ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်တွင်ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကိုတည်ထားလိမ့်မည်။ ကိုယ် တော်အားအနုမောဒနာပြု၍စိုက်ထူထား သည့်ကျောက်တိုင်တစ်ခုသည်နယ်စပ်တွင်ရှိ လိမ့်မည်။-
ယေဇကျေလ 30:1 - Common Language Bible တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါ့ထံသို့ရောက်လာ၏။- Garrad Bible တစ် ဖန်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည်၊ ငါ သို့ ရောက် လာ၍၊ Judson Bible တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ |
ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်တွင်ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကိုတည်ထားလိမ့်မည်။ ကိုယ် တော်အားအနုမောဒနာပြု၍စိုက်ထူထား သည့်ကျောက်တိုင်တစ်ခုသည်နယ်စပ်တွင်ရှိ လိမ့်မည်။-
နေဗုခဒ်နေဇာသည်လာ၍အီဂျစ်ပြည်ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သူသည်အနာ ရောဂါဘေးဖြင့်သေရကြမည့်သူတို့အား အနာရောဂါဘေးဖြင့်သေစေလိမ့်မည်။ သုံ့ ပန်းများအဖြစ်နှင့်ခေါ်ဆောင်ခြင်းခံရကြ မည့်သူတို့အားသုံ့ပန်းများအဖြစ်ခေါ်ဆောင် သွားလိမ့်မည်။ စစ်ပွဲတွင်ကျဆုံးရကြမည့် သူတို့အားစစ်ပွဲတွင်ကျဆုံးစေလိမ့်မည်။-
ငါတို့ပြည်နှင်ဒဏ်ခံသောနှစ်ဆယ့်ခုနစ် နှစ်မြောက်ပထမလ၊ လဆန်းတစ်ရက်နေ့ ၌ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် ကိုရှုတ်ချလော့။ သူနှင့်တကွအီဂျစ်တစ် ပြည်လုံးအပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ဆင့်ဆိုလော့။-
``ထိုအမှုအရာများဖြစ်ပျက်လာသော အခါ ငါသည်ဣသရေလအမျိုးသားတို့ အားဦးချိုတည်းဟူသောခွန်အားကြီးစေ မည်။ ထိုနောက်အချင်းယေဇကျေလ၊ ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း လူအပေါင်းတို့သိရှိကြစေရန်သင့်အား ဟောပြောစေမည်''ဟုမိန့်တော်မူ၏။
ကိုယ်တော်က``အချင်းလူသား၊ ငါအရှင် ထာဝရဘုရား၏အမိန့်တော်ကိုအသံ ကျယ်စွာဟောပြောရမည်မှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသောနေ့သည် ကျရောက်လတ္တံ့။
``အီဂျစ်ဘုရင်သည်အသက်ရှင်သူတို့ကို တုန်လှုပ်ချောက်ချားအောင်ပြုခဲ့၏။ သို့ရာ တွင်သူနှင့်သူ၏စစ်သူရဲအပေါင်းတို့သည် သုတ်သင်ခြင်းကိုခံရ၏။ စစ်ပွဲတွင်ကျဆုံး ခဲ့သောအရေဖျားလှီးမင်္ဂလာမခံသူတို့ နှင့်အတူမြှုပ်နှံခြင်းကိုခံရလိမ့်မည်။'' ဤကားအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။