၂ ရာချုပ် 2:7 - Common Language Bible
7 ယခုအဆွေတော်သည်ကျွန်ုပ်၏ထံသို့ပန်းပု အတတ်၊ ရွှေငွေနှင့်ကြေးဝါပန်းထိမ်အတတ်၊ ပန်းထည်အတတ်၊ နီပြာညိုမောင်းသောအထည် ယက်လုပ်သည့်အတတ်တို့ကိုကျွမ်းကျင်သူ တစ်ယောက်စေလွှတ်စေလိုပါသည်။ ထိုသူသည် ကျွန်ုပ်၏ခမည်းတော်ရွေးချယ်ထားသည့်ယုဒ ပြည်နှင့် ယေရုရှလင်မြို့မှလက်မှုပညာသည် များနှင့်အတူလုပ်ကိုင်ရန်ဖြစ်ပါသည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ရွှေ၊ ငွေ၊ ကြေး၊ သံ မှ စ သော အ မောင်း၊ အ နီ၊ အ ပြာ ချည် များ ဖြင့် လက် မြောက် လျက် သ တ္တု အ မျိုး မျိုး ကို ထု လုပ် တတ် သူ တစ် ယောက် ကို ခ မည်း တော် ဒါ ဝိဒ် မင်း စီ မံ၍ ယု ဒ ပြည်၊ ယေ ရု ရှ လင် မြို့၊ ကျွန်ုပ် ထံ ရှိ သော လက် မြောက် သူ တို့ နှင့် ဝိုင်း ဝန်း စေ ရန် လွှတ် စေ လို ပါ ကြောင်း
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ယခုမှာ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ မောင်းသောအထည်၊ နီသောအထည်၊ ပြာသောအထည်ကို လုပ်တတ်သောအတတ်၊ ငါ့အဘဒါဝိဒ်ပြင်ဆင်၍ ယေရုရှလင်မြို့၊ ယုဒပြည်၌ ငါ့ထံမှာရှိသော ဆရာသမားတို့နှင့် ဝိုင်း၍ ထုလုပ်တတ်သော အတတ်နှင့်ပြည့်စုံသော သူတစ်ယောက်ကို ငါ့ထံသို့စေလွှတ်ပါ။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ထို့ကြောင့် ရွှေထည်၊ ငွေထည်၊ ကြေးထည်၊ သံထည်တို့ကို သွန်းလုပ်တတ်သူ၊ ခရမ်းရောင်၊ ကြက်သွေးရောင်၊ အပြာရောင်ရှိသောချည်တို့ကို ရက်လုပ်တတ်သူ၊ ကမ္ပည်းစာရေးထိုးရာ၌ ကျွမ်းကျင်သူတစ်ဦးကို အကျွန်ုပ်ထံ စေလွှတ်ပေးပါ။ သူ့ကို ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ အကျွန်ုပ်၏ခမည်းတော်ပြင်ဆင်ပေးထားသော လက်မှုပညာသည်တို့နှင့်အတူ အလုပ်လုပ်စေမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