သို့ရာတွင်သင်သည်ထိုအပြစ်ကိုကူးလွန် ရာတွင် ထာဝရဘုရားအားလွန်စွာမထီ မဲ့မြင်ပြုရာရောက်သဖြင့်သင့်ကလေး သည်သေရလိမ့်မည်'' ဟုဆင့်ဆိုပြီးလျှင်၊-
ယေဇကျေလ 36:20 - Common Language Bible သို့ရာတွင်သူတို့ရောက်လေရာရာအရပ် တို့တွင်လူတို့က`ဤသူတို့သည်ထာဝရဘုရား ၏လူမျိုးတော်ဖြစ်သော်လည်း ကိုယ်တော်၏ ပြည်မှထွက်ခွာလာရကြ၏' ဟုဆိုကြ သဖြင့်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်သည်အသရေပျက်ရ၏။- Garrad Bible ထို သူ တို့ သည်၊ ပြည် တော် မှ ထွက် လာ ခဲ့ သော ထာ ဝ ရ ဘု ရား ၏ လူ မျိုး ဖြစ် ကြ သည် တ ကား ဟု ဆိုး ရိုး ရှိ သည့် အ တိုင်း၊ သွား ရောက် ရာ လူ မျိုး ခြား တို့ ထံ ဝင် နေ လျက် ပင်၊ သန့် ရှင်း သော ငါ့ နာ မ တော် ကို ရှုတ် ချ ရာ ရောက် ကြ လေ ပြီ။ Judson Bible သို့ရာတွင် တစ်ကျွန်းတစ်နိုင်ငံသို့ ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား၏လူဖြစ်ကြ၏။ ကိုယ်ပြည်မှ ထွက်သွားရကြ၏ဟု သူတစ်ပါးပြောဆိုသဖြင့်၊ ငါ၏နာမမြတ်ကိုရှုတ်ချသောကြောင့်၊ မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့သည် လူမျိုးခြားတို့အလယ်သို့ ရောက်သွားသောအခါ လူတို့က သန့်ရှင်းသောငါ့နာမကို ရှုတ်ချလျက် ‘ဤသူတို့သည် ထာဝရဘုရား၏လူမျိုးတော်ဖြစ်လျက်နှင့် မိမိနေရင်းပြည်မှ ထွက်ခွာသွားရပါသည်တကား’ဟု ဆိုကြ၏။ |
သို့ရာတွင်သင်သည်ထိုအပြစ်ကိုကူးလွန် ရာတွင် ထာဝရဘုရားအားလွန်စွာမထီ မဲ့မြင်ပြုရာရောက်သဖြင့်သင့်ကလေး သည်သေရလိမ့်မည်'' ဟုဆင့်ဆိုပြီးလျှင်၊-
ထာဝရဘုရားကိုအားကိုးရန်သူ၏သွေး ဆောင်စကားကိုနားမထောင်ကြနှင့်။ ထာဝရ ဘုရားသည် သင်တို့အားကယ်တော်မူမည်ဟူ ၍လည်းကောင်း၊ အာရှုရိတပ်မတော်အား ဤ မြို့ကိုသိမ်းယူခွင့်ပေးတော်မူလိမ့်မည်မဟုတ် ဟူ၍လည်းကောင်းမထင်မှတ်ကြနှင့်။-
ထိုတိုင်းပြည်အပေါင်းတို့၏ဘုရားများအနက် အဘယ်မည်သောဘုရားသည် မိမိပြည်ကိုငါ တို့ဧကရာဇ်ဘုရင်၏လက်မှအဘယ်အခါ ကကယ်ခဲ့ဖူးပါသနည်း။ ယင်းသို့ဖြစ်ပါမူ ထာဝရဘုရားသည်လည်း ယေရုရှလင်မြို့ကို ကယ်တော်မူနိုင်သည်ဟု သင်တို့အဘယ်ကြောင့် ထင်မှတ်ကြပါသနည်း'' ဟုဆို၏။-
ထာဝရဘုရားကယခုအခါဗာဗုလုန်ပြည် တွင်လည်း ဤအတိုင်းပင်ဖြစ်ပြန်လေပြီ။ သင် တို့သည်ထိုပြည်တွင်အကြောင်းမဲ့သုံ့ပန်းများ ဖြစ်လျက်နေကြရ၏။ သင်တို့ကိုအုပ်စိုးသူ များသည်ပြောင်လှောင်ကာ ငါ့နာမတော်ကို အစဉ်ပင်မထီမဲ့မြင်ပြုကြ၏ဟုမိန့်တော် မူသည်။-
