ရှေမ၏သားများဖြစ်ကြသောဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒနှင့်အာရံတို့သည်ကားသူတို့ ၏နာမည်ကိုခံယူကြသောလူမျိုးတို့၏ ဖခင်များဖြစ်ကြ၏။-
ယေဇကျေလ 23:7 - Common Language Bible အဟောလသည်အာရှုရိအမျိုးသားအရာ ရှိအပေါင်းတို့အတွက် ပြည့်တန်ဆာအလုပ် ကိုလုပ်၏။ မိမိ၏တဏှာရမက်၏ဆွဲဆောင်မှု ကြောင့် အာရှုရိရုပ်တုတို့ကိုရှိခိုးဝတ်ပြု ကာမိမိကိုယ်ကိုညစ်ညမ်းစေ၏။- Garrad Bible လက် ရွေး ဖြစ် သော ထို အာ ရှု ရိ လူ တို့ နှင့် ပြည့် တန် ဆာ လုပ် သည် တ ကား၊ တပ် မက် သ မျှ သူ တို့ ရှိ ခိုး သော ရုပ် ပွား များ ဖြင့် လည်း၊ မ သန့် ရာ ရောက် လေ ပြီ။ Judson Bible ထိုအာရှုရိ လူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသောမေထုန်ကို ပြု၏။ တပ်မက်သောသူအပေါင်းတို့၏ ရုပ်တုများနှင့် ကိုယ်ကို ညစ်ညူးစေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူသည် အဆီးရီးယားမင်းအရာရှိအပေါင်းတို့နှင့် ဖောက်ပြန်မှားယွင်း၏။ သူတပ်မက်သောသူအပေါင်းတို့၏ရုပ်တုများနောက်သို့လိုက်၍ မိမိကိုယ်ကိုညစ်ညူးစေ၏။ |
ရှေမ၏သားများဖြစ်ကြသောဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒနှင့်အာရံတို့သည်ကားသူတို့ ၏နာမည်ကိုခံယူကြသောလူမျိုးတို့၏ ဖခင်များဖြစ်ကြ၏။-
ယင်းသို့သတ်ဖြတ်မှုများဖြင့်မိမိတို့ကိုယ်ကို ညစ်ညမ်းစေကြ၏။ ယင်းသို့ပြုမူကြခြင်းအားဖြင့်ဘုရားသခင် ကိုလည်း သစ္စာဖောက်ကြ၏။
``သို့ရာတွင်သင်သည်မိမိ၏အဆင်းလှ မှုနှင့်ထင်ပေါ်ကျော်ကြားမှုတို့ကိုအခွင့် ကောင်းယူကာ ပြည့်တန်ဆာဖြစ်လာ၏။ သင် ၏ထံသို့ရောက်ရှိလာသူမှန်သမျှနှင့် အိပ်စက်၏။ သင်၏အလှကိုပေးအပ်၏။-
ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သဖြင့် မိမိတို့မြတ်နိုးသည့် စက်ဆုပ်ဖွယ်ရာရုပ်တုများကိုစွန့်ပစ်လိုက် ကြရန်နှင့်အီဂျစ်ဘုရားအတုများကို ကိုးကွယ်ခြင်းဖြင့် မိမိတို့ကိုယ်ကိုမညစ် ညမ်းကြစေရန်သူတို့အားပြောသော်လည်း၊-
ဤအဖြစ်မျိုးနှင့်ကြုံတွေ့ရခြင်းဖြစ်၏။ သင် သည်လူမျိုးတကာတို့အတွက်ပြည့်တန်ဆာ ဖြစ်၍ သူတို့၏ရုပ်တုများနှင့်မိမိကိုယ်ကို ညစ်ညမ်းစေ၏။-
ငါသည်ဣသရေလအမျိုးသားတို့၏ အကြောင်းကိုသိသဖြင့် သူတို့၏ဒုစရိုက် ကိုဖုံးကွယ်၍မရနိုင်၊ သူတို့သည်ငါ့အား သစ္စာဖောက်သဖြင့် ငါနှင့်မထိုက်တန်တော့ ပြီ'' ဟုမိန့်တော်မူ၏။
ဣသရေလပြည်သားတို့၏စက်ဆုပ်ဖွယ် ကောင်းသောအမှုကိုငါမြင်ရပြီ။ ငါ၏ လူမျိုးတော်သည်ရုပ်တုများကိုကိုးကွယ် ၍မိမိတို့ကိုယ်ကိုညစ်ညမ်းစေကြပြီ။''