ထိုအခါရုဗင်က``ငါသည်သင်တို့အားသူငယ် ကို ဘေးဒုက္ခမရောက်စေပါနှင့်ဟူ၍သတိပေး ခဲ့သော်လည်းသင်တို့သည်နားမထောင်ကြ။ ထို့ ကြောင့်ငါတို့သည်ယခုဝဋ်လည်နေရကြပြီ'' ဟုဆိုလေ၏။-
ယေဇကျေလ 3:18 - Common Language Bible ငါကမကောင်းမှုပြုသူတစ်စုံတစ်ယောက် သည်သေရလိမ့်မည်ဟုဆိုသော်လည်းထိုသူ မသေရလေအောင် သင်သည်သူ၏လမ်းစဉ်ကို ပြင်ဆင်ရန်သတိမပေးဘဲနေပါမူ ထိုသူ သည်မိမိကူးလွန်သည့်အပြစ်အတွက်သေ ရလိမ့်မည်။ ထိုအခါထိုသူသေရသည့်အ တွက်သင့်မှာတာဝန်ရှိသည်။- Garrad Bible လူ ဆိုး အား၊ မု ချ သေ ဒဏ် ခံ ရ မည် ဟု ငါ မိန့် ဆို ရာ၌၊ သင် သည် ထို လူ ဆိုး ကို အ သက် ချမ်း သာ ရ အံ့ သော ငှာ၊ ဆိုး သွမ်း သော အ လေ့ အ လာ မှ ကြဉ် ရှောင် ရန်၊ အ ဆုံး အ မ စ ကား ဖြင့် သ တိ မ ပေး လျှင်၊ ကိုယ့် ဒု စ ရိုက် ကြောင့် ထို လူ ဆိုး သေ ဒဏ် ခံ ရ လျက် ပင်၊ အ သွေး ကို ကား သင့် ထံ ငါ တောင်း ဆို မည်။ Judson Bible သင်သည် အမှန်သေလိမ့်မည်ဟု၊ လူဆိုးအား ငါပြောလျက်နှင့် သင်သည် သတိမပေး၊ လူဆိုး၏ အသက်ကို ချမ်းသာစေခြင်းငှာ၊ လူဆိုးအား သတိပေးသောစကားကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေလိမ့်မည်။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူအား ‘သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့် သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရရန် သင်သည် သူ့ကို သတိမပေး၊ မပြောပြဘဲနေလျှင် ထိုဆိုးယုတ်သောသူသည် သူ့အပြစ်ကြောင့် သေရမည်။ သို့သော် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။ |
ထိုအခါရုဗင်က``ငါသည်သင်တို့အားသူငယ် ကို ဘေးဒုက္ခမရောက်စေပါနှင့်ဟူ၍သတိပေး ခဲ့သော်လည်းသင်တို့သည်နားမထောင်ကြ။ ထို့ ကြောင့်ငါတို့သည်ယခုဝဋ်လည်နေရကြပြီ'' ဟုဆိုလေ၏။-
မိမိ၏အိမ်ခန်းတွင်အိပ်စက်နေသောအပြစ်မဲ့ သူအားသတ်ဖြတ်ကြသည့်လူဆိုးတို့ကို ပို၍ ပြင်းထန်သောအပြစ်ဒဏ်စီရင်သင့်သည်မ ဟုတ်လော။ ထိုအပြစ်မဲ့သူကိုသတ်သည့်အတွက် ယခုငါသည်သင်တို့အပေါ်တွင်လက်စားချေ မည်။ သင်တို့အားမြေမျက်နှာပြင်ပေါ်မှသုတ် သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။-
မင်းကြီးအား`မိမိ၏သလွန်မှတစ်ဖန်ပြန်၍ ထနိုင်မည်မဟုတ်ကြောင်း၊ သေမည်ဖြစ်ကြောင်း ထာဝရဘုရားမိန့်တော်မူသည်ကိုသင်တို့ လျှောက်ထားကြလော့' ဟုဆင့်ဆိုရမည်'' ဟု မိန့်တော်မူသည်။ ဧလိယသည်ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းပြုသဖြင့်၊-
မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
သူယုတ်မာတို့မူကားအမင်္ဂလာရှိလိမ့်မည်။ မိမိတို့၏ဆိုးယုတ်သည့်အကျင့်အကြံ အပြုအမူများအတွက်အပြစ်ဒဏ်သင့် ကြလိမ့်မည်။
သူသည်အတိုးအမြတ်ရအောင်ငွေကိုချေး ၏။ ထိုသူသည်အသက်ရှင်နိုင်မည်လော။ အသက် ရှင်နိုင်မည်မဟုတ်။ သူသည်ယင်းသို့စက်ဆုပ် ဖွယ်ကောင်းသောအမှုတို့ကိုပြုသဖြင့်သေ ရလိမ့်မည်။ သူ၏သွေးသည်သူ့ခေါင်းပေါ် တင်လျက်ရှိ၏။
သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
အဖ၏အသက်ကိုငါပိုင်၏။ သား၏အသက် ကိုလည်းငါပိုင်၏။ လူတိုင်း၏အသက်ကို ငါပိုင်၏။ သေရမည့်သူကားအပြစ်ကူးလွန် သူပင်ဖြစ်၏။
