ထိုနောက်နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန် ရှိနေသေးသူများ၊ ကြွင်းကျန်သောအတတ် ပညာသည်များနှင့် ဗာဗုလုန်ဘုရင်ဘက်သို့ ကူးဝင်လာသူများအားဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။-
ယေဇကျေလ 17:21 - Common Language Bible ထွက်ပြေးသောသူ၏စစ်သည်တော်များသည် စစ်ပွဲ၌ကျဆုံးကြလိမ့်မည်။ ကြွင်းကျန်သော သူတို့သည်လည်းအရပ်ရပ်သို့ကွဲလွင့်ကုန် ကြလိမ့်မည်။ ထိုအခါငါထာဝရဘုရား မိန့်တော်မူခဲ့ကြောင်းကို သင်တို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ထွက် ပြေး သူ တပ် သား အ ပေါင်း တို့ လည်း၊ ဓား ဖြင့် ကျ ဆုံး ကြ ရာ၊ ကြွင်း ကျန် သူ တို့ ပင် အ ရပ် လေး မျက် နှာ လေ၌ ကွဲ လွင့် သ ဖြင့်၊ ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး ခဲ့ ကြောင်း၊ သင် တို့ သိ ရ ကြ လ တ္တံ့ ဟု၊ အ သက် တော် ကို တိုင် တည်၍ မိန့် ဆို၏။ Judson Bible သူ့ထံမှပြေးသောသူများနှင့် သူရဲများအပေါင်းတို့သည် ဓားဖြင့် ဆုံးခြင်းသို့ရောက်၍၊ ကျန်ကြွင်းသော သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည်။ ငါထာဝရဘုရားမိန့်တော်မူသည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထွက်ပြေးသောစစ်သည်အပေါင်းတို့သည် ဓားဖြင့်သေကြရလိမ့်မည်။ ကြွင်းကျန်သောသူတို့သည်လည်း လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်ကြရလိမ့်မည်။ ထိုသို့ ငါထာဝရဘုရားမိန့်ဆိုခဲ့ကြောင်း သင်တို့သိကြရလိမ့်မည်’ဟု မိန့်တော်မူ၏။ |
ထိုနောက်နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန် ရှိနေသေးသူများ၊ ကြွင်းကျန်သောအတတ် ပညာသည်များနှင့် ဗာဗုလုန်ဘုရင်ဘက်သို့ ကူးဝင်လာသူများအားဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။-
သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့သည် ဇေဒကိမင်းကိုလိုက်၍ဖမ်းကြရာ ယေရိခေါ မြို့အနီးရှိလွင်ပြင်တွင်မိလေသည်။ ဇေဒကိ ၏စစ်သူရဲအပေါင်းတို့သည်ကားမိမိတို့ အရှင်ကိုစွန့်၍ထွက်ပြေးကြ၏။-
ရန်သူများသည်မိမိတို့အား၊ ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။ အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ ဒုက္ခရောက်စေတော်မူပါ။ ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အား အဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။
ထိတ်လန့်ဖွယ်ရာကောင်းသည့်အရာမှလွတ် မြောက်ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှတက်၍လာသောသူ သည်လည်းထောင်ချောက်များတွင်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်မောဘပြည်ကိုသုတ် သင်ဖျက်ဆီးရန်အချိန်ကိုငါသတ်မှတ် ထားပြီးဖြစ်သောကြောင့်တည်း။-
သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့ သည်ဇေဒကိမင်းကိုလိုက်လံဖမ်းဆီးကြ ရာ ယေရိခေါမြို့အနီးရှိလွင်ပြင်တွင်မိ လေသည်။ ဇေဒကိ၏စစ်သူရဲအပေါင်းတို့ သည်သူ့အားစွန့်ပစ်၍ထွက်ပြေးကြ၏။-
ငါသည်သူ၏မှူးမတ်များ၊ အကြံပေးအရာ ရှိများနှင့်ကိုယ်ရံတော်တပ်သားများအား အရပ်တကာသို့ပျံ့လွင့်သွားစေမည်။ လူ တို့သည်သူတို့ကိုဋ္ဌားဖြင့်သတ်ဖြတ်ရန် လိုက်လံရှာဖွေကြလိမ့်မည်။
အုတ်မြစ်များအတိုင်းသားပေါ်လာစေ ရန်ရည်ရွယ်လျက် ငါသည်ပရောဖက်တို့ ထုံးသုတ်ထားသည့်မြို့ရိုးကိုဖြိုချချိုး ဖဲ့မည်။ မြို့ရိုးပြိုကျသောအခါ သင်တို့ သည်ပိ၍သေကြလိမ့်မည်။ ထိုအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။''
သို့ဖြစ်၍ သင်တို့သည်သင်တို့၏ဗျာဒိတ် ရူပါရုံအတုများကိုမြင်ရတော့မည် မဟုတ်။ မှောက်မှားလမ်းလွဲမှုကိုဖြစ်စေ သည့်ဗျာဒိတ်စကားများကိုဟောရတော့ မည်မဟုတ်။ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်း သင်တို့သိရှိစေရန်ငါ ၏လူမျိုးတော်အားသင်တို့လက်မှ ငါကယ်ဆယ်မည်'' ဟူ၍တည်း။
အပြစ်ဒဏ်ခတ်မည်။ သူတို့သည်မီးဘေး တစ်ခုမှလွတ်မြောက်ခဲ့ကြသော်လည်း ယခု အခါ၌အခြားမီးဘေးတစ်ခုသင့်ကြ လိမ့်မည်။ ထိုသူတို့အပြစ်ဒဏ်ခံရကြ သောအခါ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။-
ထို့ကြောင့်ယေရုရှလင်မြို့ရှိမိဘသည်သား သမီးတို့ကိုစားကြလိမ့်မည်။ သားသမီး တို့သည်လည်းမိဘတို့ကိုစားကြလိမ့်မည်။ သင်တို့အနက်အသက်မသေဘဲကျန်ရစ် သူတို့ကိုလည်း ငါသည်အပြစ်ဒဏ်ခတ် လျက်အရပ်တကာသို့ပျံ့လွင့်စေမည်။''
သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။
``သင်သည်ငါစိတ်မပြေမချင်းငါ၏ အမျက်ဒေါသဒဏ်ကိုအပြည့်အဝခံ ရလိမ့်မည်။ ငါထာဝရဘုရားသည်သင်၏ သစ္စာမဲ့မှုအတွက်အမျက်ထွက်လျက် ဤ သို့မိန့်တော်မူကြောင်းကို သင်သည်ဤအမှု အရာများဖြစ်ပျက်ချိန်၌သိရှိနားလည် လိမ့်မည်။-
တစ်စုကိုယေရုရှလင်မြို့ကိုဝိုင်းရံထား သည့်ကာလကုန်ဆုံးချိန်၌မြို့ထဲမှာမီးရှို့ လော့။ အခြားတစ်စုကိုယူ၍ မြို့ထဲ၌လှည့် လည်ကာဋ္ဌားဖြင့်အပိုင်းပိုင်းဖြတ်လော့။ ကျန်တစ်စုကိုလေထဲသို့လွှင့်လော့။ ငါ သည်ထိုအစုကိုလိုက်၍ဋ္ဌားဖြင့်တိုက် ခိုက်မည်။-
ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ ငါကြိုတင်သတိပေးချက်များသည် အချည်းနှီးကြုံးဝါးချက်များမဟုတ် ကြောင်းကိုလည်းကောင်း သူတို့သိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
နေရာတကာတွင်လူတို့သည်အသတ်ခံရ ကြလိမ့်မည်။ ဤသည်ကားငါသည်ထာဝရ ဘုရားဖြစ်ကြောင်းသိရကြလိမ့်မည်။
ယဇ်ပလ္လင်အနီး၌ရပ်နေတော်မူသောထာဝရ ဘုရားကိုငါတွေ့ရ၏။ ကိုယ်တော်ရှင်က``ဗိမာန် တော်တစ်ခုလုံးကိုသိမ့်သိမ့်တုန်သွားစေရန် ဗိမာန်တော်တိုင်၏ထိပ်ဖျားကိုရိုက်ချိုးလော့။ ထိုအရာတို့ကိုချိုး၍လူတို့၏ခေါင်းပေါ် သို့ကျစေလော့။ ကျန်ရစ်သူများကိုစစ်ပွဲ၌ ငါကွပ်မျက်မည်။ မည်သူမျှလွတ်မည်မဟုတ်။ မည်သူတစ်ဦးမျှပြေးမလွတ်နိုင်။-