အချင်းအီဂျစ်ပြည်သားတို့၊ သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရန် အသင့် ပြင်ဆင်ထားကြလော့။ နောဖမြို့သည်လူသူဆိတ်ငြိမ်ရာ သဲကန္တာရဖြစ်လိမ့်မည်။
ယေဇကျေလ 29:12 - Common Language Bible ငါသည်အီဂျစ်ပြည်ကိုကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးအရပ်ဖြစ်စေမည်။ အနှစ် လေးဆယ်တိုင်တိုင်အီဂျစ်ပြည်မှမြို့များ သည်အခြားအဘယ်မြို့နှင့်မျှမတူအောင် ပျက်စီးယိုယွင်း၍နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့အားဒုက္ခသည်များ ဖြစ်စေမည်။ သူတို့သည်အတိုင်းတိုင်း အပြည်ပြည်သို့ထွက်ပြေးကာလူမျိုး ခြားတို့ထံတွင်နေထိုင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ဆိတ် ညံ ရာ ရောက် သော တိုင်း နိုင် ငံ များ အ လယ် တွင်၊ အိ ဂျစ် ပြည် ကိုလည်း ကောင်း၊ ဖုန်း ဆိုး ကုန်း ဖြစ် သော မြို့ များ အ လယ် တွင်၊ မြို့ ရွာ များ ကိုလည်း ကောင်း၊ အ နှစ် လေး ဆယ် တိုင် တိုင် ဆိတ် ညံ ရာ ဖြစ် စေ မည့် ငါ သည်၊ အိ ဂျစ် ပြည် သူ ပြည် သား တို့ ကို၊ လူ အ မျိုး မျိုး အ ပြည် ပြည်၌၊ အ နှံ့ အ ပြား ကွဲ လွင့် စေ မည် ဟု မိန့် ဆို၏။ Judson Bible ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက်ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ်ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပျံ့လွင့်စေမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် အီဂျစ်ပြည်ကို လူသူကင်းမဲ့သောပြည်တကာထက် လူသူအကင်းမဲ့ဆုံးပြည် ဖြစ်စေမည်။ ပြိုပျက်ရာမြို့များကြားတွင် အီဂျစ်မြို့များသည်လည်း အနှစ်လေးဆယ်ပတ်လုံး ပြိုပျက်နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အတိုင်းတိုင်းအပြည်ပြည်သို့ တကွဲတပြားဖြစ်စေမည်’ဟု မိန့်တော်မူ၏။ |
အချင်းအီဂျစ်ပြည်သားတို့၊ သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရန် အသင့် ပြင်ဆင်ထားကြလော့။ နောဖမြို့သည်လူသူဆိတ်ငြိမ်ရာ သဲကန္တာရဖြစ်လိမ့်မည်။
အီဂျစ်ပြည်သားတို့အားငါသည်လူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။-
ငါသည်အီဂျစ်ပြည်သားတို့အားလူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အီဂျစ်ပြည်သည်ကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးသောအရပ်ဖြစ်လျက် ထိုပြည်ရှိမြို့တို့သည်လုံးဝယိုယွင်း ပျက်စီး၍ကျန်ရစ်ကြလိမ့်မည်။-
အီဂျစ်ပြည်ကိုလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်စေ၍ ဥစ္စာပစ္စည်းရှိသမျှကိုဖျက်ဆီး၍ ထိုပြည်တွင်နေထိုင်ကြသူလူအပေါင်း အား သုတ်သင်ဖျက်ဆီးပစ်သောအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။-