အာဝင်မြို့နှင့်ဖိဗေသက်မြို့တို့မှလူငယ် လူရွယ်များသည်စစ်ပွဲတွင်ကျဆုံးကြ၍ အခြားသူတို့သည်ကားသုံ့ပန်းအဖြစ် အဖမ်းခံရကြလိမ့်မည်။-
အာ ဝင် မြို့၊ ဖိ ဗေ သက် မြို့ ရှိ လူ ပျို တို့ သည်၊ ဓား ဖြင့် ကျ ဆုံး လျက်၊ မြို့ သူ မြို့ သား တို့ လည်း၊ သုံ့ ပန်း သိမ်း သွား ခံ ရ ကြ လ တ္တံ့။
အာဝင်မြို့၊ ဖိဗေသက်မြို့သား လုလင်တို့သည် ဓားဖြင့်လဲ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။
အာဝင်မြို့၊ ဖိဗေသက်မြို့ရှိ လုလင်ပျိုတို့သည် ဓားဘေးဖြင့် ကျဆုံးကြလိမ့်မည်။ မြို့သားတို့သည် သုံ့ပန်းအဖြစ် ပါသွားကြလိမ့်မည်။
ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။-
ယောသပ်သည်အီဂျစ်ပြည်ရှိသြနမြို့မှယဇ် ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ် နှင့်သားနှစ်ယောက်ဖြစ်ကြသောမနာရှေနှင့် ဧဖရိမ်တို့ကိုရသည်။-
သူသည်အီဂျစ်ပြည်ရှိနေမင်းမြို့တော်အ ထိမ်းအမှတ်ကျောက်တိုင်များကိုချိုးဖျက် ၍အီဂျစ်ဘုရားဝတ်ကျောင်းများကိုမီးရှို့ လိမ့်မည်' ဟုမိန့်တော်မူကြောင်းဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
ငါသည်အီဂျစ်ပြည်ကိုမီးလောင်စေ၍ သိန်မြို့ကိုလည်းပြင်းထန်စွာနာကျင်စေ မည်။ ထိုမြို့၏မြို့ရိုးများသည်ဖြိုဖျက် ခြင်းခံရသဖြင့်ထိုမြို့ကိုရေလွှမ်းမိုး လိမ့်မည်။-
အီဂျစ်ပြည်သားတို့အားငါသည်လူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။-
ငါသည်ဒမာသက်မြို့တံခါးများကိုချေ မှုန်း၍ အာဝင်ချိုင့်နှင့်ဗေသေဒင်မြို့တွင်ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ရှုရိပြည်သား တို့သည်ကိရပြည်သို့သုံ့ပန်းအဖြစ်နှင့် လိုက်ပါသွားရမည်'' ဟုမိန့်တော်မူ၏။