``သူတော်ကောင်းတစ်ယောက်သည်မကောင်းမှု ကိုပြုလာသဖြင့် ငါသည်သူ့အားအန္တရာယ် ရှိသောအခြေအနေသို့ရောက်စေ၍သူသည် သေရမည်။ ထိုအခါသင်သည်သူ့ကိုသတိ မပေးဘဲနေပါမူ သူသည်မိမိကူးလွန် သည့်အပြစ်အတွက်သေရလိမ့်မည်။ ယခင် ကသူပြုသည့်ကောင်းမှုများကိုငါသတိ ရလိမ့်မည်မဟုတ်။ ထိုအခါထိုသူသေရ သည့်အတွက်သင့်မှာတာဝန်ရှိ၏။-
``အချင်းလူသား၊ သူတော်ကောင်းအပြစ် ကူးလွန်သောအခါသူပြုခဲ့သောကောင်း မှုများကသူ့ကိုကယ်လိမ့်မည်မဟုတ် ကြောင်း ဣသရေလအမျိုးသားတို့အား ပြောကြားလော့။ အကယ်၍ဆိုးညစ်သူ သည်မိမိ၏ဆိုးညစ်မှုကိုရပ်စဲလိုက်ပါ မူသူသည်အပြစ်ဒဏ်ကိုခံရတော့မည် မဟုတ်။ သူတော်ကောင်းသည်အပြစ်ကူး လွန်သောအခါသူသည်အသက်ချမ်း သာရာရမည်မဟုတ်။-
သို့ရာတွင်အကယ်၍ကင်းစောင့်သည်ရန်သူ လာသည်ကိုမြင်လျက်နှင့် အချက်ပေးတံပိုး ခရာကိုမမှုတ်ဘဲနေခဲ့သော် ရန်သူလွန်လာ ၍တစ်စုံတစ်ယောက်သတ်ဖြတ်ခံရလျှင်ထို သူသည်မိမိအပြစ်ကြောင့်သေရသော်လည်း ထိုသို့သေဆုံးသူ၏သွေးအတွက်ကင်းစောင့် မှာတာဝန်ရှိစေမည်။''
ငါအရှင်ထာဝရဘုရားသည်သင်တို့၏ ရန်သူဖြစ်၍ ငါ၏သိုးတို့သည်သင့်တာဝန် ဖြစ်ကြောင်းအတိအလင်းကြေညာ၏။ ငါ သည်မိမိ၏သိုးများကိုသင်တို့ထံမှသိမ်း ယူမည်။ အဘယ်အခါ၌မျှသင်တို့သည် သူတို့အားထိန်းကျောင်းခွင့်နှင့် မိမိတို့ကိုယ် ကိုသာလျှင်ကြည့်ရှုပြုစုခွင့်ကိုငါပေး တော့မည်မဟုတ်။ သိုးတို့သည်သင်တို့၏ အစာမဖြစ်အောင် ငါသည်မိမိသိုးတို့ ကိုသင်တို့လက်မှကယ်ဆယ်မည်။
ထိုသူအပေါင်းတို့သည်တောကန္တာရ၌သေဆုံး ရကြမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူခဲ့ သည့်အတိုင်းယေဖုန္နာ၏သားကာလက်နှင့် နုန် ၏သားယောရှုမှတစ်ပါးကျန်သောသူအား လုံးပင်သေဆုံးခဲ့ကြ၏။
သို့ရာတွင်သင်တို့သည်လည်းနောင်တမရ ကြလျှင် ထိုသူတို့နည်းတူသေကျေပျက်စီး ရလိမ့်မည်။-
သူတို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။ သို့ရာတွင်သင်တို့ သည်လည်းနောင်တမရကြလျှင် ထိုသူတို့ နည်းတူသေကျေပျက်စီးရလိမ့်မည်'' ဟု မိန့်တော်မူ၏။
ထိုမှတစ်ဖန်ကိုယ်တော်က ``ငါသည်ထွက်ခွာ သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့် မည်။ သို့ရာတွင်သင်တို့သည်မိမိတို့အပြစ် ၌သေကြလိမ့်မည်။ ငါသွားမည့်အရပ်သို့ သင်တို့မလိုက်နိုင်ကြ'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍သင်တို့သည်မိမိတို့အပြစ်၌သေ ကြလိမ့်မည်ဟုငါဆိုသတည်း။ ငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုသင်တို့မယုံကြည် လျှင် သင်တို့သည်မိမိတို့အပြစ်၌သေလိမ့်မည်'' ဟုမိန့်တော်မူ၏။
ပေတရုသည်ဤမျှသာမကအခြားတရား စကားများအားဖြင့်လည်းတိုက်တွန်းဟောပြော ၏။ ``သင်တို့သည်မိမိတို့ကိုယ်ကိုဤဆိုးယုတ် သောလူတို့ခံကြရမည့်အပြစ်ဒဏ်မှကင်း လွတ်စေကြလော့'' ဟုထိုသူတို့အားတိုက် တွန်း၏။-
သို့ဖြစ်၍ဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ သို့မှသာ၊-
သို့ပြုလျှင်သင်နှင့်တကွသင်၏တရားကို ကြားနာရသူအပေါင်းတို့သည်ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်။
မည်သူ့ကိုမျှသိက္ခာတင်မင်္ဂလာပေးရန်အလျင် စလိုမရှိနှင့်။ အခြားသူတို့အပြစ်ကူးရာ တွင်သင်မပါစေနှင့်။ သင်ကိုယ်တိုင်အပြစ် ကင်းအောင်နေလော့။
သို့ဖြစ်၍သူတို့ပြောသောစကားကိုနား ထောင်လော့။ သို့သော်ဘုရင်အုပ်စိုးသောအခါ ဘုရင်တို့၏ကျင့်ထုံးကျင့်နည်းတို့ကိုပြော ပြ၍ကြပ်တည်းစွာသတိပေးလော့'' ဟု မိန့်တော်မူ၏။