ဝတ်ပြု 25:37 - Common Language Bible37 သူ့အားချေးငွေအပေါ်တွင်အတိုးမယူရ။ အစားအစာကိုအမြတ်တင်၍သူ့အား မရောင်းရ။- အခန်းကိုကြည့်ပါ။Garrad Bible37 အ တိုး စား၍ ငွေ ကို လည်း ကောင်း၊ အ မြတ် စား၍ ရိ က္ခာ ကို လည်း ကောင်း မ ပေး အပ်။ အခန်းကိုကြည့်ပါ။Judson Bible37 အတိုးအပွားကိုမျှော်လင့်၍ ငွေကိုလည်းကောင်း၊ စားစရာကိုလည်းကောင်း သူ၌မချေးမငှားရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း37 သင်၏ငွေကို သူ့အား အတိုးဖြင့် မချေးရ။ သင်၏အစားအစာကိုလည်း သူ့အား အမြတ်ဖြင့် မရောင်းရ။ အခန်းကိုကြည့်ပါ။ |
ငါသည်ပျော်ရွှင်မှုကင်းမဲ့သူဖြစ်ပါသည် တကား။ ငါ၏အမိသည်အဘယ်ကြောင့်ငါ့အား ဤလောကထဲသို့မွေးထုတ်ပါသနည်း။ ဤပြည် တွင်ရှိသမျှသောသူတို့နှင့်ငါသည်စကား များရငြင်းခုံရပါ၏။ ငါသည်သူတစ်ပါး တို့အားလည်းကောင်း၊ သူတစ်ပါးတို့ထံမှ လည်းကောင်းငွေကြေးမချေးငှားခဲ့။ သို့ ပါလျက်လူအပေါင်းတို့သည်ငါ့အား ကျိန်ဆဲကြပါ၏။-
သင့်အထဲ၌သင်၏လူအချို့တို့သည်ကြေး စားလူသတ်သမားများဖြစ်ကြ၏။ အချို့ မှာမိမိတို့ဣသရေလအမျိုးသားများ အားငွေချေး၍ အတိုးကိုယူကာမိမိတို့ ကိုယ်ကိုကြွယ်ဝချမ်းသာစေကြ၏။ သူတို့ သည်ငါ့အားမေ့လျော့သွားကြလေကုန် ပြီ'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာ ဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။