လွှမ်း စီး အောင် မိုး သီး၊ ကန့်၊ လောင် မီး ကျ ရွာ စေ မည်။ Judson Bible ငါသည် ကာလနာဘေး၊ အသေသတ်ခြင်းဘေးအားဖြင့် သူ့ကိုဒဏ်ပေးမည်။ သူနှင့် သူ၌ပါသောတပ်များ၊ အလုံးအရင်းများအပေါ်မှာ လွှမ်းမိုးသောမိုးရေ၊ ကြီးသောမိုးသီး၊ ကန့်နှင့်ရောသော မီးမိုးကိုရွာစေမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် သူ့ကို ကပ်ရောဂါဘေး၊ သေဘေးဖြင့် စီရင်မည်။ သူနှင့်သူ့စစ်သည်များအပါအဝင် သူ၌ပါလာသောလူအမြောက်အမြားတို့အပေါ် ရေလွှမ်းမိုးစေမည်၊ မိုးသီးနှင့်တကွ မီးနှင့်ကန့် ရွာကျစေမည်။ |
ထိုအခါ၌ထာဝရဘုရားသည် သောဒုံမြို့နှင့်ဂေါမောရမြို့များပေါ်သို့ ကန့်မီးမိုးကိုရွာချစေတော်မူသဖြင့်၊-
ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့ မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။ သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
ထိုအုတ်မြစ်အတွက်တရားမျှတမှုကို တံမျဉ်းကြိုး၊ ရိုးသားဖြောင့်မှန်မှုကိုချိန် သီးကြိုးအဖြစ်အသုံးပြုမည်။ ထိုကြောင့်ငါသည်မိုးသီးမုန်တိုင်းသဖွယ် သင်တို့၏အမှီသဟဲဖြစ်သည့်လိမ်လည် မှုများကို သိမ်းကျုံးဖယ်ရှားကာမြစ်လျှံ ရေကဲ့သို့ သင်တို့၏လုံခြုံမှုကိုလည်းလွှမ်း မိုးပျက်ပြားစေတော်မူမည်။
ထာဝရဘုရားသည်ပြင်းထန်သောမိုးကြိုး မုန်တိုင်းများ၊ မြေငလျင်များအားဖြင့်မြည် ဟည်းကာ သင်တို့ကိုကယ်ဆယ်တော်မူလိမ့် မည်။ ကိုယ်တော်သည်လေပြင်းမုန်တိုင်းများ နှင့်မီးလျှံကိုစေလွှတ်တော်မူလိမ့်မည်။-
သူတို့၏အလောင်းများသည်မြှုပ်နှံခြင်းကို မခံရဘဲ မြေပေါ်တွင်လဲလျက်ပုပ်စပ်နံစော် ၍နေလိမ့်မည်။ တောင်တို့သည်လည်းသွေးများ ဖြင့်နီရဲလျက်နေလိမ့်မည်။-
အပြစ်ရှိကြောင်းတွေ့ရှိရသူအပေါင်းတို့ အား ကိုယ်တော်သည်မီးအားဖြင့်လည်းကောင်း၊ ဋ္ဌားလက်နက်အားဖြင့်လည်းကောင်းဆုံးမ တော်မူလိမ့်မည်။ ထိုသူတို့သည်လည်းသေ ကြေရကြလိမ့်မည်။
ထာဝရဘုရားသည်လူမျိုးတကာတို့အား စွဲချက်တင်တော်မူမည်။ ကိုယ်တော်၏အသံတော်သည်ကမ္ဘာမြေကြီးစွန်း တိုင်အောင်ပဲ့တင်ထပ်၍သွားလိမ့်မည်။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး စီရင်တော်မူ၍ သူယုတ်မာတို့အားကွပ်မျက်တော်မူလိမ့်မည်။ ဤကားထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏' ဟုပြောကြားလော့'' ဟူ၍ဖြစ်၏။
ထိုမြို့ရိုးသည်ပြိုကျရလိမ့်မည်ဖြစ်ကြောင်း ထိုမြို့ရိုးကိုထုံးသုတ်သူတို့အားဆင့်ဆို လော့။ ငါသည်မိုးသည်းထန်စွာရွာသွန်းစေ မည်။ မိုးသီးများသည်မြို့ရိုးပေါ်သို့ကျ လျက်လေပြင်းမုန်တိုင်းတိုက်ခတ်လာ သဖြင့်၊-
