ထိုမင်းတို့၏အရိုးများသည်အစိတ်စိတ် အမြွှာမြွှာ ခွဲစိတ်ဖြတ်တောက်ခြင်းခံရသောထင်းကဲ့သို့ သင်္ချိုင်းတွင်းဝ၌ပြန့်ကြဲ၍နေလိမ့်မည်။
ယေဇကျေလ 37:2 - Common Language Bible ကိုယ်တော်သည်ငါ့အားထိုချိုင့်ဝှမ်းတစ်လျှောက် သို့ခေါ်ဆောင်သွားတော်မူသဖြင့် ထိုအရပ်၌ အရိုးအမြောက်အမြားရှိသည့်အပြင်၊ ထို အရိုးတို့သည်အလွန်သွေ့ခြောက်လျက်နေ သည်ကိုလည်းငါမြင်ရလေသည်။- Garrad Bible မြေ ပြင် ပေါ် တွင် အ ရိုး များ ပြား၍ အ လွန် သွေ့ ခြောက် သည် ကို ငါ မြင် ရ ၏။ Judson Bible ထိုအရိုးတို့ပတ်လည်၌ လျှောက်သွားစေတော်မူ၏။ ထိုချိုင့်မျက်နှာပြင်၌ များစွာသောအရိုးတို့သည်ရှိ၍ အလွန်သွေ့ခြောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထာဝရဘုရားသည် ငါ့အား ထိုအရိုးတို့ပတ်ပတ်လည်သို့ လျှောက်သွားစေ၏။ ချိုင့်ဝှမ်းတစ်ပြင်လုံးတွင် အရိုးအမြောက်အမြားရှိ၍ အလွန်ခြောက်သွေ့နေသည်ကို တွေ့ရ၏။ |
ထိုမင်းတို့၏အရိုးများသည်အစိတ်စိတ် အမြွှာမြွှာ ခွဲစိတ်ဖြတ်တောက်ခြင်းခံရသောထင်းကဲ့သို့ သင်္ချိုင်းတွင်းဝ၌ပြန့်ကြဲ၍နေလိမ့်မည်။
ထာဝရဘုရား၏တန်ခိုးတော်သည်ငါ့ကို လွှမ်းမိုး၍ကိုယ်တော်၏ဝိညာဉ်တော်သည် ငါ့ ကိုဆောင်သွားပြီးလျှင်အရိုးများဖြင့်ဖုံး လွှမ်းနေသည့်ချိုင့်ဝှမ်းတွင်ချထားတော် မူ၏။-
ဘုရားသခင်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ထိုအရိုးများနှင့်တူ ကြ၏။ သူတို့ကငါတို့သည်သွေ့ခြောက်လျက် သေ၍နေလေပြီ။ အနာဂတ်အတွက်မျှော် လင့်စရာမရှိတော့ဟုဆိုကြ၏။-
ကိုယ်တော်က``အချင်းလူသားဤအရိုးတို့ သည်ပြန်၍အသက်ရှင်နိုင်ကြမည်လော'' ဟုငါ့အားမေးတော်မူလျှင်၊ ငါက``အို အရှင်ထာဝရဘုရား၊ ဤမေးခွန်း ကိုကိုယ်တော်ရှင်သာလျှင်ဖြေကြားတော် မူနိုင်ပါ၏'' ဟုလျှောက်ထား၏။
(ဤတောင်နှစ်လုံးသည် ယော်ဒန်မြစ်အနောက် ဘက်၊ ယော်ဒန်မြစ်ဝှမ်းတွင်နေထိုင်သော ခါနာန် အမျိုးသားတို့၏နယ်မြေထဲ၌တည်ရှိသည်။ ယင်းတောင်တို့သည် ဂိလဂါလမြို့အနီးမောရေ သပိတ်ပင်များနှင့် မဝေးသောအနောက်ဘက် တွင်တည်ရှိ၏။-)