ကာလအနည်းငယ်ကြာသောအခါယုဒ အမျိုးသားနှင့်အမျိုးသမီးအမြောက် အမြားတို့သည် အချင်းချင်းအားအပြစ် တင်၍ညဉ်းညူကြကုန်၏။-
ယေဇကျေလ 22:12 - Common Language Bible သင့်အထဲ၌သင်၏လူအချို့တို့သည်ကြေး စားလူသတ်သမားများဖြစ်ကြ၏။ အချို့ မှာမိမိတို့ဣသရေလအမျိုးသားများ အားငွေချေး၍ အတိုးကိုယူကာမိမိတို့ ကိုယ်ကိုကြွယ်ဝချမ်းသာစေကြ၏။ သူတို့ သည်ငါ့အားမေ့လျော့သွားကြလေကုန် ပြီ'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာ ဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။ Garrad Bible အ ခ ယူ၍ သွေး သွန်း မှု ပြု သူ များ နှင့် ပြည့်၏။ သင် သည်၊ အ တိုး အ မြတ် စား လျက်၊ သူ တစ် ပါး တို့ ကို နှိပ် စက် လု ယက် လျက်၊ ငါ့ ကို သ တိ လစ် လျက် နေ ခဲ့ လေ စွ ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို၏။ Judson Bible သင့်အလယ်၌လည်း လူအသက်သတ်ခကိုခံကြ၏။ အတိုးစား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း၏ဥစ္စာကို လုယူကြ၏။ ငါ့ကိုလည်း မေ့လျော့ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် တံစိုးလက်ဆောင်ယူ၍ လူအသက်ကို သတ်ကြ၏။ သင်သည် အတိုးအမြတ်ယူ၍ အိမ်နီးချင်း၏ပစ္စည်းကို အနိုင်အထက်လုယူ၏။ ငါ့ကိုလည်း မေ့လျော့လေပြီ’ဟု မိန့်တော်မူ၏။ |
ကာလအနည်းငယ်ကြာသောအခါယုဒ အမျိုးသားနှင့်အမျိုးသမီးအမြောက် အမြားတို့သည် အချင်းချင်းအားအပြစ် တင်၍ညဉ်းညူကြကုန်၏။-
အရေးယူဆောင်ရွက်ရန်စိတ်ပိုင်းဖြတ်လိုက်၏။ ငါသည်ပြည်သူခေါင်းဆောင်များနှင့်အုပ်ချုပ် ရေးမှူးတို့အား``သင်တို့သည်မိမိတို့ညီ အစ်ကိုများကိုနှိပ်စက်ညှဉ်းဆဲလျက်နေကြ ပါသည်တကား'' ဟုပြစ်တင်ပြောဆို၏။ ငါသည်ဤပြဿနာကို ဖြေရှင်းရန်လူထု စည်းဝေးတစ်ရပ်ကိုခေါ်ယူပြီးလျှင်၊-
အီဂျစ်ပြည်တွင်အံ့သြဖွယ်ကောင်းသော အမှုတော်များဖြင့် မိမိတို့အားကယ်တော်မူခဲ့သောဘုရားသခင်ကို မေ့လျော့ကြ၏။
သူသည်အတိုးမယူဘဲမိမိ၏ငွေကို ချေးငှားတတ်၏။ သူသည်တံစိုးလက်ဆောင်ယူ၍အပြစ်မဲ့ သူတို့ ထိခိုက်နစ်နာစေရန်သက်သေမခံတတ်။ ဤသို့သောသူသည်အစဉ်အမြဲဘေး ကင်းလုံခြုံစွာ နေရလိမ့်မည်။
မတရားသောစီးပွါးကို ရှာသောသူအပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင်၏အသက်ကို သတ်တတ်၏။
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
အို ဣသရေလပြည်၊ သင်သည်မိမိအားကယ် ဆယ်တော်မူ၍ကျောက်တုံးကြီးသဖွယ်ကွယ် ကာတော်မူသောဘုရားသခင်ကိုမေ့လျော့ ခဲ့လေပြီ။ သင်သည်လူမျိုးခြားများ၏ဘုရား ကိုဝတ်ပြုကိုးကွယ်ရန်အတွက် မွန်မြတ်သော အပင်များကိုစိုက်ပျိုးခဲ့ပေသည်။
