အရှင်ထာဝရဘုရားကအီဂျစ်ဘုရင် အား``သင်သည်ဗာဗုလုန်ဘုရင်၏ဋ္ဌားကို ရင်ဆိုင်ရလိမ့်မည်။-
ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ သင့် အ ပေါ် တွင်၊ ဗာ ဗု လုန် ဘု ရင်၏ ဓား ဘေး သင့် ရောက် သော်၊
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ဓားသည် သင့်အပေါ်သို့ ရောက်လိမ့်မည်။
အကြောင်းမူကား ဘုရားရှင်ထာဝရဘုရားက ‘ဘေဘီလုံဘုရင်၏ဓားသည် သင့်ထံရောက်လာလိမ့်မည်။
ထိုနောက်သူတို့အား`ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရ ဘုရားသည်မိမိ၏အစေခံဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကိုဤအရပ်သို့ခေါ်ဆောင် လာမည်။ ငါမြှုပ်ထားသည့်ဤကျောက်တုံး များအပေါ်တွင်သူ၏ရာဇပလ္လင်ကိုတည် ၍သူ၏တဲတော်ကိုငါဖြန့်မည်။-
အီဂျစ်ပြည်ကိုတိုက်ခိုက်ရန်ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလာရောက်သောအခါ ထာဝရ ဘုရားသည်ငါ့အားဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော်က၊
အရှင်ထာဝရဘုရားက``ဘုရင်တကာတို့ တွင် အကြီးမြတ်ဆုံးဖြစ်သည့်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာအား တုရုမြို့ကို တိုက်ခိုက်ရန်ငါခေါ်ဆောင်ခဲ့မည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်လျက်၊ မြင်း များစစ်မြင်းရထားများ၊ မြင်းစီးသူရဲ များနှင့်တကွကြီးမားသောစစ်သည် အလုံးအရင်းနှင့်မြောက်အရပ်မှချီ တက်လာလိမ့်မည်။-
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်မှာ အီဂျစ်ပြည်ကိုဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာမင်း၏လက်သို့ငါအပ်မည်။ သူသည်လုယက်တိုက်ခိုက်ကာအီဂျစ်ပြည် ၏ဥစ္စာဋ္ဌနရှိသမျှကို မိမိ၏တပ်မတော် အတွက်သိမ်းယူသွားလိမ့်မည်။-
အီဂျစ်ပြည်တွင်စစ်ဖြစ်လိမ့်မည်။ ကုရှပြည်တွင်ကြီးစွာသောဘေးအန္တရာယ်နှင့် ကြုံတွေ့ကြလိမ့်မည်။ လူအမြောက်အမြားပင်အီဂျစ်ပြည်တွင် အသတ်ခံရကြလိမ့်မည်။ ထိုပြည်သည်လုယက်ဖျက်ဆီးခြင်းခံရ၍ ယိုယွင်းပျက်စီး၍ကျန်ရစ်လိမ့်မည်။
ထို့ကြောင့်ငါသည်ထိုအပင်ကိုပစ်ပယ်ကာ လူမျိုးခြားဘုရင်တစ်ပါး၏လက်သို့ပေး အပ်မည်။ သူသည်ထိုအပင်အားယင်း၏ဆိုး ယုတ်မှုနှင့်ထိုက်လျောက်ရာအပြစ်ကိုပေး လိမ့်မည်။-