Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 5:3 - Common Language Bible

3 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အ​ကြောင်း​ကို​သိ​သ​ဖြင့် သူ​တို့​၏​ဒု​စ​ရိုက် ကို​ဖုံး​ကွယ်​၍​မ​ရ​နိုင်၊ သူ​တို့​သည်​ငါ့​အား သစ္စာ​ဖောက်​သ​ဖြင့် ငါ​နှင့်​မ​ထိုက်​တန်​တော့ ပြီ'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဧ ဖ ရိမ် ကို ငါ သိ၏။ စ က္ခု တော် မှ ဣ သ ရေ လ မ ကွယ် နိုင်။ အို ဧ ဖ ရိမ်၊ သင် သည် မှား ယွင်း လေ ပြီ။ ဣ သ ရေ လ သည် မ သန့် ရာ ရောက် ခဲ့ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ဧ​ဖ​ရိမ်​ကို​ငါ​သိ၏။ ဣ​သ​ရေ​လ​သည်​လည်း ငါ့​ရှေ့​မှ ပုန်း​ရှောင်၍​မ​နေ​နိုင်။ ယ​ခု​ပင် အို ဧ​ဖ​ရိမ်၊ သင်​သည်​မှား​ယွင်း၍ ဣ​သ​ရေ​လ​သည် ညစ်​ညူး​ခြင်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ဧဖရိမ်​ကို ငါ​သိ​၏​။ အစ္စရေး​သည်​လည်း ငါ့​ကို​ပုန်းရှောင်​၍ မ​ရ​။ အို ဧဖရိမ်​၊ သင်​သည် ဖောက်ပြန်မှားယွင်း​လေ​ပြီ​။ အစ္စရေး​သည် ညစ်ညူး​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 5:3
24 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ချိန်​ကာ​လ​မ​ကျ​မီ​၌​ပင်​လျှင် သင် ကြောက်​လန့်​သည့်​ဘု​ရင်​နှစ်​ပါး​၏​တိုင်း ပြည်​များ​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လျက်​နေ​လိမ့်​မည်။


``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နှစ်​ခြမ်း​ကွဲ​ချိန်​မှ​အ​စ ပြု​၍ မ​ကြုံ​ဘူး​သေး​သော​ဘေး​ဒုက္ခ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​သင်​၏​ပြည်​သူ​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ မင်း​ဆွေ​မင်း​မျိုး​မှန် သ​မျှ​အ​ပေါ်​သို့​လည်း​ကောင်း​သက်​ရောက်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​အာ​ရှု​ရိ ဘု​ရင်​ကို​ခေါ်​ဆောင်​လာ​တော်​မူ​ပေ​အံ့။


ရှု​ရိ​ပြည်​သည်​ဣ​သ​ရေ​လ​ပြည်​နှင့် ၎င်း ၏​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ လျှို့​ဝှက်​သော အ​ကြံ​အ​စည်​တစ်​ခု​ကို​ပြု​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​ဟော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဦး​စွာ မိန့်​တော်​မူ​သည်​မှာ``သင်​သည်​သွား​၍​အ​မျိုး သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​လော့။ သင် ၏​ဇ​နီး​သည်​သစ္စာ​မဲ့​သူ​ဖြစ်​လိမ့်​မည်။ သင်​၏ သား​သ​မီး​များ​သည်​လည်း​သင်​၏​ဇနီး​ကဲ့ သို့​သစ္စာ​မဲ့​သူ​များ​ဖြစ်​လိမ့်​မည်။ ငါ​၏ လူ​စု​သည်​လည်း​ထို​နည်း​တူ​စွာ​ငါ့​ကို စွန့်​၍​သစ္စာ​ဖောက်​ကြ​ပြီ'' ဟု​မိန့်​တော် မူ​၏။-


ဣ​သ​ရေ​လ​ပြည်​သား​တို့​မိုး​လင်း​မှ​မိုး​ချုပ် အ​ထိ ပြု​လုပ်​ကျင့်​ကြံ​နေ​သ​မျှ​တို့​သည် အ​ကျိုး​မ​ရှိ၊ အ​ချည်း​နှီး​သက်​သက်​ဖြစ်​၏။ သူ​တို့​တွင်​သစ္စာ​ဖောက်​မှု၊ အ​ကြမ်း​ဖက်​မှု များ​တိုး​ပွား​များ​ပြား​လျက်​ရှိ​၏။ သူ​တို့ သည်​အာ​ရှု​ရိ​ပြည်​နှင့်​မ​ဟာ​မိတ်​ဖွဲ့​လျက် ပင် အီ​ဂျစ်​ပြည်​နှင့်​ကုန်​သွယ်​ကြ​၏'' ဟု မိန့်​တော်​မူ​၏။


ယ​ခင်​အ​ခါ​က​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​တို့​ပြော သော​စ​ကား​ကို​အ​ခြား​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။ အ​ခြား သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​တို့​ကို​ရို​သေ​လေး​စား​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ကို​ကိုး ကွယ်​သော​အ​ပြစ်​ကြောင့်​သေ​ကြေ​ပျက်​စီး ရ​မည်။-


ငါ​သည်​ခြောက်​သွေ့​ပူ​ပြင်း​သော​သဲ​ကန္တာ ရ​အ​ရပ်​တွင်​သင်​တို့​ကို​စောင့်​ရှောက်​ခဲ့​၏။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ညှင်း​ဆဲ နှိပ်​စက်​ခြင်း​ခံ​နေ​ရ​ကြ​၏။ သူ​တို့​သည် အ​ကူ​အ​ညီ​မ​ပေး​နိုင်​သူ​ရုပ်​တု​တို့​ထံ မှ အ​ကူ​အညီ​တောင်း​ခံ​ရန်​ဆန္ဒ​ပြင်း​ပြ နေ​သည်။-


