ဒါဝိဒ်သည်ခြေနင်းကိုချွတ်ပြီးလျှင်ဝမ်း နည်းသည့်လက္ခဏာဖြင့် ခေါင်းမြီးခြုံ၍ငို ယိုကာသံလွင်တောင်သို့တက်တော်မူ၏။ သူ ၏နောက်မှလိုက်ပါလာကြသူအပေါင်း တို့သည်လည်းခေါင်းမြီးခြုံ၍ငိုယိုကြ၏။-
ယေဇကျေလ 24:23 - Common Language Bible သင်တို့သည်ခေါင်းပေါင်းမပေါင်းဘဲဖိနပ်မစီး ဘဲသွားလာကြလိမ့်မည်မဟုတ်။ မြည်တမ်းငို ကြွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ မိမိတို့၏ အပြစ်များကြောင့်သင်တို့သည်ကြုံလှီသွားကာ တစ်ဦးရှေ့တွင်တစ်ဦးညည်းတွားကြလိမ့်မည်။- Judson Bible ခေါင်းပေါင်း ပေါင်း၍ ခြေနင်းကို စီးရကြလိမ့်မည်။ ငိုကြွေးမြည်တမ်းခြင်းကို မပြုရကြ။ ကိုယ်အပြစ်ကြောင့် ပိန်ကြုံ၍ တစ်ယောက်ကိုတစ်ယောက် ညည်းတွားရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ခေါင်းပေါင်းပေါင်း၍ ဖိနပ်ကိုလည်း စီးကြလိမ့်မည်။ ငိုကြွေးမြည်တမ်းမနေဘဲ ကိုယ့်အပြစ်ကြောင့် ရင်ကွဲနာကျလျက် အချင်းချင်းညည်းတွားပြကြလိမ့်မည်။ |
ဒါဝိဒ်သည်ခြေနင်းကိုချွတ်ပြီးလျှင်ဝမ်း နည်းသည့်လက္ခဏာဖြင့် ခေါင်းမြီးခြုံ၍ငို ယိုကာသံလွင်တောင်သို့တက်တော်မူ၏။ သူ ၏နောက်မှလိုက်ပါလာကြသူအပေါင်း တို့သည်လည်းခေါင်းမြီးခြုံ၍ငိုယိုကြ၏။-
သူ၌ကျန်ကြွင်းသော သူတို့ကို သေမင်းသင်္ဂြိုဟ် လိမ့်မည်။ သူ၏မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြု ရကြ။
အချို့သောသူတို့သည်မိမိတို့၏အပြစ်များ ကြောင့် ဖျားနာရကြ၏။ မိမိတို့၏ဒုစရိုက်များကြောင့်ဆင်းရဲဒုက္ခ ရောက်ရကြ၏။
ယဇ်ပုရောဟိတ်တို့သည်ဋ္ဌားဘေးဖြင့် သေဆုံးသွားကြကုန်၏။ သူတို့၏မုဆိုးမများသည်ငိုကြွေးမြည်တမ်းခွင့် မရကြ။
လွန်ခဲ့သောသုံးနှစ်ကထာဝရဘုရားသည် အာမုတ်၏သားဟေရှာယအား မိမိဝတ်ဆင် ထားသည့်လျှော်တေအဝတ်နှင့်ဖိနပ်ကိုချွတ် ပစ်ရန်မိန့်တော်မူခဲ့သည့်အတိုင်း ဟေရှာယ သည်အဝတ်မဝတ်၊ ဖိနပ်မစီးဘဲသွားလာ လျက်နေခဲ့၏။-
ငါတို့သည်ကြောက်လန့်တုန်လှုပ်လျက်စိတ် သောကရောက်ရကြ၏။ မိမိတို့ကိုမတရား ပြုသူများလက်မှကယ်တော်မူရန် ဘုရားသခင်အားတမ်းတကြပါသော်လည်း အလွန် ဝေးကွာနေလျက်အချည်းနှီးပင်ဖြစ်ပါ၏။
ထာဝရဘုရားသည် ငါ့အား``ဘုရင်နှင့်သူ့ မယ်တော်၏လှပသောသရဖူများသည် မိမိ တို့ဦးခေါင်းမှပြုတ်ကျပြီဖြစ်၍ သူတို့ အားမိမိတို့၏ရာဇပလ္လင်များမှဆင်း ကြရန်ပြောကြားလော့။-
စစ်ပွဲတွင်ကျဆုံးသေကြေရသူတို့သည် အစာရေစာပြတ်၍ ဆက်လက်အသက်မရှင်နိုင်တော့ဘဲ တဖြည်းဖြည်းငတ်မွတ်သေဆုံးသူများထက် သာ၍ကောင်းသေးသည်။
ထိုအခါသင်တို့သည်ငါပြုခဲ့သည့်အတိုင်း ပြုကြလိမ့်မည်။ သင်တို့၏မျက်နှာများကိုဖုံး အုပ်လိမ့်မည်မဟုတ်။ ဝမ်းနည်းပူဆွေးသူတို့ သည်အစားအစာကိုစားလိမ့်မည်မဟုတ်။-
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်း လူသား'' ``ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာသင်တို့က`ငါတို့သည်မိမိ တို့အပြစ်များ၊ မိမိတို့ပြုသောအမှားများ ဖြင့်ဝန်လေးပင်ပန်းလျက်ရှိကြ၏။ ငါတို့ သည်အားလျော့နွမ်းနယ်လျက်နေကြ၏။ အဘယ်သို့လျှင်ငါတို့အသက်ရှင်နိုင် ကြပါမည်နည်း' ဟုဆိုကြ၏။-
သူတို့သည်အစာရေစာပြတ်လျက်နေ သဖြင့်အချင်းချင်းတွေ့မြင်သောအခါ စိတ်ပျက်အားလျော့ကာမိမိတို့၏အပြစ် များကြောင့်ပိန်ကြုံသွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
ချွေးမထွက်စေရန်ပိတ်ချောခေါင်းပေါင်းကို ပေါင်း၍ပိတ်ချောဘောင်းဘီကိုဝတ်ဆင်ရ ကြမည်။ ခါးပတ်ကိုမဝတ်ရကြ။-
ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-
ရန်သူ၏နိုင်ငံတွင်သင်တို့၏အမျိုးပြုန်းလိမ့် မည်။ ထိုနိုင်ငံတွင်သင်တို့အနက်ကျန်ကြွင်းသူ အနည်းငယ်တို့သည်သင်တို့အပြစ်ကြောင့် လည်းကောင်း၊ သင်တို့ဘိုးဘေးတို့၏အပြစ် ကြောင့်လည်းကောင်းတိမ်ကောပျက်စီးရကြ လိမ့်မည်။