သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။-
ယေဇကျေလ 27:23 - Common Language Bible ခါရန်မြို့၊ ကန္နေမြို့၊ ဧဒင်မြို့တို့သည်လည်း ကောင်း၊ ရှေဘမြို့၊ အာရှုရိမြို့နှင့်ခိလမဒ် မြို့များမှကုန်သည်တို့သည်လည်းကောင်း သင်နှင့်ကုန်သွယ်မှုကိုပြုကြ၏။- Garrad Bible ခါ ရန်၊ က န္နေ၊ ဧ ဒင် မြို့ များ နှင့် ရှေ ဘ၊ အာ ရှု ရိ၊ ခိ လ၊ မဒ် ဖောက် ကား သူ တို့ သည်၊ ဆန်း ကြယ် စွာ ပန်း ထိုး သော အ ပြာ သည်၊ ရောင် စုံ ချယ် သော အ ထည် ထုပ် နှင့်၊ ခိုင် ခံ့ စွာ ကျစ် သော ခါး စည်း ကြိုး ကုန် များ ကို၊ ရောင်း ချ ကုန် သွယ် သူ များ ဖြစ် ကြ ၏။ Judson Bible ခါရန်မြို့သား၊ ကန္နေမြို့သား၊ ဧဒင်မြို့သား၊ ရှေဘကုန်သည်၊ အာရှုရိကုန်သည်၊ ခိလမဒ်ကုန်သည်တို့လည်း၊ သင်နှင့်ကုန်သွယ်၍၊ မြန်မာ့စံမီသမ္မာကျမ်း ဟာရန်မြို့၊ ကန္နေမြို့၊ ဧဒင်မြို့မှကုန်သည်များ၊ ရှေဘပြည်၊ အဆီးရီးယားပြည်၊ ခိလမဒ်ပြည်မှကုန်သည်များသည် သင်နှင့်ကုန်သွယ်ကြ၏။ |
သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။-
ရှေမ၏သားများဖြစ်ကြသောဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒနှင့်အာရံတို့သည်ကားသူတို့ ၏နာမည်ကိုခံယူကြသောလူမျိုးတို့၏ ဖခင်များဖြစ်ကြ၏။-
အာဗြံသည်ထာဝရဘုရားမိန့်မှာသည့်အတိုင်း ခါရန်မြို့မှထွက်ခွာသောအခါ အသက်ခုနစ် ဆယ့်ငါးနှစ်ရှိ၏။ လောတသည်သူနှင့်အတူ လိုက်ပါခဲ့၏။-
ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ဥယျာဉ်ကိုတည် ပြီးလျှင် ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ် တွင်နေစေတော်မူ၏။-
ယုတ်ရှန်၏သားများမှာရှေဘနှင့်ဒေဒန်တို့ ဖြစ်ကြသည်။ ဒေဒန်၏အဆက်အနွယ်များမှာ အာရှုရိမ်အမျိုးသား၊ လေတုရှိမ်အမျိုးသား၊ လုမ်မိမ်အမျိုးသားတို့ဖြစ်ကြသည်။-
ထိုညချင်းတွင်းယာကုပ်သည်ထ၍မယားနှစ် ယောက်၊ မယားငယ်နှစ်ယောက်၊ သားသမီးတစ် ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်လျက်ယဗ္ဗုတ် မြစ်ကိုဖြတ်ကူးစေ၏။-
ငါ၏ဘိုးဘေးတို့သည်ဂေါဇန်မြို့၊ ခါရန် မြို့၊ ရေဇပ်မြို့တို့ကိုဖျက်ဆီးပြီးလျှင် တေလ သာမြို့တွင်နေထိုင်သူဘေသေဒင်အမျိုးသား တို့အားသုတ်သင်သတ်ဖြတ်ခဲ့ကြ၏။ သူတို့၏ ဘုရားများအနက်အဘယ်ဘုရားမျှသူ တို့ကိုမကယ်နိုင်ကြ။-
ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
အာရှုရိအမျိုးသားများသည်လည်းလောတ၏ သားမြေးများဖြစ်သောအမ္မုန်နှင့်မောဘဘက်မှ မဟာမိတ်အဖြစ်ဖြင့်ပါဝင်ကြပါ၏။
ကာလနောမြို့နှင့်ခါခေမိတ်မြို့၊ ဟာမတ်မြို့ နှင့်အာပဒ်မြို့၊ ရှမာရိမြို့နှင့်ဒမာသက်မြို့ တို့ကိုငါနှိမ်နင်းခဲ့၏။-
