ရှောလမုန်သီချင်း။ 4:4 - Common Language Bible4 ရင်သားနှစ်ဘက်တို့သည် နှင်းတော၌ ကျက်စား သော ဒရယ်သငယ်အမွှာနှင့် တူကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 လည် တိုင် သည်၊ သူ ရဲ ကိုင် ဒိုင်း လွှား တစ် ထောင် သွင်း ထား ရန်၊ ဒါ ဝိဒ် မင်း တည် ဆောက် သော လက် နက် တိုက် တည်း ဟူ သော ရဲ တိုက် နှင့် တူ၏။ အခန်းကိုကြည့်ပါ။Judson Bible4 လည်ပင်းသည်လည်း၊ သူရဲတို့သာ သုံးဆောင်တတ်သော ဒိုင်းလွှားတစ်ထောင် ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့်တူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သင့်လည်တိုင်သည်လည်း ကျောက်များဖြင့်စီတန်းဆောက်လုပ်ထားသော ဒါဝိဒ်မင်းကြီး၏ရဲတိုက်နှင့် တူပါ၏။ ထိုရဲတိုက်တွင် ဒိုင်းလွှားအခုတစ်ထောင် ချိတ်ဆွဲထားပြီး ဒိုင်းလွှားတစ်ခုစီသည် စစ်သူရဲတို့ ကိုင်ဆောင်သောဒိုင်းလွှားများဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ခန္ဓာကိုယ်၏ဦးခေါင်းတည်းဟူ သောခရစ်တော်ကိုမှီခိုအားကိုးမှုမရှိကြ တော့ချေ။ ခရစ်တော်၏ထိန်းသိမ်းမှုအောက် တွင်အဆစ်များနှင့်အရိုးချင်းဆက်ပေးသည့် အရွတ်များအားဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အာဟာရကိုခံယူကာဘုရားသခင်၏ အလိုတော်ရှိသည်အတိုင်းကြီးပွားတတ်၏။
``ဂိလဗောတောင်ကုန်းများပေါ်၌ မိုးမရွာနှင်းမကျပါစေနှင့်။ ထိုတောင်ကုန်းများမှလယ်ယာများသည် ထာဝစဉ်အသီးအနှံကင်းမဲ့ပါစေသော။ အဘယ်ကြောင့်ဆိုသော်ထိုအရပ်သည် သူရဲကောင်းတို့၏ဒိုင်းလွှားများအသရေ ပျက်၍ ကျန်ရစ်ရာ၊ ရှောလု၏ဒိုင်းလွှားသံချေးတက်လျက်နေရာ ဖြစ်သောကြောင့်တည်း။