ထိုသူတို့သည်မျောက်မထားမှုဖြင့်နွမ်းနယ် နေပြီဖြစ်သော အမျိုးသမီးကိုပြည့်တန်ဆာ အဖြစ်အသုံးပြုကြပါစေဟုငါတွေး တောမိ၏။-
မျောက် မ ထား ၍ နွမ်း ရိ သော ထို သူ့ ကို ရည် လျက် ငါ က၊ သူ တို့ အ ချင်း ချင်း မှား ယွင်း ကြ မည် ဟု အောက် မေ့ ကြ သည့် အ တိုင်း၊
ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမနှင့်ပင် အကယ်၍ မတရားသောမေထုန်ကို ပြုကြလိမ့်မည်လောဟု၊ အိုသည်တိုင်အောင် ပြည့်တန်ဆာလုပ်သော ထိုမိန်းမကို ရည်မှတ်၍ဆိုသော်၊
ထိုအခါ ငါက ပြည့်တန်ဆာဝါရင့်နေသော ဤမိန်းမနှင့်ပတ်သက်၍ ‘ဤယောက်ျားတို့သည် ဤမိန်းမနှင့်ပင် ဖောက်ပြန်မှားယွင်းနေကြပေဦးမည်’ဟု ဆိုမိ၏။
ဘိုးဘေးများလက်ထက်မှအစပြု၍ယနေ့ တိုင်အောင်ပင် ကိုယ်တော်၏လူမျိုးတော်အကျွန်ုပ် တို့သည် လွန်စွာအပြစ်ကူးခဲ့ကြပါ၏။ ထို အပြစ်များကြောင့်အကျွန်ုပ်တို့၏ဘုရင်များ နှင့်ယဇ်ပုရောဟိတ်တို့သည် လူမျိုးခြားဘုရင် များ၏လက်သို့အပ်နှင်းခြင်း၊ ဋ္ဌားဘေးသင့်ခြင်း၊ လုယက်ခြင်း၊ သုံ့ပန်းအဖြစ်ဖမ်းဆီးသွားခြင်း၊ ယခုအခါ၌ကဲ့သို့လုံးဝအသရေပျက် ခြင်းတို့ကိုခံရကြပါ၏။-
ကျွန်တော်မျိုးတို့သည်ဘိုးဘေးများနည်းတူ အပြစ်ကူးကြပါပြီ။ ယုတ်မာဆိုးညစ်ကြ ပါပြီ။
လူမည်းသည်မိမိ၏အသားအရောင်ကို ပြောင်းလဲစေနိုင်ပါသလော။ သို့တည်းမ ဟုတ်ကျားသစ်သည်မိမိ၏အကွက်များ ကိုဖယ်ရှားပစ်နိုင်ပါသလော။ အကယ်၍ ဤအမှုအရာများကိုပြုလုပ်နိုင်မည် ဆိုပါမူ ဒုစရိုက်ကိုသာလျှင်ပြုကျင့် တတ်သူသင်တို့သည်လည်း သုစရိုက်သို့ ပြောင်းလဲပြုကျင့်ကောင်းပြုကျင့်နိုင်ကြ ပေလိမ့်မည်။-
သူတို့သည်ငယ်ရွယ်စဉ်အခါက အီဂျစ် ပြည်၌နေထိုင်စဉ် ရင်သားကိုပွတ်နယ်ခံရ လျက်အပျိုရည်ပျက်၍ပြည့်တန်ဆာများ ဖြစ်သွားကြ၏။-
သူတို့သည်ပြည့်တန်ဆာတို့ထံထပ်ခါထပ်ခါ ပြန်သွားကြ၏။ သူတို့သည်အကျင့်ပျက်သူ အဟောလနှင့်အဟောလိဗတို့ထံသို့ပြန် သွားကြ၏။-
အို အရှင်ဘုရား၊ ကိုယ်တော်သည်အတိတ် ကာလက အကျွန်ုပ်တို့အားကာကွယ်စောင့် ရှောက်တော်မူခဲ့ပါ၏။ သို့ဖြစ်၍ယေရုရှလင် မြို့ကိုဆက်လက်၍ အမျက်ဒေါသထွက်တော် မမူပါနှင့်။ ထိုမြို့သည်ကိုယ်တော်၏မြို့တော်၊ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်ဖြစ် ပါ၏။ အကျွန်ုတို့၏အပြစ်ဒုစရိုက်များ နှင့်ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှုများ ကြောင့် အိမ်နီးချင်းတိုင်းပြည်များရှိလူ အပေါင်းတို့သည် ယေရုရှလင်မြို့နှင့်ကိုယ် တော်၏လူမျိုးတော်အားအထင်အမြင် သေးကြပါ၏။-