သူတို့သည်စား၍အားမရနိုင်၊ လောဘကြီး သည့်ခွေးများနှင့်တူကြ၏။ သူတို့သည်ကား အသိတရားကင်းမဲ့သည့်ခေါင်းဆောင်များ တည်း။ မိမိတို့နှစ်သက်ရာကိုကိုယ်စီကိုယ်ငှ ဆောင်ရွက်ကြလျက်ကိုယ်ကျိုးကိုသာလျှင် ရှာကြံတတ်ကြ၏။-
မိန်းမပျိုသည်မိမိ၏ကျောက်မျက်ရတနာ များကိုလည်းကောင်း၊ မင်္ဂလာဆောင်သတို့ သမီးသည်မိမိ၏မင်္ဂလာဆောင်ဝတ်စုံကို လည်းကောင်းမေ့လျော့တတ်ပါသလော။ သို့ ရာတွင်ငါ၏လူမျိုးတော်မူကားမရေ မတွက်နိုင်သောနေ့ရက်များတွင်ငါ့ကို မေ့လျော့ကြလေပြီ။-
တောင်ထိပ်များပေါ်တွင်အသံတစ်ခုကို ကြားရကြ၏။ ထိုအသံကားဣသရေလပြည်သားတို့သည် အပြစ်ဒုစရိုက်တွင်ကျင်လည်ကာ၊ မိမိတို့ဘုရားသခင်ထာဝရဘုရားအား မေ့လျော့ခဲ့ကြသဖြင့်၊ ငိုကြွေးလျက်ပန်ကြားလျှောက်ထားကြသည့် အသံပင်ဖြစ်၏။
ကြီးငယ်မဟူလူအပေါင်းတို့သည်မတရား စီးပွားရှာကြ၏။ ပရောဖက်များနှင့်ယဇ်ပု ရောဟိတ်များပင်လျှင်လူတို့ကိုလှည့်ဖြား ကြ၏။-
ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
သူသည်အတိုးအမြတ်ရအောင်ငွေကိုချေး ၏။ ထိုသူသည်အသက်ရှင်နိုင်မည်လော။ အသက် ရှင်နိုင်မည်မဟုတ်။ သူသည်ယင်းသို့စက်ဆုပ် ဖွယ်ကောင်းသောအမှုတို့ကိုပြုသဖြင့်သေ ရလိမ့်မည်။ သူ၏သွေးသည်သူ့ခေါင်းပေါ် တင်လျက်ရှိ၏။
သူသည်အတိုးအမြတ်ရရန်ငွေကိုမချေး။ ဆိုးညစ်မှုကိုရှောင်ရှား၍အချင်းများမှု တို့တွင်ဖြောင့်မှန်သောအဆုံးအဖြတ်ကို ပေး၏။-
အရှင်ထာဝရဘုရားသခင်က``သင်ငါ့ကိုမေ့ လျော့ကာကျောခိုင်းလျက် တဏှာရာဂစိတ်နှင့် ပြည့်တန်ဆာလုပ်သည့်အတွက်သင်သည်ဒုက္ခ ရောက်ရပေတော့အံ့'' ဟုမိန့်တော်မူ၏။
ငါ၏လူမျိုးတော်ဖြစ်သောဣသရေလ အမျိုးသားတို့ ငါသည်သင်တို့အားပြည် တော်တွင်တစ်ဖန်နေထိုင်နိုင်ကြစေရန်ငါ ခေါ်ဆောင်ခဲ့မည်။ ထိုပြည်သည်သင်တို့ပိုင် သောပြည်ဖြစ်လိမ့်မည်။ ယင်းသည်သင်တို့ ၏သားသမီးများအား နောင်အဘယ် အခါ၌မျှမဆုံးပါးစေရ။
``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။-
သူ့အားချေးငွေအပေါ်တွင်အတိုးမယူရ။ အစားအစာကိုအမြတ်တင်၍သူ့အား မရောင်းရ။-
ငတ်မွတ်သူများကိုနင်းချေ၍ဆင်းရဲသော ပြည်သူတို့အား ဖိနှိပ်ချုပ်ချယ်နေကြသူ တို့၊ ဤစကားကိုနားထောင်ကြလော့။-
တန်ဖိုးမရှိသောဂျုံစပါးကိုတက်စျေး ဖြင့်ရောင်းမည်။ အကြွေးနစ်လွန်းသဖြင့် ဆင်းရဲနေသူကိုရှာပြီးကျွန်အဖြစ်နှင့် ခြေနင်းတစ်ရံစာမျှဖြင့်ဝယ်ယူမည်'' ဟုသင်တို့ဆိုကြလေပြီ။
