မိလရိမ်မှဆင်းသက်သောသားစဉ်မြေးဆက် တို့မှာ လုဒိလူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ် လူမျိုး၊ နတ္တုဟိမ်လူမျိုး၊-
ယေဇကျေလ 27:10 - Common Language Bible ``ပေရသိပြည်၊ လုဒပြည်၊ ဖုတပြည်တို့မှစစ် သူရဲများသည်သင်၏တပ်မတော်တွင်အမှု ထမ်းကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များနှင့်သံခမောက်များကိုသင်၏စစ်တန်း လျားများတွင်ဆွဲချိတ်ထားကြ၏။ သူတို့ သည်ကားသင်၏ဂုဏ်အသရေကိုတိုးစေ သူများဖြစ်ကြ၏။- Garrad Bible ပေ ရ သိ၊ လု ဒ၊ ဖု တ လူ မျိုး တို့ သည်၊ သင့် ဗိုလ် ထု အ လုံး အ ရင်း ပါ ဝင် လျက်၊ ဒိုင်း လွှား နှင့် မောက် ရူ များ ကို သင့် အ တွင်း တွင် ခြယ် လယ် ဆွဲ ထား ကြ ပြီ။ Judson Bible ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှားစေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ပါးရှားလူမျိုး၊ လုဒလူမျိုး၊ ဖုတလူမျိုးတို့သည် သင်၏စစ်တပ်တွင် အမှုထမ်းသောစစ်သူရဲများဖြစ်ကြ၏။ ဒိုင်းလွှားများ၊ သံခမောက်လုံးများလည်း သင်၌ ချိတ်ဆွဲထားလျက် သင့်ကို ခန့်ညားထည်ဝါစေကြ၏။ |
မိလရိမ်မှဆင်းသက်သောသားစဉ်မြေးဆက် တို့မှာ လုဒိလူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ် လူမျိုး၊ နတ္တုဟိမ်လူမျိုး၊-
ရှေမ၏သားများဖြစ်ကြသောဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒနှင့်အာရံတို့သည်ကားသူတို့ ၏နာမည်ကိုခံယူကြသောလူမျိုးတို့၏ ဖခင်များဖြစ်ကြ၏။-
ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။-
ရှေမ၏သားများဖြစ်ကြသော ဧလံ၊ အာရှု၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာ နှင့်မာရှတို့သည် မိမိတို့၏နာမည်အသီး သီးကိုဆောင်ကုန်သောအမျိုးသားတို့၏ ဘိုးဘေးများဖြစ်ကြ၏။-
ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လိဘိယနှင့်ခါနာန်တို့သည်မိမိတို့၏နာမည် အသီးသီးကို ဆောင်ကုန်သောအမျိုးသား တို့၏ဘိုးဘေးများဖြစ်ကြ၏။-
ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-
မြင်းများတို့တက်ကြလော့။ ရထားများတို့၊အပြင်းနှင်ကြလော့။ ဒိုင်းလွှားကိုင်ဆောင်သူဆူဒန်ပြည်သားနှင့် လစ်ဗျားပြည်သားတို့လုဒပြည်သားလေး သည်တော် အစရှိသည့် စစ်သည်တော်တို့ထွက်သွားကြလော့' ဟုဆို၏'' ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။
သို့ဖြစ်၍သူတို့သည်သင့်အားရည်စူး ကာငိုခြင်းသီဆိုသည်မှာ ထင်ပေါ်ကျော်ဇောသောမြို့သည်ပျက်စီး လေပြီတကား။ ပင်လယ်နား၌နေသောမြို့များသည်ပယ်ရှင်း ခြင်းကို ခံရပြီတကား။ ဤမြို့သားတို့သည်ပင်လယ်များကိုအစိုးရ ခဲ့၏။ ပင်လယ်ကမ်းခြေတွင်နေထိုင်သူတို့အားလည်း ကြောက်လန့်တုန်လှုပ်စေခဲ့ကြ၏။
အာဝဒ်မြို့မှစစ်သူရဲများကသင်၏မြို့ရိုး များကိုလည်းကောင်း၊ ဂမ္မဒိမ်မြို့သားတို့က သင်၏ပြအိုးတို့ကိုလည်းကောင်းစောင့်ကြပ် ပေးကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များကိုသင်တို့၏မြို့ရိုးတွင်ဆွဲချိတ်ထား ကြ၏။ သင့်အားလှပတင့်တယ်စေသူများ ကားထိုသူတို့ပင်ဖြစ်သတည်း။
``စစ်ပွဲတွင်ကုရှပြည်၊ ဖုတပြည်၊ လုဒပြည်၊ အာရေဗျပြည်နှင့်ခုဘပြည်တို့မှအငှား စစ်သည်များနှင့် ငါ၏လူမျိုးတော်အထဲ မှပင်လျှင်အချို့သောသူတို့ကျဆုံးကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ပါရှပြည်သား၊ ကုရှပြည်သားနှင့်ဖုတ ပြည်သားတို့သည်သူနှင့်အတူလိုက်ပါ လာကြ၏။ သူတို့အားလုံးပင်ဒိုင်းလွှား များကိုကိုင်ဆောင်ကာသံခမောက်များ ကိုဆောင်းထားကြ၏။-
ခွဲဝေဟူသောစကား၏အနက်အဋ္ဌိပ္ပါယ်မှာ အရှင်၏နိုင်ငံတော်ကိုမေဒိအမျိုးသား များနှင့်ပါရှအမျိုးသားတို့အားခွဲဝေ ပေးတော်မူပြီဟူ၍ဖြစ်ပါ၏'' ဟုလျှောက် ထား၏။
သီဘီမြို့သည်ဆူဒန်နှင့်အီဂျစ်ကိုအုပ်စိုးသည်။ တိုင်းမသိသောတန်ခိုးအာဏာနှင့်ပြည့်စုံပေ သည်။ လိဗုပြည်သည်အီဂျစ်ပြည်၏မဟာ မိတ်ဖြစ်သော်လည်း၊-