ထာဝရဘုရားကမောရှေအား ``တောင်အောက် သို့အမြန်ဆင်းလော့။ အီဂျစ်ပြည်မှသင်ထုတ် ဆောင်ခဲ့သောသင်၏လူတို့သည်ငါ့ကိုစွန့်ပယ် ကြပြီ။-
ယေဇကျေလ 3:11 - Common Language Bible ထိုနောက်ပြည်နှင်ဒဏ်သင့်သူသင်၏အမျိုး သားများထံသို့သွားလော့။ သူတို့သင်၏ စကားကိုဂရုစိုက်သည်ဖြစ်စေ၊ မစိုက် သည်ဖြစ်စေ၊ ငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုပြော ကြားလော့'' ဟုမိန့်တော်မူ၏။ Garrad Bible သိမ်း သွား ခံ ရ သော လူ မျိုး သား ချင်း တို့ အား၊ နား ထောင် ကြ သည် ဖြစ် စေ၊ နား မ ထောင် ကြ သည် ဖြစ် စေ၊ အ ရှင် ထာ ဝ ရ ဘု ရား ဤ သို့ မိန့် တော် မူ သည် ဟု၊ သွား ရောက် ကြား ပြော ဆင့် ဆို လော့ ဟူ၍ လည်း ကောင်း၊ မိန့် တော် မူ၏။ Judson Bible သိမ်းသွားခြင်းကို ခံရသော သင်၏အမျိုးသားချင်းတို့ ရှိရာသို့သွား၍၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ဟု၊ သူတို့နားထောင်သည် ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖမ်းခေါ်သွားခြင်းခံရသော သင့်အမျိုးသားချင်းတို့ထံသို့သွား၍ သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ‘ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူသည်’ဟူ၍ သူတို့အား ဆင့်ဆိုရမည်”ဟု ဆို၏။ |
ထာဝရဘုရားကမောရှေအား ``တောင်အောက် သို့အမြန်ဆင်းလော့။ အီဂျစ်ပြည်မှသင်ထုတ် ဆောင်ခဲ့သောသင်၏လူတို့သည်ငါ့ကိုစွန့်ပယ် ကြပြီ။-
ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ငါပြည် နှင်ဒဏ်ပေးလိုက်သည့်လူအပေါင်းတို့၊ သင် တို့သည်ငါထာဝရဘုရားမိန့်တော်မူသည့် စကားကိုနားထောင်ကြလော့' ဟူ၍မိန့်တော် မူ၏။
သူတို့သည်ခေါင်းမာ၍ငါ့အားမရိုသေ ကြ။ ငါထာဝရဘုရားအဘယ်သို့အမိန့် တော်ရှိသည်ကို သူတို့အားပြန်ကြားရန် သင့်ကိုသူတို့ထံသို့ငါစေလွှတ်မည်။-
သူတို့သည်ပုန်ကန်တတ်သူများဖြစ်သဖြင့် သင်၏စကားကိုနားထောင်သည်ဖြစ်စေ၊ နား မထောင်သည်ဖြစ်စေ၊ မိမိတို့ထဲတွင်ပရော ဖက်တစ်ပါးရှိသည်ကိုမူသိကြလိမ့်မည်။
သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင် သည်ဖြစ်စေ၊ ငါမိန့်တော်မူသမျှတို့ကိုသူ တို့အားဆင့်ဆိုရမည်။ သူတို့သည်ပုန်ကန် တတ်ကြောင်းကိုသတိရလော့။''
``သို့ဖြစ်၍အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကို ယခုဆင့်ဆိုလော့။ သူတို့၏ဘိုးဘေးများ သည်သစ္စာဖောက်ခြင်းအားဖြင့် ငါ့ကိုစော် ကားကြပြန်သည့်နည်းမှာဤသို့တည်း။-
ကိုယ်တော်ကဆက်လက်၍``အချင်းလူသား၊ ငါပြောသမျှသောစကားတို့ကိုသေချာ စွာနားထောင်မှတ်သားလော့။-
ထိုနောက်ဝိညာဉ်တော်သည်ငါ့ကိုချီမတော် မူသောအခါ ငါ၏နောက်မှ``ကောင်းကင်ဘုံ ရှိထာဝရဘုရား၏ဘုန်းအသရေတော် ကိုထောမနာပြုကြလော့'' ဟုမိုးချုန်းသံ ကဲ့သို့ကျယ်သောအသံကိုငါကြားရ၏။-
သို့ဖြစ်၍ငါသည်ပြည်နှင်ဒဏ်သင့်သူတို့ နေထိုင်ရာခေဗာမြစ်အနီးတေလဗိဗရွာ သို့သွား၍ ငါတွေ့မြင်ခဲ့ရသောအမှုအရာ များကြောင့်ခုနစ်ရက်ပတ်လုံးအံ့အားသင့် လျက်နေ၏။
