Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 32:32 - Common Language Bible

32 ``အီ​ဂျစ်​ဘု​ရင်​သည်​အ​သက်​ရှင်​သူ​တို့​ကို တုန်​လှုပ်​ချောက်​ချား​အောင်​ပြု​ခဲ့​၏။ သို့​ရာ တွင်​သူ​နှင့်​သူ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် သုတ်​သင်​ခြင်း​ကို​ခံ​ရ​၏။ စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့ နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။'' ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​သည် သူ​တစ်​ပါး​တို့​ကို ကြောက်​စေ​သော​အ​ခွင့်​ကို ငါ​ပေး​သော်​လည်း၊ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​လူ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့် သေ​သော​သူတို့နှင့်အတူ၊ အရေဖျားလှီးခြင်းကိုမခံသောလူ​တို့​အ​လယ်၌ လဲ၍​နေ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 “ငါ​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​ပြည်သူပြည်သား​အပေါင်း​တို့​ကို မြေကြီးသား​တို့ ကြောက်ရွံ့​အောင်​ပြု​ခဲ့​သော်လည်း နောက်ဆုံး​မှာ သူ​တို့​သည် ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​တို့​နှင့်အတူ လဲလျောင်း​နေ​ရ​လိမ့်မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 32:32
13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​တို့​စ​ခန်း​သိမ်း​၍​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​ရှိ​မြို့​သား​တို့ သည်​အ​လွန်​ကြောက်​ရွံ့​ကြ​သ​ဖြင့် သူ​တို့​ကို လိုက်​လံ​၍​မ​တိုက်​ခိုက်​ဝံ့​ကြ​ချေ။-


ငါသည် ဘုရားသခင်ဖျက်ဆီးတော်မူခြင်းဘေး ကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ် မှားဝံဘဲနေပါပြီ။


ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​ဆယ်​နှစ်​မြောက်၊ ဒ​သ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​နှစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-


တစ်​ဖန်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-


ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော တစ်​ဆယ့်​တစ်​နှစ် မြောက်၊ တ​တိ​ယ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-


သူ​တို့​သည်​လက်​နက်​အ​ပြည့်​အ​စုံ​ကိုင်​စွဲ လျက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​ရှေး သူ​ရဲ​ကောင်း​ကြီး​များ​ကဲ့​သို့ မိ​မိ​တို့​၏​ဋ္ဌား များ​ကို​ဦး​ခေါင်း​အောက်​တွင်​လည်း​ကောင်း၊ ဒိုင်း​လွှား​များ​ကို​ရင်​ပတ်​ပေါ်​တွင်​လည်း​ကောင်း ထား​ရှိ​ကာ​ဂုဏ်​ပြု​သင်္ဂြိုဟ်​ခြင်း​ကို​မ​ခံ​ရ ကြ။ သူ​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ သူ​အ​ခြား​ကျ​ဆုံး​လေ​ပြီး​သော စစ်​သူ​ရဲ ကောင်း​များ​နှင့်​အ​တူ​လဲ​လျောင်း​နေ​လေ​ပြီ။ ဤ​သူ​ရဲ​ကောင်း​များ​သည်​အ​ခါ​တစ်​ပါး က​အ​သက်​ရှင်​သူ​တို့​ကို​တုန်​လှုပ်​ချောက် ချား​ရန် ပြု​လုပ်​သည့်​တန်​ခိုး​ကြီး​မား​သူ များ​ဖြစ်​ခဲ့​ကြ​၏။


``အီ​ဂျစ်​ဘု​ရင်​နှင့် သူ​၏​တပ်​မ​တော်​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​သော ထို​သူ​အ​ပေါင်း​ကို တွေ့​မြင်​သော​အ​ခါ​မိ​မိ​တို့​ကိုယ်​ကို​နှစ် သိမ့်​နိုင်​ကြ​လိမ့်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-


ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သ​ခင်​ဘု​ရား​အား ကြောက်​ရွံ့​ရ​ကြောင်း​ကို​သိ​သ​ဖြင့် လူ​တို့​အား တိုက်​တွန်း​နှိုး​ဆော်​၏။ ငါ​တို့​၏​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​အ​ကြွင်း​မဲ့​သိ​တော်​မူ​၏။ သင် တို့​သည်​လည်း​စိတ်​နှ​လုံး​ထဲ​က​ငါ့​အ​ကြောင်း ကို​လည်း ကောင်း​စွာ​သိ​ကြ​လိမ့်​မည်​ဟု​ငါ မျှော်​လင့်​၏။-


အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ လက်​တော်​သို့​ကျ​ရောက်​ရ​ခြင်း​သည် ကြောက် မက်​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