သို့သော်အရွက်အသီးများဖြင့်လှပဝေ ဆာသောစပျစ်ပင်ဖြစ်လာစေရန် ယင်းကို ရေအလုံအလောက်ရှိသည့်မြေကောင်း မြေသန့်၌စိုက်ပျိုးထားခဲ့ပြီးဖြစ်သည်။
အ သီး သီး သော စ ပျစ် ပင် မြတ် ဖြစ် စေ ခြင်း ငှာ၊ ရေ များ ရာ မြေ ကောင်း၌ စိုက် ပျိုး ခဲ့ သော စ ပျစ် ပင် သည်၊ စိုက် ပျိုး ရာ အ ခင်း များ မှ၊ ထို ရွှေ လင်း တ ဖက် သို့၊ ရေ ကို ခင် မင်၍ အ မြစ် နှင့် အ ခက် အ လက် များ ညွှတ် ယိမ်း လေ ပြီ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှာ ရေများရာအရပ်၊ မြေကောင်းသောလယ်ကွက်၌ ထိုအပင်ကို စိုက်လေပြီ။
ထိုစပျစ်နွယ်ပင်သည် အကိုင်းဖြာထွက်လျက်၊ အသီးသီးလျက် ဝေဝေဆာဆာဖြစ်လာစေရန် မြေသြဇာကောင်း၍ ရေဝသောမြေပေါ်တွင် စိုက်ထားနှင့်ပြီးဖြစ်၏ဟု မိန့်တော်မူ၏။
``ထိုအရပ်တွင်အခြားလင်းယုန်ငှက်ကြီး တစ်ကောင်ရှိ၏။ သူ၏အတောင်များသည် သန်မာ၍ အမွေးတို့သည်လည်းထူထပ်၏။ စပျစ်ပင်သည်ယခုမိမိတည်ရာဥယျာဉ် မှနေ၍ ရေများကိုပိုရနိုင်လိမ့်မည်ဟု မျှော်လင့်ကာ သူ၏ဘက်သို့အမြစ်များကို ထိုးစေ၍အရွက်များကိုလည်းမျက်နှာ မူစေ၏။-
``သို့ဖြစ်၍ဤစပျစ်ပင်သည်ဆက်လက်၍ ရှင်သန်နိုင်မည်လော။ ထိုအပင်ကိုအမြစ်မှ ဆွဲနုတ်ပြီးလျှင် စပျစ်သီးများကိုချွေကာ အကိုင်းသစ်တို့ကိုလည်းချိုး၍ ညှိုးနွမ်း ခြောက်သွေ့သွားစေမည်မဟုတ်လော။ ထို အပင်ကိုနုတ်ပစ်ရန်ခွန်အားများစွာရှိရန် လူအလုံးအရင်းကိုလိုလိမ့်မည်မဟုတ် ဟုငါအရှင်ထာဝရဘုရားမိန့်တော် မူ၏။-
ရေကိုကောင်းစွာရရှိသဖြင့်အပင်ကြီး ထွားလာနိုင်၏။ မြေအောက်စမ်းများမှလည်းရေကိုရရှိ၏။ ထိုမြစ်တို့သည်အာရစ်ပင်ပေါက်ရာအရပ်သို့ စီးပြီးလျှင် သစ်တောထဲရှိအခြားသောအပင်များသို့ ချောင်းများဖြင့်ရေကိုပို့ဆောင်ပေး၏။