နေခေါမင်းသည်ယောရှ၏သားတော်ဧလျာကိမ် အား ယောယကိမ်ဟူသောနာမည်သစ်ကိုပေး၍ ခမည်းတော်၏အရိုက်အရာ၌နန်းတင်လေ သည်။ ယောခတ်ကိုမူအီဂျစ်ပြည်သို့ခေါ်ဆောင် သွား၏။ ယောခတ်သည်ထိုပြည်၌ပင်ကွယ်လွန် လေသည်။
ယေဇကျေလ 19:3 - Common Language Bible သားကောင်များဖမ်းသည့်အတတ်ကို သင်ကြားပေးသဖြင့်၊ ခြင်္သေ့ငယ်တစ်ကောင်သည်သန်စွမ်းလာ၍ လူသားစားခြင်္သေ့ဖြစ်လာလေသည်။ Garrad Bible မွေး မြူ သော သား ငယ် တစ် ကောင် သည်၊ ခြင်္သေ့ ပျို အ ရွယ် ရောက် သော်၊ အ မဲ လိုက် တတ် သည့် ပြင်၊ လူ တို့ ကို ကိုက် စား လေ့ ရှိ သည် ကို၊ Judson Bible ကျွေးမွေးသော သားတစ်ကောင်သည် ခြင်္သေ့ပျိုဖြစ်၍၊ တောတိရစ္ဆာန်တို့ကို ဖမ်းဆီးခြင်းငှာ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း သူကျွေးမွေးသောသားပေါက်တို့ထဲမှ တစ်ကောင်သည် သန်စွမ်းသောခြင်္သေ့ပျိုဖြစ်လာ၍ သားကောင်ကိုကိုက်ဖြတ်ရန် သင်ယူ၍ လူတို့ကိုပင် ကိုက်စားဝါးမျိုတတ်လာ၏။ |
နေခေါမင်းသည်ယောရှ၏သားတော်ဧလျာကိမ် အား ယောယကိမ်ဟူသောနာမည်သစ်ကိုပေး၍ ခမည်းတော်၏အရိုက်အရာ၌နန်းတင်လေ သည်။ ယောခတ်ကိုမူအီဂျစ်ပြည်သို့ခေါ်ဆောင် သွား၏။ ယောခတ်သည်ထိုပြည်၌ပင်ကွယ်လွန် လေသည်။
သင့်အမိသည်ခြင်္သေ့မပီသပါပေသည်။ သူသည်ငယ်ရွယ်သောခြင်္သေ့ဖိုတို့ကြားတွင် သားငယ်များကိုကြီးပြင်းအောင်ကျွေးမွေး စောင့်ရှောက်၏။
လူမျိုးတကာတို့သည်သူ၏အကြောင်းကို ကြားသောအခါ တွင်းဖြင့်ထောင်၍ဖမ်းပြီးလျှင်နှာဖားကြိုး ထိုးလျက် အီဂျစ်ပြည်သို့ဆွဲငင်သွားကြ၏။
သူသည်အရွယ်ရောက်၍သန်စွမ်းသောအခါ၊ အခြားခြင်္သေ့များနှင့်အတူအစာရှာရန် လှည့်လည်လျက်၊ သားကောင်ဖမ်းသည့်အတတ်ကိုသင်ယူ ကာ လူသားစားခြင်္သေ့ဖြစ်လာ၏။
သူတို့၏ခေါင်းဆောင်များထဲတွင်ပူးပေါင်း ကြံစည်မှုရှိ၏။ သူတို့သည်သားကောင်များ ကိုကိုက်သတ်ဆွဲဖြတ်ပြီးနောက် ဟောက်နေ သောခြင်္သေ့များနှင့်တူကြ၏။ သူတို့သည် လူများကိုသတ်၍ရနိုင်သမျှသောငွေ နှင့်ဥစ္စာပစ္စည်းတို့ကိုယူကြ၏။ ယင်းသို့သတ် ဖြတ်မှုဖြင့်သူတို့သည်အမျိုးသမီးမြောက် မြားစွာကိုမုဆိုးမဘဝသို့ရောက်စေ ကြ၏။-
ကိုယ်တော်က``အီဂျစ်ဘုရင်အားကြပ်တည်း စွာသတိပေးရမည်မှာသင်သည်လူမျိုး တကာတွင်ခြင်္သေ့ကဲ့သို့ပြုကျင့်တတ်သော် လည်း တဗွမ်းဗွမ်းဖြင့်မြစ်ထဲ၌လှုပ်ရှား သည့်မိချောင်းနှင့်ပို၍တူ၏။ သင်၏ခြေဖြင့် မြစ်ရေကိုနောက်ကျိစေရန်မွှေနှောက်၏။-
ဘုရင်မင်းတို့သည်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြ၏။ သူတို့၏ဘုန်းအသရေကားကွယ်ပျောက် သွားလေပြီ။ ခြင်္သေ့များ၏ဟောက်သံကိုနားထောင် ကြလော့။ သူတို့ခိုအောင်းရာယော်ဒန်မြစ်ဝှမ်းရှိ သစ်တောသည်ကားပျက်ပြုန်း၍သွားလေပြီ။
ဒန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲဆိုလေသည်။ ``ဒန်အနွယ်သည်ခြင်္သေ့ပျိုဖြစ်၍ဗာရှန်ပြည်မှ ခုန်ပေါက်၍ထွက်လာ၏။''