ငါသည်သင်၏ထံသို့ကပ်ရောဂါများကို စေလွှတ်မည်။ သင်၏လမ်းများတွင်သွေးချောင်း စီးစေမည်။ သင်သည်ဝိုင်းရံတိုက်ခိုက်ခြင်း ကိုခံရ၍ သင်၏လူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်မာဂေါဂပြည်နှင့်လူတို့ငြိမ်းချမ်း စွာနေထိုင်လျက်ရှိသည့်ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်ကိုမီးသင့်လောင်စေမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းလူတိုင်းသိရှိကြလိမ့်မည်။-
သင်၏သားသမီးများကိုသေစေရန်တောရဲ တိရစ္ဆာန်များနှင့်အစာခေါင်းပါးခြင်းဘေး ကိုလည်းကောင်း၊ သင့်အားဖျက်ဆီးရန်အနာ ရောဂါဘေး၊ အကြမ်းဖက်မှုနှင့်စစ်မက်အန္တ ရာယ်ကိုလည်းကောင်းငါစေလွှတ်မည်။ ဤ ကားငါထာဝရဘုရား၏အမိန့်တော်ပင် တည်း'' ဟူ၍ဖြစ်၏။
လူမျိုးတကာတို့အားပြန်လည်စုရုံး၍ တရားစီရင်ရာချိုင့်ဝှမ်းသို့ ခေါ်ဆောင်လာမည်။ ငါ့လူမျိုးတော်တို့ကိုထိုသူတို့ပြုကျင့်ခဲ့သည့် အမှုများအတွက်၊ ထိုအရပ်တွင်သူတို့အားငါတရားစီရင်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့ကိုနိုင်ငံရပ်ခြားသို့ကွဲလွင့်စေကာ၊ ငါ၏ပြည်တော်ဣသရေလကိုကွဲပြားစေ ခဲ့ကြ၏။
မိုးသည်းထန်စွာရွာ၍မြစ်ရေလျှံကာမုန်တိုင်းထန် လျက် ထိုအိမ်ကိုတိုက်ခတ်သည်ရှိသော်ထိုအိမ်သည် ပြိုလဲ၍သွား၏။ ထိုအိမ်၏အပျက်အစီးမှာ ကြီးလှစွာတကား။''
ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။
ဘုရားသခင်၏အမျက်တော်ဖလားမှ ပြင်း ထန်သောအမျက်တော်တည်းဟူသောစပျစ် ရည်ကိုသောက်ရလိမ့်မည်။ မြင့်မြတ်သန့်ရှင်း သောကောင်းကင်တမန်များနှင့်သိုးသူငယ် တော်၏ရှေ့၌ ကန့်နှင့်မီးထဲတွင်နှိပ်စက်ညှဉ်း ဆဲခြင်းကိုခံရလိမ့်မည်။-
ကောင်းကင်မှပေါင်တစ်ရာမျှအလေးချိန်ရှိသော မိုးသီးကြီးများသည်လူတို့အပေါ်သို့ကျကုန် ၏။ လူတို့သည်ထိုဆိုးရွားလှသောမိုးသီးဘေး ဒဏ်ကြောင့်ဘုရားသခင်ကိုကျိန်ဆဲကြ၏။
သူတို့သည်ကမ္ဘာအနှံ့အပြားသို့ချီတက်လာ ပြီးလျှင် ဘုရားသခင်၏တပ်စခန်းနှင့်ကိုယ်တော် နှစ်သက်မြတ်နိုးတော်မူသောမြို့ကြီးကိုဝိုင်း ကြ၏။ သို့ရာတွင်ကောင်းကင်မှမီးကျသဖြင့် သူတို့သည်ကျွမ်းလောင်ဖျက်ဆီးခြင်းခံရ ကြ၏။-
ပထမကောင်းကင်တမန်တံပိုးခရာကို မှုတ်လိုက်သောအခါသွေးနှင့်ရောနှောနေ သောမီးနှင့်မိုးသီးတို့သည်မြေပေါ်သို့ ကျကုန်၏။ ကမ္ဘာမြေကြီး၏သုံးပုံတစ်ပုံ၊ သုံးပုံတစ်ပုံသောသစ်ပင်၊ စိမ်းစိုသောမြက် ရှိသမျှတို့သည်လောင်ကျွမ်းလေ၏။