အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။
ယေဇကျေလ 22:13 - Common Language Bible ``ငါသည်သင်၏မတရားစီးပွားရှာမှု အတွက်အမျက်ထွက်လျက်၊ လက်ဝါးချင်း ရိုက်၍၊ လုယက်သတ်ဖြတ်မှုတို့ကိုရပ်စဲ စေမည်။- Garrad Bible သို့ ဖြစ်၍ ငါ သည်၊ သင် ပြု ခဲ့ သော လု ယက် မှု၊ အ တွင်း တွင် သွေး သွန်း မှု များ ကြောင့်၊ လက် ပမ်း ပေါက် ခတ် လေ ပြီ။ Judson Bible သို့ဖြစ်၍၊ သင်ဆည်းပူးသောဥစ္စာ၊ သင့်အလယ်၌သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ သင့်အလယ်တွင် မတရားအကျိုးစီးပွားရှာသောအပြစ်၊ လူအသက်သတ်သောအပြစ်ကြောင့် သင့်ကို ငါဒဏ်ခတ်မည်။ |
အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။
သင်တို့သည်အမှန်တရားကိုပြောဆိုပြုကျင့် ကြပါမူ အသက်မသေဘဲကျန်ရှိနိုင်ပါ၏။ ဆင်းရဲသူတို့အားလိမ်လည်လှည့်ဖြားရန်သင် တို့၏တန်ခိုးအာဏာအသုံးမပြုကြနှင့်။ တံစိုး လက်ဆောင်များကိုလည်းလက်မခံကြနှင့်။ လူ့ အသက်ကိုသတ်ရန်၊ အခြားဆိုးညစ်မှုများ ကိုပြုရန်ကြံစည်ကြသူများနှင့်ပူးပေါင်း ဆောင်ရွက်မှုမပြုကြနှင့်။-
``အချင်းလူသား၊ ယခုဗျာဒိတ်တော်ကိုပြန် ကြားလော့။ လက်ခုပ်တီးလော့။ ထိုအခါဋ္ဌား တော်ကိုနှစ်ကြိမ်သုံးကြိမ်ဝှေ့ယမ်းလော့။ ထို ဋ္ဌားသည်သူသတ်သောဋ္ဌား၊ ရက်စက်စွာသတ် ဖြတ်သည့်ဋ္ဌားဖြစ်၏။ သူတို့ကိုအဘက်ဘက် မှဝိုင်းရံသတ်ဖြတ်လိမ့်မည်။-
ငါသည်လည်းလက်ခုပ်တီးမည်။ ထိုနောက်ငါ ၏အမျက်တော်ပြေမည်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားပင်ဖြစ်၏'' ဟူ ၍တည်း။
ကိုယ်တော်က``အချင်းလူသား၊ ဗာဗုလုန်မင်း တိုက်ခိုက်ရန်ဋ္ဌားကိုကိုင်၍ လာနိုင်သည့်လမ်း နှစ်လမ်းကိုမှတ်သားလော့။ ထိုလမ်းနှစ်လမ်း စလုံးပင်တိုင်းပြည်တစ်ခုတည်းမှအစ ပြုရမည်။ ထိုမြို့သို့ခွဲသွားသည့်လမ်းခွ တွင်မှတ်တိုင်များစိုက်ထားလော့။-
အစိုးရအရာရှိများသည်သားကောင် များကို ကိုက်သတ်ဆွဲဖြတ်လျက်နေသည့် ဝံပုလွေများနှင့်တူကြ၏။ သူတို့သည် မိမိတို့ကြွယ်ဝချမ်းသာရေးအတွက် အသက်ကိုသတ်၍လူသတ်မှုကူးလွန် ကြ၏။-
သို့ဖြစ်၍ငါ၏လူမျိုးတော်သည်သင်ပြန် ကြားရန် ရှိသည့်အမိန့်တော်ကိုနားထောင် ရန်သင့်ရှေ့သို့စုရုံးလာကြ၏။ သို့ရာတွင် သူတို့သည်သင်ပြောသည့်အတိုင်းမလုပ် ကြ။ ချစ်ဖွယ်သောစကားများပြောဆိုနေ ကြသော်လည်းလောဘစိတ်အတိုင်းကျင့် ကြံကြ၏။-
ထာဝရဘုရားက``သူတို့သည်သူတို့၏ ဘုံနန်းများကိုမတရားလုယက်၊ အကြမ်း ဖက်ပြီးမှရယူခဲ့သောပစ္စည်းတို့ဖြင့်ပြည့် စေခဲ့ပြီ။ သူတို့သည်သစ္စာသဘောကိုပင် နားမလည်တော့ပေ။-
ထိုအခါဗာလက်ဘုရင်သည်အမျက်ထွက်သဖြင့် လက်သီးများကိုဆုပ်လျက်ဗာလမ်အား``အကျွန်ုပ် ၏ရန်သူတို့ကိုကျိန်ဆဲရန်ကိုယ်တော်ကိုခေါ် ဆောင်ခဲ့သည်။ သို့ရာတွင်ကိုယ်တော်သည်သူတို့ ကိုသုံးကြိမ်တိုင်အောင်ကောင်းချီးပေးလေပြီ။-
ဤအမှုမျိုးတွင်သင်တို့သည်ညီအစ်ကို အချင်းချင်းမပြစ်မှားရ။ အခွင့်ကောင်း ကိုမယူရ။ သခင်ဘုရားသည်ဤအပြစ် မျိုးကူးလွန်သောသူတို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်းသင်တို့အား ငါတို့ကြပ်တည်းစွာသတိပေးပြီးဖြစ်သည်။-