ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
ယေဇကျေလ 35:2 - Common Language Bible ကိုယ်တော်က``စိရတောင်သို့လှည့်၍ထိုပြည် ကိုရှုတ်ချလော့။- Garrad Bible အ ချင်း လူ့ သား၊ စိ ရ တောင် ကို မျက် နှာ မူ လျက် ဟော ပြော ဆင့် ဆို ရ မည် မှာ၊ Judson Bible အချင်းလူသား၊ သင်သည် စိရတောင်တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ စိရတောင်သို့မျက်နှာမူပြီး ထိုတောင်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။ |
ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
``ယခုအခါအမ္မုန်ပြည်သား၊ မောဘပြည်သား နှင့်ဧဒုံပြည်သားတို့သည်အကျွန်ုပ်အားတိုက် ခိုက်ကြပါပြီ။ အကျွန်ုပ်တို့ဘိုးဘေးများ အီဂျစ်ပြည်မှထွက်ခွာလာစဉ်အခါက ဘိုးဘေးတို့သည်ထိုပြည်များသို့ဝင်ရောက် ခွင့်ကိုကိုယ်တော်ပေးတော်မမူပါ။ သို့ဖြစ် ၍သူတို့သည်ထိုပြည်များကိုရှောင်ကွင်း ပြီးလျှင်မဖျက်မဆီးဘဲထားခဲ့ကြ ပါ၏။-
အို ထာဝရဘုရား၊ ယေရုရှလင်မြို့ကိုသိမ်းယူချိန်၌ ဧဒုံအမျိုးသားတို့ပြုသည့်အမှုကို သတိရတော်မူပါ။ ``ဤမြို့ကိုမြေပြင်နှင့်တပြေးညီအောင် ဖြိုဖျက်ကြလော့'' ဟုထိုသူတို့ပြောဆိုခဲ့ကြသော စကားကိုသတိရတော်မူပါ။
သို့ရာတွင်ထာဝရအရှင်ဘုရားသခင်သည် ငါ့အားကူမတော်မူသည်ဖြစ်၍၊ ထိုသူတို့၏စော်ကားမှုများသည်ငါ့ကို ဘေးအန္တရာယ်မဖြစ်စေနိုင်။ ထိုအရာတို့ကိုခံနိုင်ရန်ငါသည်အားတင်း၍ ထားပါ၏။
ကိုယ်တော်က``အချင်းလူသား၊ တောင်အရပ် သို့မျှော်ကြည့်၍ ထိုအရပ်နှင့်ထိုအရပ်ရှိ သစ်တောအားဗျာဒိတ်တော်ကိုဆင့်ဆိုလော့။-
ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင် မြို့ဘက်သို့လှည့်၍ထိုမြို့ကိုရှုတ်ချလော့။ လူ တို့ကိုးကွယ်ဝတ်ပြုရာဌာနများကိုရှုတ် ချလော့။ ဣသရေလပြည်ကိုပရောဖက်ပြု ၍သတိပေးလော့။-
ကိုယ်တော်က``အချင်းလူသား၊ အမ္မုန်ပြည် သို့လှည့်၍ပရောဖက်ပြုလျက်ရှုတ်ချလော့။-
အရှင်ထာဝရဘုရားက``ယုဒအမျိုး သားတို့သည် လူမျိုးခြားအပေါင်းတို့နှင့် တူသည်ဟုမောဘပြည်နှင့်စိရမြို့သား တို့ဆိုသဖြင့်၊-
``ဧဒုံသည်လည်းမိမိ၏ဘုရင်များ၊ မင်းညီမင်း သားများနှင့်ထိုအရပ်တွင်ရှိ၏။ သူတို့သည်စွမ်း အားကြီးသည့်စစ်သူရဲများဖြစ်သော်လည်း စစ် ပွဲတွင်ကျဆုံးခဲ့သည့်အရေဖျားလှီးမင်္ဂလာ မခံသူတို့နှင့်အတူမရဏာနိုင်ငံတွင်လဲ လျက်နေရကြလေပြီ။
``ငါအရှင်ထာဝရဘုရားသည်ပတ်ဝန်း ကျင်တိုင်းပြည်တို့နှင့် ဧဒုံပြည်အပေါ်၌ ဒေါသအမျက်ချောင်းချောင်းထွက်၍မိန့် တော်မူလေပြီ။ သူတို့သည်ငါ၏ပြည် ကိုမထီမဲ့မြင်ပြုသောစိတ်၊ ပီတိစိတ် ဖြင့်စားကျက်များနှင့်တကွ ငါ၏ပြည် ကိုသိမ်းယူခဲ့ကြ၏။
ကိုယ်တော်ကငါ့အား``အချင်းလူသား၊ သင်သည် ဣသရေလတောင်များကိုကြည့်၍ သူတို့အား ငါ၏အမိန့်တော်ကိုဆင့်ဆိုလော့။-
ဤကျမ်းစောင်သည်ဧဒုံပြည်ကိုရည်မှတ်၍ သြဗဒိအား အချုပ်အခြာအာဏာပိုင်ရှင် ဘုရားသခင်ပေးတော်မူသောဗျာဒိတ်တော် ကိုဖော်ပြရာဖြစ်၏။ ထာဝရဘုရားသည်လူမျိုးတကာတို့ ထံသို့ မိမိ၏သံတမန်ကိုစေလွှတ်တော် မူလေပြီ။ ``အသင့်ပြင်ဆင်ကြလော့။ ဧဒုံပြည်သို့ငါတို့စစ်ချီကြကုန်အံ့'' ဟူ၍ ကြွေးကြော်စေတော်မူသံကိုငါတို့ကြား ရကြ၏။
ငါဟောပြောချိန်၌ဘုရားသခင်သည်ငါ့အား နှုတ်သတ္တိကိုပေးသနားတော်မူရန်လည်းကောင်း၊ သတင်းကောင်း၏နက်နဲသောအရာကိုရဲရင့် စွာဖွင့်ပြနိုင်ရန်လည်းကောင်း ငါ့အတွက်လည်း ဆုတောင်းကြလော့။-
သူတို့ကိုမတိုက်ခိုက်နှင့်။ ငါသည်ဧဒုံပြည် ကိုဧသော၏အဆက်အနွယ်တို့အားအပိုင် ပေးထားပြီ။-
ဣဇာက်၌သားများဖြစ်ကြသောယာကုပ်နှင့် ဧသောတို့ကိုထွန်းကားစေ၏။ ငါသည်ဧသော အားဧဒုံတောင်ကုန်းဒေသကိုအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကားအီဂျစ်ပြည် သို့သွားရောက်နေထိုင်ခဲ့ကြသည်။-