ယေဇကျေလ 28:23 - Common Language Bible23 ငါသည်သင်၏ထံသို့ကပ်ရောဂါများကို စေလွှတ်မည်။ သင်၏လမ်းများတွင်သွေးချောင်း စီးစေမည်။ သင်သည်ဝိုင်းရံတိုက်ခိုက်ခြင်း ကိုခံရ၍ သင်၏လူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible23 ငါ သည် မြို့ တွင်း သို့ ကပ် ရော ဂါ ဘေး ကို လည်း ကောင်း၊ လမ်း များ ပေါ် သို့ သွေး သွန်း ဘေး ကိုလည်း ကောင်း၊ သင့် စေ မည့် အ လျောက်၊ အ ဘက် ဘက် က ဓား ဘေး ဖြင့် လုပ် ကြံ ခံ ရ သူ တို့ ကျ ဆုံး သော အ ခါ၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible23 သင့်အပေါ်သို့ ကာလနာဘေးကိုလည်းကောင်း၊ သင်၏လမ်းတို့၌ ဓားဘေးကိုလည်းကောင်း၊ ငါစေလွှတ်၍၊ ပတ်လည်၌ တိုက်သောဓားဖြင့် သူရဲတို့သည် သင့်အလယ်၌လဲ၍ သေကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ထိုမြို့ပေါ်သို့ ကပ်ရောဂါဘေးကျရောက်စေမည်။ လမ်းများပေါ်တွင် သွေးချောင်းစီးစေမည်။ နေရာတိုင်းတွင် ဓားဖြင့်အသတ်ခံရသူတို့ လဲကျသေဆုံးလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်ငါ့လက်ကိုဆန့်လျက်သင်တို့အား လုယက်တိုက်ခိုက်ကြစေရန် အခြားလူမျိုး တို့၏လက်သို့ငါပေးအပ်မည်။ ငါသည်သင် တို့အားလုံးဝပျက်စီးအောင်စီရင်မည်ဖြစ်၍ သင်တို့သည်ကိုယ်ပိုင်ပြည်နှင့်နေရကြတော့ မည်မဟုတ်။ လူမျိုးတစ်မျိုးအနေဖြင့်လည်း ရပ်တည်နိုင်ကြတော့မည်မဟုတ်။ ထို အခါငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းသင်တို့သိရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။
သူတို့ကမိမိတို့သည်အဘယ်အရပ်သို့ သွားရပါမည်နည်းဟု သင့်အားမေးသော အခါဤသို့ပြောကြားလော့။ ``သင်တို့အချို့သည်အနာရောဂါဘေး သင့်ပြီး သေရကြမည်ဖြစ်၍ အနာရောဂါဖြစ်ပွားရာသို့လည်းကောင်း၊ အချို့တို့မှာစစ်ပွဲတွင်ကျဆုံးရကြမည်ဖြစ်၍ စစ်မက်ဖြစ်ပွားရာသို့၊အချို့တို့ကားငတ်မွတ် ခေါင်းပါးခြင်းဘေးသင့်၍ သေရကြမည်ဖြစ်၍ငတ်မွတ်ခေါင်းပါးရာသို့၊ အချို့သူတို့မှာမူသုံ့ပန်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရကြမည်ဖြစ်၍၊ အဖမ်းခံရကြမည့်အရပ်သို့သွားရမည်ဟု'' ငါအားမိန့်တော်မူ၏။''
``မြောက်အရပ်မှမင်းညီမင်းသားများနှင့် ဇိဒုန်မြို့သားတို့သည်ထိုအရပ်တွင်ရှိကြ ၏။ အခါတစ်ပါးကသူတို့သည်မိမိတို့ ၏တန်ခိုးအာဏာဖြင့်သူတစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင်ပြုခဲ့ကြသော်လည်း ယခုအခါ၌စစ်ပွဲတွင်ကျဆုံးသူများ နှင့်အတူအသရေပျက်၍ သေကြပြီး လျှင်အရေဖျားလှီးမင်္ဂလာမခံရသူ များနှင့်အတူသေသူတို့ကမ္ဘာသို့ဆင်း သက်ကြရ၏။