ငါ၏ဘိုးဘေးတို့သည်ဂေါဇန်မြို့၊ ခါရန်မြို့ နှင့်ရေဇပ်မြို့တို့ကိုဖျက်ဆီးပစ်ပြီးလျှင် တေလဇာမြို့တွင်နေထိုင်သူဘေသေဒင် အမျိုးသားတို့အားသုတ်သင်ပစ်ခဲ့ကြ၏။ သူတို့၏ဘုရားများအနက်အဘယ်မည် သောဘုရားမျှသူတို့ကိုမကယ်နိုင်ကြ။-
``ထိုအချိန်ကျရောက်လာသောအခါထာဝရ ဘုရားသည် အီဂျစ်အမျိုးသားတို့အားယင် ကောင်များသဖွယ်နိုင်းမြစ်လက်တက်များ၏ အစွန်အဖျားမှလည်းကောင်း၊ အာရှုရိအမျိုး သားတို့အားပျားများသဖွယ်မိမိတို့ပြည် မှလည်းကောင်းလာရောက်ကြရန်လေချွန်သံ ဖြင့်အချက်ပေးတော်မူလိမ့်မည်။-
``ထိုအချိန်ကျရောက်လာသောအခါ၊ ထာဝရ ဘုရားသည်ဥဖရတ်မြစ်တစ်ဖက်ကမ်းမှ အာရှုရိဘုရင်တည်းဟူသောဆံပင်ညှပ် သမားကိုငှား၍သင်တို့၏မုတ်ဆိတ်များ ကိုလည်းကောင်း၊ ဆံပင်နှင့်ကိုယ်မွေးများ ကိုလည်းကောင်းရိတ်စေတော်မူလိမ့်မည်။
သူတို့ကလှပသောအဝတ်တန်ဆာ၊ မရမ်း စေ့ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ အရောင် တောက်ပသောကော်ဇောနှင့်ခိုင်ခံ့အောင်ကျစ် ထားသောကြိုးအမျိုးမျိုးတို့ကိုရောင်းချ ကြ၏။-
``အာရှုရိသည်မိမိစစ်သူရဲတို့၏သင်္ချိုင်း များခြံရံလျက်ထိုအရပ်တွင်ရှိ၏။ သူတို့ အားလုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများ ဖြစ်ကြ၏။-
ရှေဘပြည်နှင့်ဒေဒန်ပြည်မှပြည်သား များ၊ တာရှုပြည်မြို့များမှကုန်သည်တို့ က`သင်သည် ရွှေငွေနှင့်သိုး၊ နွား၊ ပစ္စည်းဥစ္စာ များကိုလုယူကာတိုက်ရာပါပစ္စည်းရှိ သမျှတို့ကိုယူဆောင်သွားရန်စစ်သည် ဗိုလ်ခြေတို့ကိုစုရုံးလာပါသလော' ဟု သင့်အားမေးကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
ငါသည်ဒမာသက်မြို့တံခါးများကိုချေ မှုန်း၍ အာဝင်ချိုင့်နှင့်ဗေသေဒင်မြို့တွင်ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ရှုရိပြည်သား တို့သည်ကိရပြည်သို့သုံ့ပန်းအဖြစ်နှင့် လိုက်ပါသွားရမည်'' ဟုမိန့်တော်မူ၏။
ကာလနေမြို့သို့သွားပြီးရှုလော့။ ထိုမှ တစ်ဖန်ဟာမတ်မြို့သို့လည်းကောင်း၊ ဖိလိတ္တိ မြို့ဂါသသို့လည်းကောင်းသွားဦးလော့။ ထို နိုင်ငံများသည်ယုဒနှင့်ဣသရေလနိုင်ငံ တို့ထက်သာသလော။ သူတို့နယ်မြေသည် သင်တို့နယ်မြေထက်ပို၍ကျယ်သလော။-
သို့ရာတွင်အာရှုရိဘုရင်သည်သင်တို့၏ပြည်ကို တိုက်ခိုက်သိမ်းယူလိမ့်မည်။ ထိုအခါသင်တို့သည်ပျက်စီးဆုံးပါးလိမ့်မည်။''
ထိုအခါအာဗြဟံသည်ခါလဒဲပြည်မှ ထွက်ခွာ၍ ခါရန်မြို့သို့သွားရောက်နေထိုင်၏။ သူ၏ဖခင်သေလွန်သောအခါသူ့အား ထို မြို့မှယခုသင်တို့နေထိုင်ရာပြည်သို့ဘုရား သခင်ပြောင်းရွှေ့စေတော်မူ၏။-