ယေဇကျေလ 22:25 - Common Language Bible25 သူတို့၏ခေါင်းဆောင်များထဲတွင်ပူးပေါင်း ကြံစည်မှုရှိ၏။ သူတို့သည်သားကောင်များ ကိုကိုက်သတ်ဆွဲဖြတ်ပြီးနောက် ဟောက်နေ သောခြင်္သေ့များနှင့်တူကြ၏။ သူတို့သည် လူများကိုသတ်၍ရနိုင်သမျှသောငွေ နှင့်ဥစ္စာပစ္စည်းတို့ကိုယူကြ၏။ ယင်းသို့သတ် ဖြတ်မှုဖြင့်သူတို့သည်အမျိုးသမီးမြောက် မြားစွာကိုမုဆိုးမဘဝသို့ရောက်စေ ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible25 ပြည် ရှိ ပ ရော ဖက် အ သင်း အ ပင်း တို့ သည်၊ အ မဲ လိုက်၍ ဟိန်း ဟောက် သော ခြင်္သေ့ သ ဖွယ်၊ လူ တို့ ကို ကိုက် စား ခြင်း၊ အ ဖိုး ထိုက် သော ဘ ဏ္ဍာ များ ကို လု ယူ ခြင်း၊ မု ဆိုး မ များ ပြား စေ ခြင်း ကို ပြု ကြ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible25 ထိုပြည်အလယ်၌ ပရောဖက်တို့သည် သင်းဖွဲ့ခြင်းကို ပြုကြပြီ။ ဟောက်၍ အကောင်ကိုကိုက်ဖြတ်သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ၏။ ဘဏ္ဍာများနှင့် အဖိုးထိုက်သောဥစ္စာများကို လုယူကြ၏။ ပြည်အလယ်၌ မုဆိုးမတို့ကို များပြားစေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ထိုမြို့တွင် ပရောဖက်တို့သည် လျှို့ဝှက်ကြံစည်၍ သားကောင်ကိုဟိန်းဟောက်ကိုက်ဖဲ့သည့်ခြင်္သေ့ကဲ့သို့ လူတို့ကိုဝါးမျို၍ သူတို့၏ဥစ္စာရတနာများကို ယူကြ၏။ ထိုမြို့တွင် မိန်းမအမြောက်အမြားကို မုဆိုးမဘဝသို့ရောက်စေ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်သင်တို့၏အမျိုးသမီးများအား မုဆိုးမဖြစ်လျက် အရေအတွက်အားဖြင့်ပင်လယ်ကမ်းခြေ သဲလုံးမကများလေပြီ။ ငါသည်ငယ်ရွယ်သူတို့အားမွန်းတည့်ချိန်၌ သုတ်သင်ခြင်းဖြင့် သူတို့၏မိခင်များပူဆွေးရကြသည်။ သူတို့သည်ရုတ်တရက်ထိတ်လန့်တုန်လှုပ်ကာ ပူပင်သောကရောက်ရကြလေပြီ။
သို့ရာတွင် အို ထာဝရဘုရား၊ ယခုအခါ၌ သူတို့၏သားသမီးများအားအစာရေစာ ငတ်လျက်သေစေတော်မူပါ။ သူတို့အားစစ် ပွဲတွင်ကျဆုံးစေတော်မူပါ။ အမျိုးသမီး တို့အားမိမိတို့ခင်ပွန်းများနှင့်သားသမီး များကိုဆုံးရှုံးစေတော်မူပါ။ အမျိုးသား တို့အားသေစေတော်မူ၍ လူငယ်လူရွယ်တို့ အားစစ်ပွဲတွင်ကျဆုံးစေတော်မူပါ။-
သို့ရာတွင်ယေရုရှလင်မြို့မှပရောဖက်များကမူ ထိုသူတို့ထက်ပင်ပို၍ဆိုးရွားစွာပြုကျင့်ကြ သည်ကို တွေ့မြင်ရ၏။ သူတို့သည်သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မုသားကိုပြောဆိုကြ၏။ သူတို့ကလူတို့အားအမှားကိုပြုကျင့်ရန် အားပေးကူညီကြသဖြင့် အဘယ်သူမျှမိမိပြုသည့်မကောင်းမှုများ ကို မရပ်စဲကြတော့ပေ။ ထိုသူအပေါင်းတို့သည်သောဒုံမြို့သား များနှင့်တူကြ၏။ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သူမြို့သားများကဲ့သို့ပင် ဆိုးညစ်ယုတ်မာကြ၏'' ဟုမိန့်တော်မူ၏။
မုယောဆန်လက်ဆုပ်အနည်းငယ်နှင့်မုန့် အနည်းငယ်ရရန်အတွက် ငါ၏လူမျိုး တော်ရှေ့တွင်ငါ့အားရှုတ်ချကြ၏။ သင် တို့သည်မသေထိုက်သူတို့ကိုသတ်၍ သေ ထိုက်သူတို့ကိုမူအသက်ချမ်းသာပေးကြ ၏။ သို့ဖြစ်၍သင်တို့သည်ငါ၏လူမျိုး တော်အားလိမ်လည်ပြောကြ၏။ သူတို့ ကလည်းယုံကြ၏'' ဟူ၍တည်း။
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏သိုးထိန်းတို့အားရှုတ် ချလော့။ သူတို့အားငါအရှင်ထာဝရ ဘုရားထံတော်မှဗျာဒိတ်တော်ကိုဆင့်ဆို ရမည်မှာ အချင်းဣသရေလအမျိုးသား များ၏သိုးထိန်းတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်မိမိတို့ကိုယ်ကို ကျွေးမွေးပြုစုကြသော်လည်းသိုးများ ကိုမူမစောင့်ထိန်းကြ။-