တောလည် 24:22 - Common Language Bible22 သို့ရာတွင်အာရှုရိဘုရင်သည်သင်တို့၏ပြည်ကို တိုက်ခိုက်သိမ်းယူလိမ့်မည်။ ထိုအခါသင်တို့သည်ပျက်စီးဆုံးပါးလိမ့်မည်။'' အခန်းကိုကြည့်ပါ။Garrad Bible22 ကေ နိ လူ မျိုး ပျက် စီး ရ မည် ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible22 သို့သော်လည်း အာရှုရိမင်းသည် သိမ်းယူ၍မသွားမီတိုင်အောင်၊ ကေနိအမျိုးသည် အမျက်ကိုခံရလိမ့်မည်ဟု မြွက်ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 သို့သော်လည်း ကေနိလူမျိုးဖြစ်သောသင်တို့ကို အဆီးရီးယားဘုရင်သည် ဖမ်းဆီးခေါ်ဆောင်သွား၍ ဝါးမျိုဖျက်ဆီးလိမ့်မည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ဇေရုဗဗေလနှင့်သားချင်းစုခေါင်းဆောင်များထံသို့သွား၍``ဗိမာန်တော်တည်ဆောက်မှုတွင် ငါတို့ကိုလည်းသင်တို့နှင့်အတူပါဝင်ခွင့်ပြုပါ။ ငါတို့သည်သင်တို့ကိုးကွယ်သည့်ဘုရားကိုပင်ကိုးကွယ်ပါ၏။ ငါတို့အားဤအရပ်တွင်နေထိုင်ရန်အာရှုရိဘုရင်ဧသရဟဒ္ဒုန်စေလွှတ်လိုက်ချိန်မှအစပြု၍ ထိုဘုရားကိုယဇ်ပူဇော်ခဲ့ကြပါသည်'' ဟုပြောကြားကြ၏။
အာရှုရိဘုရင်သည်အကျွန်ုပ်တို့ကိုမ ကယ်နိုင်ပါ။ စစ်ရထားများသည်အကျွန်ုပ် တို့ကိုမကာကွယ်နိုင်ပါ။ အကျွန်ုပ်တို့လက် ဖြင့်လုပ်သောရုပ်တုများကို အကျွန်ုပ်တို့၏ ဘုရားဟုနောက်တစ်ဖန်မခေါ်တော့ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ခိုကိုးရာ မဲ့သောသူတို့အားကြင်နာသနားတော် မူပါ၏။''