ထာဝရဘုရားသည်ဘုရားဖြစ်တော်မူသည်ဟု ဝန်ခံကြလော့။ ကိုယ်တော်သည်ငါတို့အားဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော်၏လူစုတော်ဖြစ်ကြ၏။ ကိုယ်တော်စောင့်ထိန်းတော်မူသည့်သိုးစုဖြစ် ကြ၏။
ယေဇကျေလ 34:30 - Common Language Bible သူတို့၏ဘုရားသခင်ငါထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားကာ ကွယ်လျက်ရှိကြောင်း၊ သူတို့သည်ငါ၏လူ မျိုးတော်ဖြစ်ကြကြောင်းလူတိုင်းပင်သိရှိ ကြလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။ Garrad Bible ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား တည်း ဟူ သော ငါ သည်၊ သူ တို့ နှင့် အ တူ စံ နေ ကြောင်း၊ ဣ သ ရေ လ အ မျိုး သား တည်း ဟူ သော သူ တို့ သည်၊ ငါ့ လူ မျိုး တော် ဖြစ် ကြောင်း များ ကို သိ ရ ကြ လ တ္တံ့ ဟူ ၍ လည်း ကောင်း၊ Judson Bible သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူ ရှိကြောင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသား တည်းဟူသော သူတို့သည် ငါ၏လူဖြစ်ကြောင်းကိုလည်းကောင်း သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်း၊ အစ္စရေးအမျိုးအနွယ်သည် ငါ့လူမျိုးတော်ဖြစ်ကြောင်းကို လူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ |
ထာဝရဘုရားသည်ဘုရားဖြစ်တော်မူသည်ဟု ဝန်ခံကြလော့။ ကိုယ်တော်သည်ငါတို့အားဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော်၏လူစုတော်ဖြစ်ကြ၏။ ကိုယ်တော်စောင့်ထိန်းတော်မူသည့်သိုးစုဖြစ် ကြ၏။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
ဣသရေလအမျိုးသားတို့သည်ငါ့ကို ပစ်ပယ်၍ မိမိတို့ကိုယ်ကိုအပြစ်များဖြင့် မညစ်ညမ်းစေရန် ဤသို့ငါပြုမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည် လည်းသူတို့၏ဘုရားဖြစ်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
ငါသည်သင်နှင့်ပဋိညာဉ်ကိုအသစ်တစ်ဖန်ပြန် ၍ဖွဲ့မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်သိရှိရလိမ့်မည်။-
ငါထာဝရဘုရားသည်သူတို့၏ဘုရား ဖြစ်လိမ့်မည်။ ငါ၏အစေခံဒါဝိဒ်ကဲ့သို့ သောဘုရင်သည်လည်း သူတို့၏ဘုရင် ဖြစ်လိမ့်မည်။ ဤကားငါမိန့်တော်မူသော စကားဖြစ်၏။-
ထိုအခါသင်တို့သည်မိမိတို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပြည်တွင်နေ ထိုင်ရကြလိမ့်မည်။ သင်တို့သည်ငါ၏လူ မျိုးတော်ဖြစ်၍ငါသည်လည်းသင်တို့၏ ဘုရားဖြစ်လိမ့်မည်။-
ငါသည်ထိုအရပ်တွင်သူတို့နှင့်အတူကိန်း ဝပ်၍သူတို့၏ဘုရားဖြစ်လိမ့်မည်။ သူတို့ သည်လည်းငါ၏လူမျိုးတော်ဖြစ်ကြလိမ့် မည်။-
ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။