သူတို့အနက်အနည်းငယ်အားစစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်အနာရောဂါ ဘေးတို့မှငါချမ်းသာပေးမည်။ သို့မှသာ လျှင်လူမျိုးတကာတို့တွင်ရောက်ရှိနေသော သူတို့သည် မိမိတို့ပြုခဲ့သောအမှုများကို စက်ဆုပ်ဖွယ်ဖြစ်ကြောင်းနားလည်သဘော ပေါက်၍ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကိုသိကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
အကယ်၍ထိုဘေးများမှလွတ်မြောက်သူ သားသမီးများရှိ၍ သူတို့သည်သင်တို့ ထံသို့ရောက်လာကြသောအခါသူတို့ ၏ပြုမူလုပ်ဆောင်ချက်များကိုကြည့်၍ ယေရုရှလင်မြို့အားငါအပြစ်ဒဏ်ပေး ရာ၌ ပေးသမျှအပြစ်ဒဏ်များသည် လည်းတရားကြောင်းကိုသင်ကောင်းစွာ သိရှိရလိမ့်မည်။-
ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကို ငါ့လူမျိုးတော်ဣသရေလအမျိုး သားတို့သိရှိကြစေရန်ငါပြုမည်။ သူတို့ သည်ထိုသန့်ရှင်းသောနာမတော်ကိုနောက် တစ်ဖန်မရှုတ်ချရ။ ထိုအခါငါထာဝရ ဘုရားသည် ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူကြောင်းလူမျိုးတကာ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ယခုသင်တို့သည်တံပိုးခရာ၊ ပလွေ၊ စောင်း ငယ်၊ ပတ်သာ၊ စောင်းကြီးနှင့်အခြားတူရိ ယာများတီးမှုတ်သံကိုကြားသည်နှင့်တစ် ပြိုင်နက်ရွှေရုပ်ကြီးကိုဦးညွှတ်ရှိခိုးကြ လော့။ အကယ်၍ရှိမခိုးကြပါကသင်တို့ သည်ပြင်းစွာအလျှံထလျက်နေသောမီး ဖိုထဲသို့ချက်ချင်းပစ်ချခြင်းကိုခံရ ကြလတ္တံ့။ သင်တို့အားကယ်နိုင်မည့်ဘုရား ရှိသည်ဟုသင်တို့ထင်မှတ်ကြသလော'' ဟုမိန့်တော်မူ၏။
သင်၏သားသမီးတို့ကိုမောလုတ်ဘုရားအား မီးရှို့ပူဇော်ရန်မအပ်နှင့်။ ထိုသို့ပြုခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏နာမ တော်ကိုမရှုတ်ချရ။-
ကျမ်းစာတော်တွင်``ယုဒအမျိုးသားတို့ကြောင့် လူမျိုးခြားတို့သည်ဘုရားသခင်၏နာမ တော်ကိုကဲ့ရဲ့ကြ၏'' ဟုဖော်ပြပါရှိ သည်။
ခါနာန်အမျိုးသားမှစ၍ဤပြည်ရှိလူ အပေါင်းတို့သည် ထိုသတင်းကိုကြားသဖြင့် အကျွန်ုပ်တို့ကိုဝိုင်း၍ တစ်ယောက်မျှမကျန် အောင်သတ်ဖြတ်ကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို လူတို့ အထင်မသေးကြစေခြင်းငှာမည်သို့ ပြုတော်မူပါမည်နည်း'' ဟုလျှောက်ထား လေ၏။