ဟေရှာယ 1:22 - Common Language Bible22 အို ယေရုရှလင်မြို့၊ သင်သည်အခါတစ်ပါးကငွေနှင့်တူခဲ့၏။ ယခုမူကားတန်ဖိုးမဲ့ဖြစ်၍နေလေပြီ။ ယခင်အခါကသင်သည်စပျစ်ရည်ကောင်းနှင့်တူခဲ့၏။ ယခုမှာမူရေပကတိဖြစ်၍နေတော့၏။- အခန်းကိုကြည့်ပါ။Garrad Bible22 သင်၏ ငွေ သည် ချော် ဖြစ်၍၊ အ ရက် လည်း ရေ ရော လျက် ရှိ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible22 သင်၏ငွေသည်လည်း ချော်ဖြစ်လေပြီ။ သင်၏စပျစ်ရည်သည် ရေနှင့် ရောလျက်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 သင်၏ငွေသည် ချော်ဖြစ်သွားပြီ။ သင်၏အကောင်းဆုံးဝိုင်သည် ရေနှင့်ရောလေပြီ။ အခန်းကိုကြည့်ပါ။ |
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
ငါတို့သည်အခြားသူအမြောက်အမြား ကဲ့သို့ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကို အပေါစားကုန်ပစ္စည်းသဖွယ်ရောင်း ဝယ်ဖောက်ကားမှုကိုမပြုကြ။ ငါတို့သည် ဘုရားသခင်စေလွှတ်တော်မူသောသူများ ဖြစ်၍ ခရစ်တော်၏အစေခံများအနေ ဖြင့်ဘုရားသခင်၏ရှေ့တော်မှောက်၌ နှုတ်ကပတ်တရားတော်ကိုစိတ်ကြည် လင်စွာဟောပြောကြ၏။