``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပန်းကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ် အောင်ဆေးကြောကြသော်လည်း သင်တို့၏စိတ် အတွင်းမှာကားလောဘလွန်ကူးမှုနှင့် အကြမ်းဖက်မှုတို့ဖြင့်ပြည့်လျက်နေ၏။-
ဖာရိရှဲသည်တစ်ယောက်တည်းရပ်လျက် `အို ဘုရား သခင်၊ အခြားသောသူတို့သည်လောဘကြီးသူ၊ မရိုးဖြောင့်သူ၊ သူ့အိမ်ရာကိုပြစ်မှားသူများ ဖြစ်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ကဲ့သို့ မဟုတ်သဖြင့်လည်းကောင်း၊ ဤအခွန်ခံသူ ကဲ့သို့ပင်မဟုတ်သဖြင့်လည်းကောင်း ကိုယ် တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
ဇက္ခဲသည်ရပ်လျက်သခင်ဘုရားအား ``အရှင်၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကိုဆင်းရဲသူ တို့အားပေးကမ်းပါမည်။ အကယ်၍အကျွန်ုပ် သည်လူတစ်စုံတစ်ယောက်ထံမှ မတရား တောင်းယူထားမိသောငွေရှိပါလျှင် ထိုငွေ ၏လေးဆကိုပြန်၍ပေးပါမည်'' ဟုလျှောက်၏။
ယောဟန်က ``သင်တို့သည်တရားဥပဒေရှိ သည်ထက်ပို၍ အခွန်အကောက်မခွဲမခံကြ နှင့်'' ဟုပြန်ပြော၏။
မိမိကိုယ်ကိုညီအစ်ကိုဟုဆိုလျက် ကာမ ဂုဏ်လိုက်စားသူများ၊ လောဘလွန်ကူးသူ များ၊ ရုပ်တုဆင်းတုကိုကိုးကွယ်သူများ၊ သူ တစ်ပါးအသရေကိုဖျက်သူများ၊ သေသောက် ကြူးသူများ၊ သူခိုးများဖြစ်သူတို့ကိုဆို လို၏။ ထိုလူစားမျိုးနှင့်အတူစားသောက် ခြင်းကိုပင်မပြုကြနှင့်။
သူခိုးများ၊ လောဘလွန်ကူးသူများ၊ သေ သောက်ကြူးသူများ၊ ဆဲရေးတိုင်းထွာသူများ နှင့်လုယက်တိုက်ခိုက်သူများသည် ဘုရား သခင်၏နိုင်ငံတော်သားဖြစ်ကြရလိမ့်မည် မဟုတ်။-
တရားစီရင်ရာတွင်မတရားသဖြင့်စီရင် ခြင်း၊ မျက်နှာလိုက်ခြင်းမပြုလုပ်ရ။ တံစိုး လက်ဆောင်ကိုလည်းလက်မခံရ။ တံစိုးလက် ဆောင်သည်ပညာရှိနှင့်ဖြောင့်မတ်သူတို့၏ မျက်စိကိုဖုံးကွယ်စေ၍ မှားယွင်းစွာအဆုံး အဖြတ်ချမှတ်စေတတ်၏။-
``သင်သည်ဣသရေလအမျိုးသားချင်း တစ်ဦးအား ငွေ၊ စားစရာသို့မဟုတ်ပစ္စည်း တစ်ခုခုကိုချေးငှားသောအခါအတိုး မယူရ။-
`` `အပြစ်မဲ့သူအားသတ်သူသည် ဘုရားသခင် ၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
သူတို့သည်တန်ခိုးကြီးသည့်ကယ်တင်ရှင်၊ မိမိတို့ကိုဖြစ်ပွားစေတော်မူသောဘုရားသခင်ကို မေ့လျော့ကြ၏။
သေသောက်ကြူးသူမဖြစ်စေရ။ သူသည် ကြမ်းတမ်းသူမဟုတ်ဘဲနူးညံ့သိမ်မွေ့သူ၊ ငြိမ်းချမ်းမှုကိုလိုလားသူဖြစ်ရမည်။ ငွေ ကိုခုံမင်တပ်မက်သူမဖြစ်ရ။-
သူတို့သည်အမင်္ဂလာရှိပါသည်တကား။ သူ တို့သည်ကာဣန၏လမ်းစဉ်ကိုလိုက်ကြလေ ကုန်ပြီ။ ငွေကိုစုံမက်သဖြင့်ဗာလမ်၏အမှား မျိုးကိုပြုကြလေကုန်ပြီ။ ကောရကဲ့သို့ တော်လှန်ပုန်ကန်ကြသဖြင့် ဆုံးရှုံးပျက်စီး ကြကုန်၏။-