ယေဇကျေလ 33:10 - Common Language Bible10 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်း လူသား'' ``ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာသင်တို့က`ငါတို့သည်မိမိ တို့အပြစ်များ၊ မိမိတို့ပြုသောအမှားများ ဖြင့်ဝန်လေးပင်ပန်းလျက်ရှိကြ၏။ ငါတို့ သည်အားလျော့နွမ်းနယ်လျက်နေကြ၏။ အဘယ်သို့လျှင်ငါတို့အသက်ရှင်နိုင် ကြပါမည်နည်း' ဟုဆိုကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible10 အ ချင်း လူ့ သား၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ ဦး မည် မှာ၊ ပြစ် မှား မှု၊ လွန် ကျူး မှု များ ကို ထမ်း ဆောင်၍၊ ပိန် ခြောက် သော အ ကျွန်ုပ် တို့ သည်၊ မည် သို့ အ သက် ချမ်း သာ ရ ကြ အံ့ နည်း ဟု၊ ဝန် ခံ သော သင် တို့ နှင့် စပ် လျဉ်း ၍၊ အခန်းကိုကြည့်ပါ။Judson Bible10 သို့ဖြစ်၍၊ အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ဟောပြောရမည်မှာ၊ ငါတို့သည် ကိုယ်ပြုမိသော ဒုစရိုက်အပြစ်ကို ခံရသဖြင့် အားလျော့သည်ဖြစ်၍၊ အဘယ်သို့ အသက်ရှင်နိုင်ပါမည်နည်းဟု သင်တို့ဆိုကြသော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်တို့အား ‘သင်တို့က ငါတို့လွန်ကျူးသောအပြစ်ဒုစရိုက်များကြောင့် ဝန်ပိလျက်၊ ခွန်အားယုတ်လျော့လျက်နေသည်ဖြစ်၍ မည်သို့အသက်ရှင်နိုင်မည်နည်းဟူ၍ ဆိုတတ်ကြသည်’ဟု ဆင့်ဆိုလော့။ အခန်းကိုကြည့်ပါ။ |
အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ဖြောင့်မတ်တော် မူသောအရှင်ဖြစ်တော်မူပါ၏။ သို့ရာတွင် ကိုယ်တော်သည် အကျွန်ုပ်တို့အားအသက်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်တို့သည် မိမိတို့၏အပြစ်ကိုဖော်ပြဝန်ခံကြပါ၏။ ဤအပြစ်ကြောင့်ရှေ့တော်မှောက်သို့ ဝင်ရောက် နိုင်သူတစ်ယောက်မျှမရှိပါ'' ဟုတောင်း လျှောက်လေ၏။
``သို့ရာတွင်သင်တို့က`သားဖြစ်သူသည် အဘယ်ကြောင့်ဖခင်ပြုခဲ့သည့်အပြစ်များ ၏အကျိုးဆက်ကိုမခံရပါသနည်း' ဟု မေးကြ၏။ အဖြေကားသားသည်ကောင်းရာ မှန်ရာကိုပြုသူဖြစ်၏။ သူသည်ငါ၏ပညတ် တော်တို့ကိုစောင့်ထိန်း၍အသေအချာလိုက် နာ၏။ သို့ဖြစ်၍သူသည်မုချအသက်ရှင် လိမ့်မည်။-
ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-