သို့ရာတွင်ယင်းပြည်သည်ယခုမှစ၍လူ တို့ကိုကိုက်စားသည့်ပြည်၊ သင်တို့၏သား သမီးများကိုဆုံးပါးစေသည့်ပြည်ဖြစ် တော့မည်မဟုတ်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။-
ယေဇကျေလ 36:13 - Common Language Bible ``ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကားလူတို့က ထိုပြည်သည်လူတို့ကိုကိုက် စားသည့်ပြည်၊ ပြည်သားတို့၏သားသမီး များကိုဆုံးပါးစေသည့်ပြည်ဖြစ်သည် ဆိုသည်မှာမှန်၏။- Garrad Bible သင် သည် လူ တို့ ကို မျို စား သော ပြည်၊ သား တို့ ကို ဆုံး ပါး စေ သော ပြည် ဖြစ် သည် တ ကား ဟု ဆို ရိုး ရှိ သည် မှာ၊ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည် လူတို့ကို ကိုက်စားတတ်၏။ ကိုယ်အမျိုးသားတို့ကို လုယူဖျက်ဆီးတတ်၏ဟု သူတစ်ပါးဆိုသောကြောင့်၊ မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘လူတို့က သင်တို့အား သင်သည် လူကိုဝါးမျိုသောသူ၊ သင့်လူမျိုး၏သားသမီးတို့ကို ဆုံးပါးစေသောသူဖြစ်၏ဟူ၍ ဆိုကြ၏’ဟု မိန့်တော်မူ၏။ |
သို့ရာတွင်ယင်းပြည်သည်ယခုမှစ၍လူ တို့ကိုကိုက်စားသည့်ပြည်၊ သင်တို့၏သား သမီးများကိုဆုံးပါးစေသည့်ပြည်ဖြစ် တော့မည်မဟုတ်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။-
သို့ဖြစ်၍သူတို့သည်မိမိတို့စုံစမ်းထောက် လှမ်းခဲ့သောပြည်အကြောင်း မဟုတ်မမှန် သတင်းကိုဣသရေလအမျိုးသားတို့ တွင်ဖြန့်ကြသည်။ သူတို့က``ထိုပြည်၌ထို ပြည်သားတို့အတွက်ပင်လျှင်သီးနှံလောက် အောင်မထွက်ပါ။ ငါတို့တွေ့မြင်ခဲ့သောသူ အပေါင်းတို့သည်အလွန်အရပ်မြင့်ကြ၏။-