Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 19:6 - Common Language Bible

6 သူ​သည်​အ​ရွယ်​ရောက်​၍​သန်​စွမ်း​သော​အ​ခါ၊ အ​ခြား​ခြင်္သေ့​များ​နှင့်​အ​တူ​အ​စာ​ရှာ​ရန် လှည့်​လည်​လျက်၊ သား​ကောင်​ဖမ်း​သည့်​အ​တတ်​ကို​သင်​ယူ ကာ လူ​သား​စား​ခြင်္သေ့​ဖြစ်​လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ခြင်္သေ့ ပျို အ ရွယ် ရောက် မွေး မြူ၍၊ ခြင်္သေ့ တို့ အ လယ် တွင် သွား လာ လျက် ခြင်္သေ့ ပျို အ ရွယ် ရောက် သော ထို သား ငယ် လည်း၊ အ မဲ လိုက် တတ် သည့် ပြင်၊ လူ တို့ ကို ကိုက် စား ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သူ​သည်​လည်း၊ ခြင်္သေ့​တို့​နှင့်​ပေါင်း​ဖော်၍ ခြင်္သေ့​ပျို​ဖြစ်​လျက်၊ တော​တိ​ရ​စ္ဆာန်​တို့​ကို ဖမ်း​ဆီး​ခြင်း​ငှာ၊ သင်၏​လူ​တို့​ကို​လည်း ကိုက်​စား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို​သားပေါက်​သည် ခြင်္သေ့​များ​ကြား​တွင် သွားလာ​နေထိုင်​ရင်း သန်စွမ်း​သော​ခြင်္သေ့ပျို​ဖြစ်လာ​ပြီး သားကောင်​ကို​ကိုက်ဖြတ်​စားသောက်​သော​အတတ်​ကို သင်ယူ​၍ လူ​ကို​ပါ ကိုက်စား​ဝါးမျို​တတ်​လာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 19:6
10 ပူးပေါင်းရင်းမြစ်များ  

ယေ​ခေါ​နိ​သည်​မိ​မိ​ခ​မည်း​တော်​၏​လမ်း စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ် မှား​၏။-


ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ် ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့်​တစ်​နှစ် နန်း​စံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၏။-


ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ ရ​လေ​သည်။ သူ​သည်​လည်း​ထာ​ဝရ​ဘု​ရား ကို​ပြစ်​မှား​၏။-


ခြင်္သေ့​မ​သည်​မိ​မိ​၏​မျှော်​လင့်​ချက်​များ​မ​ရှိ တော့​ဘဲ မျှော်​မှန်း​ချက်​များ​ကုန်​ဆုံး​သည်​ကို သိ​မြင်​သော​အ​ခါ အ​ခြား​သား​ငယ်​တစ်​ကောင်​ကို​ကြီး​ပြင်း​အောင် ကျွေး​မွေး​စောင့်​ရှောက်​ပြန်​၏။ ထို​သား​ငယ်​သည်​လည်း ကြောက်​မက်​ဖွယ်​ကောင်း​သော​ခြင်္သေ့ ဖြစ်​လာ​လေ​သည်။


သူ​သည်​ခံ​တပ်​များ​ကို​ဖြို​ချ​၍​မြို့​တို့​ကို ဖျက်​ဆီး​နေ​၏။ သူ​ဟောက်​လိုက်​သည့်​အ​ခါ​တိုင်း၊ ပြည်​သူ​ပြည်​သား​တို့​သည်​ကြောက်​လန့်​တုန်​လှုပ် ကြ​၏။


အား​နည်း​သော​သိုး​တို့​ကို​မ​ကြည့်​ရှု။ နာ ဖျား​သော​သိုး​တို့​ကို​လည်း​ဆေး​မ​ကု။ ဒဏ် ရာ​ရ​သော​သိုး​တို့​ကို​အ​ဝတ်​နှင့်​မ​စည်း။ လမ်း​မှား​သည့်​သိုး​တို့​ကို​ပြန်​၍​မ​စု​သိမ်း။ ပျောက်​သော​သိုး​တို့​ကို​လည်း​မ​ရှာ​ဘဲ​သင် တို့​သည်​ထို​သိုး​တို့​ကို​မ​ညှာ​မ​တာ​ပြု​မူ ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