``ဣ​သ​ရေ​လ​နိုင်​ငံ​သည်​မိ​မိ​၏​အ​နာ ရော​ဂါ​ကို​လည်း​ကောင်း၊ ယု​ဒ​နိုင်​ငံ​သည် မိ​မိ​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​လည်း ကောင်း​မြင်​ရ​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ သည်​အာ​ရှု​ရိ​နိုင်​ငံ​ဧ​က​ရာဇ်​မင်း​ထံ​သွား ၍​အ​ကူ​အ​ညီ​တောင်း​၏။ သို့​ရာ​တွင် ဧ​က​ရာဇ်​မင်း​သည်​သူ​တို့​၏​ရော​ဂါ ကို မ​ကု​သ​မ​ပျောက်​ကင်း​စေ​နိုင်။-


အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရောက်​လာ​ပြီ​ဖြစ် ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပျက် စီး​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဤ​အ​ရာ​သည်​မု​ချ​ဖြစ်​လိမ့်​မည်။''


ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​စက်​ဆုပ်​ဖွယ် ကောင်း​သော​အ​မှု​ကို​ငါ​မြင်​ရ​ပြီ။ ငါ​၏ လူ​မျိုး​တော်​သည်​ရုပ်​တု​များ​ကို​ကိုး​ကွယ် ၍​မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ​ပြီ။''


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ အ​မျိုး​သား​နှင့်​ယု​ဒ​အ​မျိုး​သား​တို့၊ သင် တို့​ကို​ငါ​မည်​ကဲ့​သို့​စီ​ရင်​ရ​မည်​နည်း၊ ငါ့ အား​သင်​တို့​ထား​သော​မေတ္တာ​သည်​နံ​နက် ဆီး​နှင်း​ကဲ့​သို့​လည်း​ကောင်း၊ နှင်း​ပေါက်​ကဲ့ သို့​လည်း​ကောင်း​ပျောက်​လွယ်​လှ​၏။-


``အ​ပြစ်​ဖြေ​ရန်​အ​တွက်​ဣ​သ​ရေ​လ​ပြည် သား​တို့​ယဇ်​ပလ္လင်​များ​များ​တည်​ဆောက် လေ​လေ အ​ပြစ်​ပြု​ရာ​နေ​ရာ​များ​လေ​လေ ဖြစ်​လာ​လေ​ပြီ။-


ကမ္ဘာ​တစ်​ခွင်​လုံး​ရှိ​နိုင်ငံ​တ​ကာ​တို့​အ​နက် သင် တို့​တစ်​မျိုး​တည်း​ကို​သာ​ငါ​အ​သိ​အ​မှတ် ပြု​၍​က​ရု​ဏာ​သက်​ခဲ့​၏။ ထို့​ကြောင့်​ပင်​သင် တို့​ပြု​ခဲ့​သ​မျှ​သော​အ​ပြစ်​များ​အ​တွက် သင်​တို့​ကို​အ​ပြစ်​ပေး​ရ​တော့​မည်။


သင်​တို့​သည်​မည်​မျှ​အ​ပြစ်​ကူး​လွန်​ခဲ့​၍ သင်​တို့​အ​ပြစ်​သည်​မည်​မျှ​ကြောက်​စ​ရာ ကောင်း​လှ​ကြောင်း​ကို​ငါ​သိ​၏။ သင်​တို့​သည် သူ​တော်​ကောင်း​များ​ကို​ညှင်း​ပန်း​၍ တံ​စိုး လက်​ဆောင်​စား​နေ​ကြ​ပြီ။ ဆင်း​ရဲ​သား တို့​အား​တ​ရား​သ​ဖြင့် မ​စီ​ရင်​ဘဲ​သူ​တို့ ကို​ရုံး​တော်​များ​မှ​မောင်း​ထုတ်​ခဲ့​ပြီ။-


ယော​သပ်​သည်​နွား​လား​ဥ​သ​ဖ​ကဲ့​သို့​လည်း ကောင်း၊ နွား​ရိုင်း​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း​ခွန်​အား ကြီး​၏။ သူ​၏​ဦး​ချို​များ​သည်​ကား​မ​နာ​ရှေ​အ​နွယ်​ဝင်​နှင့် ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ထောင်​သောင်း​များ​စွာ​တို့ ဖြစ်​သ​တည်း။ သူ​သည်​ထို​ဦး​ချို​များ​ဖြင့်​လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​အ​စွန်း​သို့​တိုင်​အောင်​ခတ်​ထုတ်​လိမ့်​မည်။''


ဘု​ရား​သ​ခင်​၏​မျက်​မှောက်​၌​မ​ထင်​ရှား​သော အ​ရာ​ဟူ​၍​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ။ ဖန်​ဆင်း တော်​မူ​သော​အ​ရာ​ခပ်​သိမ်း​သည်​မျက်​မှောက် တော်​၌​ထင်​ရှား​လျက်​ရှိ​၏။ ငါ​တို့​အား​လုံး သည်​မိ​မိ​တို့​ပြု​သ​မျှ​အ​တွက် ကိုယ်​တော်​၏ စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်​မည်။


သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည်​အ​ပူ လည်း​မ​ဟုတ်၊ အ​အေး​လည်း​မ​ဟုတ်​သည်​ကို​ငါ သိ​၏။ သင်​သည်​အ​ပူ​သို့​မ​ဟုတ်​အ​အေး​တစ်​ခု ခု​ဖြစ်​စေ​ရန်​ငါ​အ​လို​ရှိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