ယေဇကျေလ 16:62 - Common Language Bible62 ငါသည်သင်နှင့်ပဋိညာဉ်ကိုအသစ်တစ်ဖန်ပြန် ၍ဖွဲ့မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်သိရှိရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible62-63 သင် ပြစ် မှား သ မျှ ကို ငါ ဖြေ လွှတ် ပြီး သည့် နောက်၊ ထို သို့ သ တိ ရ လျက် နှုတ် မ မြွက် ဝံ့ အောင် ရှက် လျက် ရှုတ် ချ ခံ ရ စေ ခြင်း ငှာ၊ ထို ပ ဋိ ညာဉ် တော် ကို ကိုယ် တော် တိုင် အ တည် ပြု မည့် အ လျောက်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သင် သိ ရ လ တ္တံ့ ဟု ယေ ရု ရှ လင် မြို့ အား၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့ ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible62 ထိုအခါ ငါ၏ပဋိညာဉ်ကို သင်နှင့် ငါဖွဲ့မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း62 ဤသို့ဖြင့် သင်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ငါတည်စေသဖြင့် ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့၏လုံခြုံရေးကိုစိတ်ချရစေရန်ငါ သည်သူတို့နှင့်ပဋိညာဉ်ပြုတော်မူမည်။ ကြောက်မက်ဖွယ်ကောင်းသည့်သားရဲတိရစ္ဆာန် အပေါင်းကိုပြည်တွင်းမှဖယ်ရှားပစ်မည်။ သို့မှသာလျှင်ငါ၏သိုးတို့သည်ဘေးမဲ့ လုံခြုံစွာတောကန္တာရများ၌နေရကြ ၍ တောများတွင်အိပ်ရကြလိမ့်မည်။
ထိုမင်းသည်ခုနစ်နှစ်တိုင်တိုင်များစွာ သောလူတို့နှင့် အခိုင်အမာသဘောတူ စာချုပ်ချုပ်ဆိုလိမ့်မည်။ သုံးနှစ်ခွဲမျှ ကြာသောအခါသူသည် ယဇ်နှင့်ပူဇော် သကာများဆက်ကပ်မှုကိုရပ်စဲစေ လိမ့်မည်။ ထိုနောက်ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့်အရာ ကို ဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားလိမ့်မည်။ ထိုအရာသည်မြှောက်တင်သူ အတွက် ဘုရားသခင်ပြင်ဆင်စီရင်ထား တော်မူသောဆုံးပါးပျက်စီးချိန်တိုင် အောင် ဗိမာန်တော်တွင်တည်ရှိနေလိမ့်မည်'' ဟုဆို၏။
ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ ထိုအခါငါသည်သင်တို့၏ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်ပေါ်တွင်ကျိန်းဝပ်တော်မူပေသည်။ ယေရုရှလင်မြို့သည်သန့်ရှင်းမြင့်မြတ်လိမ့်မည်။ လူမျိုးခြားတို့သည်ထိုမြို့ကိုနောက်တစ်ဖန် အဘယ်အခါ၌မျှနိုင်နင်းရကြလိမ့်မည် မဟုတ်။