ယေဇကျေလ 29:2 - Common Language Bible2 ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် ကိုရှုတ်ချလော့။ သူနှင့်တကွအီဂျစ်တစ် ပြည်လုံးအပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ဆင့်ဆိုလော့။- အခန်းကိုကြည့်ပါ။Garrad Bible2 အ ချင်း လူ့ သား၊ အိ ဂျစ် ဘု ရင် ဖာ ရော မင်း သို့ မျက် နှာ မူ လျက်၊ ထို မင်း မှ စ သော တစ် ပြည် လုံး ကို ရည်၍၊ ဟော ပြော ဆင့် ဆို ရ မည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible2 အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းတစ်ဖက်၌ မျက်နှာထား၍၊ သူနှင့် အဲဂုတ္တုပြည် တစ်ပြည်လုံးတစ်ဖက်၌ ပရောဖက်ပြုလျက်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 “အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးဘက်သို့မျက်နှာမူပြီး အီဂျစ်ပြည်တစ်ပြည်လုံးကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။ အခန်းကိုကြည့်ပါ။ |
ဤဗျာဒိတ်တော်သည်အီဂျစ်ပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားသည်မိုးတိမ်ကိုစီး၍ အီဂျစ် ပြည်သို့လျင်မြန်စွာကြွလာတော်မူလေပြီ။ အီဂျစ်ပြည်ရှိရုပ်တုဆင်းတုများသည် ကိုယ် တော်၏ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြ ကုန်၏။ အီဂျစ်ပြည်သူတို့သည်လည်းသူရဲ ဘောကြောင်၍သွားကုန်၏။-
ငါသည်ယုဒဘုရင်ဇေဒကိကိုမိမိအား သတ်ဖြတ်လို၍ မိမိ၏ရန်သူဖြစ်သောဗာဗု လုန်ဘုရင်နေဗုခဒ်နေဇာထံအပ်နှင်းသကဲ့ သို့ အီဂျစ်ဘုရင်ဟောဖရာကိုလည်းမိမိ အားသတ်ဖြတ်လိုသောရန်သူများလက် သို့အပ်နှင်းမည်'' ဟုမိန့်တော်မူကြောင်းလူ အပေါင်းတို့အား အထူးသဖြင့်အမျိုး သမီးများအားဆင့်ဆိုလေသည်။