သူတို့သည်ဟေရမုန်တောင်မှ ထင်းရှူးပင်များကိုပျဉ်အတွက်၊ လေဗနုန်တောမှအာရစ်ပင်ကို ရွက်တိုင်အတွက်အသုံးပြုကြ၏။
စေ နိ ရ တောင် ထွက် ထင်း ရူး သား ဖြင့်၊ တ ဂူ များ ကို ခွေ ခြင်း၊ လေ ဗ နုန် တော တန်း ရှိ သစ် က တိုး ကို ယူ၍၊ ရွက် တိုင် လုပ် ခြင်း၊
သင်၏ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်းရှူးသစ်သားဖြင့် လုပ်၍၊ ရွက်တိုင်ဖို့ လေဗနုန်အာရဇ်ပင်တို့ကို ယူကြပြီ။
သင်္ဘောပျဉ်ပြားကို စနိရတောင်ပေါ်မှလာသောထင်းရှူးသားများနှင့် လုပ်ထား၏။ ရွက်တိုင်ကို လက်ဘနွန်တောင်မှလာသောသစ်ကတိုးသားများနှင့် လုပ်ထား၏။
တုရုဘုရင်ဟိရံသည် ဒါဝိဒ်မင်း၏အဆွေ တော်အဖြစ်နှင့်အစဉ်နေထိုင်ခဲ့သူဖြစ်၏။ ထို့ကြောင့်ခမည်းတော်ဒါဝိဒ်၏အရိုက်အရာ ကိုရှောလမုန်ဆက်ခံ၍ နန်းတက်သည့်အကြောင်း ကိုကြားသိသောအခါသံတမန်များကို ရှောလမုန်ထံသို့စေလွှတ်လေသည်။-
သို့ဖြစ်၍ကျွန်ုပ်အတွက်သစ်ကတိုးပင် များကိုခုတ်လှဲပေးရန် လေဗနုန်တောသို့ အဆွေတော်၏လူတို့ကိုစေလွှတ်ပေးစေ လိုပါသည်။ ကျွန်ုပ်အစေခံများသည်လည်း ကူညီစေပါမည်။ အဆွေတော်ဆုံးဖြတ် သည့်အခကြေးငွေကိုကျွန်ုပ်ပေးပါမည်။ အဆွေတော်သိသည့်အတိုင်း ကျွန်ုပ်၏လူ တို့သည်အဆွေတော်၏လူတို့ကဲ့သို့သစ် ခုတ်မှုတွင်မကျွမ်းကျင်ကြပါ'' ဟုမှာ ကြားလိုက်၏။
အရှေ့ပိုင်းမနာရှေမှလူတို့သည်ဗာရှန် ပြည်တွင်မြောက်သို့လားသော်ဗာလဟေရ မုန်မြို့၊ စနိရမြို့နှင့်ဟေရမုန်တောင်ပိုင်း တိုင်အောင်ပြန့်နှံ့လျက်အခြေစိုက်နေထိုင် ကြလေသည်။ သူတို့၏လူဦးရေသည် လည်းများစွာတိုးတက်၍လာ၏။-
ယခုအဆွေတော်သည်ကျွန်ုပ်၏ထံသို့ပန်းပု အတတ်၊ ရွှေငွေနှင့်ကြေးဝါပန်းထိမ်အတတ်၊ ပန်းထည်အတတ်၊ နီပြာညိုမောင်းသောအထည် ယက်လုပ်သည့်အတတ်တို့ကိုကျွမ်းကျင်သူ တစ်ယောက်စေလွှတ်စေလိုပါသည်။ ထိုသူသည် ကျွန်ုပ်၏ခမည်းတော်ရွေးချယ်ထားသည့်ယုဒ ပြည်နှင့် ယေရုရှလင်မြို့မှလက်မှုပညာသည် များနှင့်အတူလုပ်ကိုင်ရန်ဖြစ်ပါသည်။-
ထာဝရဘုရားစိုက်တော်မူသောကိုယ်တော်၏ သစ်ပင်များဖြစ်သည့်လေဗနုန်တောမှ အာရဇ်ပင်တို့သည်မိုးရေများစွာရရှိကြပါသည်။
ထာဝရဘုရား၏အသံတော်ကြောင့် အာရဇ်ပင်တို့သည်ကျိုးကျကုန်၏။ လေဗနုန်တောမှအာရဇ်ပင်တို့ပင်လျှင် ကျိုးကျကုန်၏။
သူတော်ကောင်းတို့သည်စွန်ပလွံပင်များကဲ့သို့ စိမ်းလန်းစိုပြေလျက်ရှိလိမ့်မည်။ သူတို့သည်လေဗနုန်တောင်မှအာရဇ်ပင်များ ကဲ့သို့ ကြီးပွားတိုးတက်ကြလိမ့်မည်။
ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏ မျက်စိတကြည့်၊ လည်ပင်းတလည့်ဖြင့် ငါနှလုံးကို လုယူပြီ။
လေဗနုန်တောမှထင်းရှူးပင်များနှင့်အာရစ် ပင်(သစ်ကတိုး) တို့ကသင်ကျဆုံးပြီဖြစ် ၍ငါတို့အားခုတ်လှဲမည့်သူမရှိတော့ဟု ဆို၍ဗာဗုလုန်ဘုရင်ကျဆုံးမှုအတွက် ရွှင်လန်းဝမ်းမြောက်ကြကုန်၏။
ပင်လယ်သည်သင်နေထိုင်ရာအရပ်ဖြစ်၏။ သင်၏ဗိသုကာတို့သည်သင့်အားလှပစွာ တည်ဆောက်ထားကြ၏။
(ဟေရမုန်တောင်ကိုဇိဒုန်အမျိုးသားတို့က စိရုန်ဟူ၍လည်းကောင်း၊ အာမောရိအမျိုး သားတို့က ရှနိရဟူ၍လည်းကောင်းခေါ်ဝေါ် သမုတ်ကြ၏။-)