ယေဇကျေလ 12:16 - Common Language Bible16 သူတို့အနက်အနည်းငယ်အားစစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်အနာရောဂါ ဘေးတို့မှငါချမ်းသာပေးမည်။ သို့မှသာ လျှင်လူမျိုးတကာတို့တွင်ရောက်ရှိနေသော သူတို့သည် မိမိတို့ပြုခဲ့သောအမှုများကို စက်ဆုပ်ဖွယ်ဖြစ်ကြောင်းနားလည်သဘော ပေါက်၍ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကိုသိကြလိမ့်မည်'' ဟုမိန့်တော် မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 သို့ ရာ တွင်၊ ဝင် ရောက်၍ နေ ရာ လူ မျိုး ခြား တို့၌၊ ရွံ ရှာ ဖွယ် အ မှု များ ကို ဖော် ပြ ကြ အံ့ သော ငှာ၊ သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ မှ၊ လူ အ နည်း ငယ် ကို ငါ ခြွင်း ထား သ ဖြင့်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ လူ တို့ သိ ရ ကြ လ တ္တံ့ ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible16 သို့ရာတွင်၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်းစေသော သူအချို့တို့သည် မိမိတို့ပြုဖူးသော စက်ဆုပ်ရွံရှာဖွယ် အမှုရှိသမျှတို့ကို၊ နောက်ရောက်သော တစ်ပါးအမျိုးသားနေရာပြည်တို့၌ ဖော်ပြကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်ရာတို့ကို သူတို့ရောက်သွားသောလူမျိုးတကာအလယ်၌ ပြောပြနိုင်မည့်အကြောင်း သူတို့အထဲမှ လူအနည်းငယ်ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့မှ လွတ်မြောက်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
ယခုအခါ၌ဣသရေလအမျိုးသားတို့ သည် သမုဒ္ဒရာသဲလုံးနှင့်အမျှများသော် လည်း အချို့သာလျှင်အထံတော်သို့ပြန် လာကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ အားသုတ်သင်ဖျက်ဆီးပစ်ရန် စီမံထားပြီး ဖြစ်ပေသည်။ သူတို့သည်လည်းယင်းသို့သုတ် သင်ဖျက်ဆီးခြင်းကိုလုံးဝခံထိုက်ကြ သတည်း။-
ကမ္ဘာတစ်ဝှမ်းလုံးမှနိုင်ငံရှိသမျှတို့တွင် ဤနည်းအတိုင်းပင်ဖြစ်ပျက်ရလိမ့်မည်။ ဤသို့ဖြစ်ပျက်ရာအချိန်သည်သံလွင်သီး များကိုအပင်ရှိသမျှမှရိုက်ချလျက်၊ စပျစ်သီးအကြွင်းအကျန်များကိုလည်း စပျစ်နွယ်များမှဆွတ်ခူးပြီးသည့်အချိန်၊ သီးနှံများရိတ်သိမ်းမှုပြီးဆုံးရာကာလ နှင့်တူလိမ့်မည်။
အကယ်၍ထိုပြည်တွင်လူဦးရေဆယ်ရာနှုန်းမျှသာကျန်ရစ်မည်ဆိုလျှင်လည်း ထိုသူတို့သည်ဆုံးပါးပျက်စီးရကြမည်သာဖြစ်၏။ ထိုသူတို့သည်ခုတ်လှဲလိုက်သည့်ဝက်သစ်ချပင်တို့၏ငုတ်တိုများနှင့်တူလိမ့်မည်'' ဟုမိန့်တော်မူ၏။ (သစ်ငုတ်တိုများသည်ဘုရားသခင်လူမျိုးတော်၏ဘဝသစ်အစပျိုးမှုကိုဖော်ပြသည်။)
ငါသည်ကယ်တင်ရန်သင်တို့ထံလာမည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာနိုင်ငံ တကာတို့အား ဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည်မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း အပြစ်ဒဏ်ခတ်သောအခါ၌မူကား တရားသဖြင့်ပြုမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။