ထိုနောက်သင့်အားငါတစ်ဖန်ပြောကြားစေ လိုသောအခါ၌သင်၏နှုတ်ကိုဖွင့်မည်။ ထို အခါသင်သည်သူတို့အားငါ့အရှင်ထာဝရ ဘုရား ဤသို့မိန့်တော်မူသည်ဟုဆင့်ဆိုရ မည်။ အချို့သောသူတို့သည်သင့်စကားကို နားထောင်၍ အချို့တို့သည်နားမထောင်ဘဲ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်ပုန်ကန်တတ်သောလူမျိုးဖြစ်သော ကြောင့်တည်း။''
``အချင်းလူသား၊ သူတော်ကောင်းအပြစ် ကူးလွန်သောအခါသူပြုခဲ့သောကောင်း မှုများကသူ့ကိုကယ်လိမ့်မည်မဟုတ် ကြောင်း ဣသရေလအမျိုးသားတို့အား ပြောကြားလော့။ အကယ်၍ဆိုးညစ်သူ သည်မိမိ၏ဆိုးညစ်မှုကိုရပ်စဲလိုက်ပါ မူသူသည်အပြစ်ဒဏ်ကိုခံရတော့မည် မဟုတ်။ သူတော်ကောင်းသည်အပြစ်ကူး လွန်သောအခါသူသည်အသက်ချမ်း သာရာရမည်မဟုတ်။-
``သို့ရာတွင်သင်၏အမျိုးသားချင်းတို့က ထာဝရဘုရားသည် ဖြောင့်မတ်စွာမစီရင် ဟုဆိုကြ၏။ သူတို့သာလျှင်ဖြောင့်မတ် စွာမပြုကြ။-
ကိုယ်တော်က``တိုင်းပြည်တစ်ပြည်ကိုငါသည် စစ်ဘေးအန္တရာယ်ဆိုက်ရောက်စေသောအခါ ထိုပြည်၌အဘယ်သို့ဖြစ်သည်ကိုသင်၏ အမျိုးသားတို့အားပြောပြလော့။ ပြည်သူ ပြည်သားတို့သည်မိမိတို့အထဲမှလူ တစ်ယောက်ကိုကင်းစောင့်အဖြစ်ဖြင့်ရွေး ချယ်ရကြ၏။-
ထာဝရဘုရားက``အချင်းလူသား၊ သင် ၏အမျိုးသားတို့သည်မြို့တံတိုင်းများ အနီး၌သော်လည်းကောင်း၊ မိမိတို့အိမ် တံခါးဝများ၌သော်လည်းကောင်း တွေ့ဆုံ မိကြသောအခါသင်၏အကြောင်းကို ပြောဆိုနေကြ၏။ သူတို့ကထာဝရ ဘုရားအဘယ်သို့အမိန့်တော်ရှိသည်ကို ယခုငါတို့သွား၍နားထောင်ကြကုန် အံ့'' ဟု အချင်းချင်းပြောဆိုကြ၏။-
ယင်းသို့ပြုသည်မှာအဘယ်သို့အဋ္ဌိပ္ပါယ် ရှိပါသနည်းဟု သင်၏အမျိုးသားတို့ ကမေးမြန်းကြလိမ့်မည်။-
ပိတ်ချောအင်္ကျီကိုဝတ်ဆင်ထားသော ကောင်းကင်တမန်က``ထိုကာလ၌ကြီး မြတ်သောကောင်းကင်တမန်မိက္ခေလသည် ပေါ်လာလိမ့်မည်။ သူသည်သင်၏အမျိုးသား များကိုစောင့်ထိန်းသောသူဖြစ်၏။ ထိုနောက် လူမျိုးအပေါင်းတို့ဖြစ်ပေါ်လာချိန်မှအစ ပြု၍ အဘယ်အခါ၌မျှမကြုံဘူးသော ဆင်းရဲဒုက္ခများဆိုက်ရောက်ရာကာလကျ ရောက်လာလိမ့်မည်။ ထိုအခါ၌ဘုရားသခင်၏စာစောင်တော်တွင်စာရင်းဝင် သူ သင်၏အမျိုးသားအပေါင်းတို့သည် လွတ်မြောက်ကြလိမ့်မည်။-
ထိုအခါသူတို့သည်မင်းကြီးအား``ယုဒ ပြည်မှဖမ်းဆီးခဲ့သူများအနက်တစ်ဦး ဖြစ်သူဒံယေလသည်အရှင်မင်းကြီး အားရိုသေလေးစားမှုမရှိ။ အရှင်ထုတ် ပြန်သည့်အမိန့်တော်ကိုလည်းမလိုက်နာ။ သူသည်တစ်နေ့လျှင်သုံးကြိမ်တိုင်တိုင် အချိန်မှန်မှန်ဆုတောင်း၍နေပါသည်'' ဟုလျှောက်ထားကြ၏။
``ထို့နောက်ထာဝရဘုရားကငါ့အား`အီဂျစ် ပြည်မှသင်ထုတ်ဆောင်ခဲ့သောသင်၏လူတို့ သည် စက်ဆုတ်ဖွယ်သောအမှုကိုပြုကြပြီ ဖြစ်သောကြောင့် တောင်ပေါ်မှချက်ချင်းဆင်း သွားလော့။ သူတို့သည်ငါမိန့်မှာတော်မူသမျှ ကိုပစ်ပယ်၍ သူတို့ကိုးကွယ်ရန်ရုပ်တုကို သွန်းလုပ်ကြပြီ' ဟုမိန့်တော်မူ၏။''