ကိုယ်တော်ရှင်၏ရှေ့တော်တွင် သူယုတ်မာအပေါင်းတို့သည်အမှိုက်သရိုက် ကဲ့သို့ ဖြစ်ပါ၏။ သို့ဖြစ်၍ကွန်တော်မျိုးသည်ကိုယ်တော်ရှင် ပေးတော်မူသောဆုံးမသွန်သင်ခက်တို့ကို နှစ်သက်မြတ်နိုးပါ၏။
ယေဇကျေလ 22:18 - Common Language Bible ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ငါ၏အဖို့အသုံးမဝင် ကြ။ သူတို့သည်သတ္တုအရည်ကျိုမီးဖိုတွင် ငွေကိုချွတ်ပြီးနောက်ကျန်ရစ်သည့်ကြေးဝါ၊ သံဖြူ၊ သံ၊ ခဲနှင့်တူ၏။- Garrad Bible အ ချင်း လူ့ သား၊ ဣ သ ရေ လ တစ် မျိုး လုံး သည်၊ ရှေ့ တော် တွင် ချော် ဖြစ် လျက်၊ မိုက် လုံ ရှိ ကြေး၊ ဘင်၊ သံ၊ ခဲ တည်း ဟူ သော ငွေ ချော် ဖြစ် သည် တ ကား၊ Judson Bible အချင်းလူသား၊ ဣသရေလအမျိုးသည် ငါ့ရှေ့မှာချော်ဖြစ်လေပြီ။ ထိုသူအပေါင်းတို့သည် မိုက်ထဲ၌ ထည့်သော ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲကဲ့သို့ငွေနှင့်ကွာသော ချော်ဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်သည် ချော်နှင့်တူလေပြီ။ သူတို့အားလုံးသည် မီးပြင်းဖိုထဲမှ ကြေးနီ၊ သံဖြူ၊ သံ၊ ခဲများဖြစ်ကြပြီ။ ငွေစစ်ရာမှ ထွက်လာသောချော် ဖြစ်ကြပြီ။ |
ကိုယ်တော်ရှင်၏ရှေ့တော်တွင် သူယုတ်မာအပေါင်းတို့သည်အမှိုက်သရိုက် ကဲ့သို့ ဖြစ်ပါ၏။ သို့ဖြစ်၍ကွန်တော်မျိုးသည်ကိုယ်တော်ရှင် ပေးတော်မူသောဆုံးမသွန်သင်ခက်တို့ကို နှစ်သက်မြတ်နိုးပါ၏။
ငွေစစ်စရာဘို့မိုက်ကို၎င်း၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎င်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။
အို ယေရုရှလင်မြို့၊ သင်သည်အခါတစ်ပါးကငွေနှင့်တူခဲ့၏။ ယခုမူကားတန်ဖိုးမဲ့ဖြစ်၍နေလေပြီ။ ယခင်အခါကသင်သည်စပျစ်ရည်ကောင်းနှင့်တူခဲ့၏။ ယခုမှာမူရေပကတိဖြစ်၍နေတော့၏။-
ငါသည်သင့်အားအရေးယူအပြစ်ပေးမည်။ သတ္တု၏ချေးညှော်များကိုချွတ်သည့်နည်းတူ သင်၏အညစ်အကြေးများကိုလည်းချွတ်၍ သင့်အားသန့်စင်အောင်ငါပြုမည်။-
သူတို့၏ဘုရင်သည်လည်းကြောက်ရွံ့၍ထွက် ပြေးကြလိမ့်မည်။ တပ်မှူးများသည်မိမိတို့ တိုက်ပွဲအလံများကိုစွန့်ပစ်လိုက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်၏။ ကိုယ်တော် သည်ယေရုရှလင်မြို့တွင်လူတို့ကိုးကွယ် ဝတ်ပြုကြသည့်ထာဝရဘုရားဖြစ်တော် မူ၍ ကိုယ်တော်၏မီးလျှံသည်လည်းယဇ် ကောင်များကိုမီးရှို့ရန်အတွက်တောက် လောင်လျက်ရှိသတည်း။
ငွေကိုမီးဖိုတွင်ထည့်၍ချွတ်သကဲ့သို့ ငါသည်သင်တို့အားဆင်းရဲဒုက္ခမီးဖြင့် စုံစမ်းစစ်ဆေးပြီးဖြစ်၏။
သင်တို့သည်သံကဲ့သို့တင်းမာလျက်၊ ကြေးဝါကဲ့သို့မာကြောလျက်၊ခေါင်းမာ နေကြလိမ့်မည်ကိုငါသိ၏။
သို့ဖြစ်၍သူတို့သည်ထိုသတ္တုရိုင်းများကဲ့သို့ ပင်အသုံးမဝင်သူများဖြစ်ကြောင်း ငါအရှင် ထာဝရဘုရားယခုမိန့်တော်မူခြင်းဖြစ်၏။ ငွေ၊ ကြေးဝါ၊ သံ၊ ခဲနှင့် သံဖြူပါဝင်သောသတ္တု ရိုင်းကိုဖိုထဲတွင်စု၍ထည့်သကဲ့သို့ ငါသည် သူတို့အားလုံးကိုယေရုရှလင်မြို့တွင်စုဝေး စေမည်။ မီးသည်သတ္တုရိုင်းကိုအရည်ပျော်စေ သကဲ့သို့ ငါ၏ဒေါသအမျက်သည်သူတို့ အားအရည်ပျော်စေလိမ့်မည်။-
ဦးညွှတ်ရှိခိုးခြင်းမပြုသူမည်သူမဆို ပြင်းစွာအလျှံထလျက်နေသော မီးဖိုကြီး ထဲသို့ချက်ချင်းပစ်ချခြင်းကိုခံစေ'' ဟု အသံကျယ်စွာကြေညာလေသည်။-