အမျက်တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ် တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။
ယေဇကျေလ 24:16 - Common Language Bible ကိုယ်တော်က``အချင်းလူသား၊ သင်အချစ်ဆုံးသော သူကိုငါသည်ရုတ်တရက်ရုပ်သိမ်းမည်။ သင်သည် မညည်းညူရ။ မငိုရ။ မျက်ရည်မကျရ။- Garrad Bible အ ချင်း လူ့ သား၊ သင် နှစ် သက် ဖွယ် ကို ရှောင် တ ခင် ငါ ရုပ် သိမ်း သော် လည်း၊ မြည် တမ်း ခြင်း၊ ငို ကြွေး ခြင်း၊ မျက် ရည် ကျ ခြင်း ကို သင် မ ပြု ရ။ Judson Bible အချင်းလူသား၊ သင်ကြည့်ရှုလိုဖွယ်သောသူကို ငါသည် ဒဏ်ခတ်၍ ပယ်ရှားမည်။ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ မျက်ရည်မကျရ။ မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ သင်ချစ်မြတ်နိုးသောသူကို တစ်ခဏအတွင်း ငါရုပ်သိမ်းပစ်မည်။ သင်မငိုကြွေးမမြည်တမ်းနှင့်။ မျက်ရည်မကျနှင့်။ |
အမျက်တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ် တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။
သူသည်စုံမက်တတ်သော သမင်မ၊ နှစ်လိုဘွယ် သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
ကြွလာတော်မူပါ၊ ငါချစ်ရာသခင်။ ကြွလာတော် မူပါ။ တောအရပ်သို့ ထွက်သွား၍ ရွာတို့၌ ညဉ့်ကိုလွန်စေ ကြကုန်အံ့။
အကယ်၍သင်တို့နားမထောင်ကြပါမူ ငါသည်သင်တို့၏မာန်မာနထောင်လွှားမှု အတွက် ကြိတ်၍ငိုကြွေးမည်။ ငါသည်ဝမ်းနည်းပက်လက်ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုတော်သည်ဖမ်းဆီး ခေါ်ဆောင် သွားခြင်းကိုခံရပြီဖြစ်၍ငါ့မျက်ရည်စီး ကျမည်။
ထာဝရဘုရားက``သင်သည်ငိုကြွေးမြည် တမ်းလျက်နေသည့် အိမ်သို့မဝင်ရ။ မည်သူ အတွက်မျှလည်းဝမ်းနည်းပူဆွေးမှုမဖြစ် နှင့်၊ မသနားနှင့်။ ငါသည်သူတို့အားငြိမ်း ချမ်းသာယာမှုကိုပေးတော့မည်မဟုတ်။ မေတ္တာကရုဏာကိုလည်းပြတော့မည် မဟုတ်။-
ယုဒပြည်သူတို့၊ယောရှိမင်းအတွက်သင်တို့ မငိုကြွေးကြနှင့်။ သူကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေးမှု မပြုကြနှင့်။ သို့ရာတွင်သူ၏သားတော်ယောခတ်အတွက် ပြင်းပြစွာငိုကြွေးကြလော့။ ရန်သူတို့သည်သူ့အားအပြီးအပိုင် ခေါ်ဆောင်သွားကြလိမ့်မည်။ သူသည်မိမိမွေးဖွားရာအရပ်ကို နောင်အဘယ်အခါ၌မျှပြန်လည်တွေ့မြင် ရတော့မည်မဟုတ်။
သို့ဖြစ်၍ယောရှိ၏သားယုဒဘုရင် ယောယကိမ်နှင့်ပတ်သက်၍ ထာဝရဘုရားကမိန့်တော်မူသည်မှာ ``သူကွယ်လွန်သောအခါ၌ဘယ်သူမျှ ဝမ်းနည်း ပူဆွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ `အို ဖြစ်ရလေခြင်း၊အဆွေတော်၊ ဖြစ်မှဖြစ်ရလေခြင်း' ဟူ၍ အဘယ်သူမျှမြည်တမ်းကြလိမ့်မည်မဟုတ်။ သူ၏အတွက်အဘယ်သူမျှငိုကြွေးမှုကို သော်လည်းကောင်း၊ အို အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရင်ဟု မြည်တမ်းမှု ကိုသော်လည်းကောင်းပြုကြလိမ့်မည်မဟုတ်။
ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
လူတို့ကလည်း``ငါတို့မျက်စိများသည် မျက်ရည်နှင့်ပြည့်လျက် ငါတို့မျက်ခွံများသည်ငိုရလွန်းသဖြင့်မျက် ရည်နှင့် စိုစွတ်လျက်နေသည်တိုင်အောင် မသာသီချင်းကိုသီဆိုပေးနိုင်ရန်ငိုချင်းသည် တို့အား အမြန်ခေါ်ယူကြလော့'' ဟုဆိုကြ၏။
အို ယေရုရှလင်မြို့၊ သင်၏မြို့ရိုးတို့ကို ထာဝရဘုရားထံတော်သို့ အော်ဟစ်စေပါလော့။ မြစ်များသဖွယ်သင်၏မျက်ရည်များကို နေ့ရောညပါစီးဆင်းစေပါလော့။ သင်သည်ငိုကြွေးမှုဝမ်းနည်းကြေကွဲမှု တို့ဖြင့် မိမိကိုယ်ကိုနွမ်းနယ်စေပါလော့။
ငါသည်နံနက်ပိုင်း၌လူတို့နှင့်စကားစမြည် ပြောဆိုနေခဲ့၏။ ထိုနေ့ညနေ၌ငါ၏ဇနီး သည်ကွယ်လွန်သွားသော်လည်း နောက်တစ်နေ့၌ ငါသည်ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း ပြု၏။-
သူသည်မိမိဇနီး၏ဆွေမျိုးသားချင်း အသုဘတွင်ပါဝင်၍ မိမိကိုယ်ကိုမညစ် ညမ်းစေရ။
ညီအစ်ကိုတို့၊ သေလွန်ပြီးနောက်မျှော်လင့်စရာ မရှိသူတို့ကဲ့သို့ သင်တို့ဝမ်းနည်းကြေကွဲမှု မဖြစ်ကြစေရန် ငါတို့သည်သေလွန်သူများ နှင့်ပတ်သက်၍သင်တို့အားအမှန်တရားကို သိစေလို၏။-